NSW မှာ ဌာနေတိုင်းရင်းသားတွေကို ကာကွယ်ဆေးထိုးပေးဖို့ တိုးမြင့်လုပ်ဆောင်၊ Victoria မှာCOVID-19 ကူးစက်မှုနှုန်း စံချိန်တင်များပြား

ဒါကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အနေအထား ဖြစ်ပါတယ်။

Sydney Indigenous COVID vaccination

Australian Wiradjuri elder and Indigenous rights activist Aunty Jenny Munro gestures after receiving a Covid-19 vaccine at a pop-up vaccination clinic... Source: AAP/Dan Himbrechts

  • NSW မှာ ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းက လူတွေကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ တိုးမြင့်လုပ်ဆောင်နေ
  • မဲလ်ဘုန်းမှာ အများပြည်သူသုံး ယာဉ်တွေကို ၆ နာရီကြာ ရပ်ဆိုင်းထားခဲ့
  • ကွင်းစလန်းပြည်နယ်မှာ ကာကွယ်ဆေး နှစ်ချောင်း ထိုးပြီးသူဦးရေ ၄၀% ကျော်ရှိပြီ

 

New South Wales

NSW ပြည်နယ်မှာ ဒီကနေ့ ရောဂါကူးစက်သူ ၁၃၃၁ ဦးရှိပြီး လူ ၆ ယောက်လည်း သေဆုံးခဲ့ရပါတယ်။ အခုလောလောဆယ် ကိုဗစ်-၁၉ ရောဂါနဲ့ ဆေးရုံတင်ထားရသူ ၁၂၁၉ ဦး ရှိပါတယ်။

NSW ကျန်းမာရေးဌာနက Dr Jeremy McAnulty ရဲ့ အဆိုအရ ပြည်နယ်အတွင်းက လူဦးရေ ၈၁.၂% ကာကွယ်ဆေး တစ်ချောင်း ထိုးပြီးကြပြီလို့ ပြောဆိုလိုက်ပြီး လူပေါင်း ၅၀.၆% က နှစ်ချောင်းလုံး ထိုးပြီးသွားပြီလို့ ပြောပါတယ်။

New South Wales ကျန်းမာရေးဌာနက ဒီသတင်းပတ်ကုန်အတွင်း ဌာနေတိုင်းရင်းသားတွေကို ကိုဗစ် ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ အရှိန်တိုးမြင့် လုပ်ဆောင်နေပါတယ်။ အသက် ၁၂ နဲ့အထက် ရှိသူ ဌာနေတိုင်းရင်းသားတွေကို ဆေးခန်းတွေမှာ ကာကွယ်ဆေးတွေကို ဦးစားပေးထိုးပေးတာမျိုး လုပ်ဆောင်နေပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Victoria

Victoria မှာ ဒီကနေ့ ကူးစက်သူ ၅၃၅ ဦးရှိပြီး တစ်ဦး သေဆုံးခဲ့ရပါတယ်။ ကူးစက်သူတွေထဲက ၆၂ ဦးသာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှုရှိနေတာ ဖြစ်ပါတယ်။

လော့ခ်ဒေါင်းချမှတ်တာကို ဆန့်ကျင်တဲ့လူတွေ မြို့လယ်မှာ အများအပြား စုရုံးဆန္ဒပြမှာ စိုးရိမ်တဲ့အတွက် မဲလ်ဘုန်းမြို့မှာ အများသုံးယာဉ် ပြေးဆွဲမှုကို မနက် ၈ နာရီကနေ ညနေ ၂ နာရီအထိ ၆ နာရီကြာ ရပ်တန့်ထားခဲ့ပါတယ်။ အဲဒီအချိန်အတွင်း မဖြစ်မနေ အလုပ်လုပ်ရမယ့် လူတွေနဲ့ ကာကွယ်ဆေးထိုးကြမယ့် လူတွေကိုသာ အများသုံးယာဉ်ကို အသုံးပြုခွင့်ပေးထားတာ ဖြစ်ပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျတခွင် အခြေအနေ

  • ACT မှာ ဒီကနေ့ ကူးစက်သူ ၁၅ ဦးရှိပြီး အနည်းဆုံး ၇ ဦးဟာ ရောဂါရှိနေတဲ့ ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ဖူးကြသူတွေ ဖြစ်ပါတယ်။
  • Queensland ပြည်နယ်မှာ ကာကွယ်ဆေးထိုးနိုင်သူ လူဦးရေ ၄၀.၅၄% က ကာကွယ်ဆေး နှစ်ချောင်းလုံးကို ထိုးပြီးသွားကြပြီ ဖြစ်ပါတယ်။
  • Moderna အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ သြစတြေးလျနိုင်ငံထဲ ရောက်လာနေပြီး ဒီသတင်းပတ်ကုန်ကစပြီး ဆေးအခုပေါင်း တစ်သန်း ဝင်ရောက်လာဖို့ ရှိပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory


Share

2 min read

Published

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now