- NSW မှာ ကာကွယ်ဆေး အပြည့်အဝထိုးထားသူတွေအတွက် နိုဝင်ဘာလ ၁ ရက်နောက်ပိုင်း ကွာရန်တင်းဝင်စရာမလိုဘူးလို့ဆို
- Victoria ကလည်း ကာကွယ်ဆေး အပြည့်အဝထိုးထားတဲ့ NSW က လူတွေကို ကွာရန်တင်းဝင်စရာမလိုအောင် ဖြေလျှော့ပေး
- NSW မှာ နိုဝင်ဘာလ ၁ ရက်နောက်ပိုင်းမှ နယ်ဒေသတွေမှာ သွားလာလို့ရမယ်
NSW
New South Wales ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၃၉ ၉ ဦးရှိပြီး ၃ ဦး သေဆုံးခဲ့ရပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Dominic Perrottet က ပြည်နယ်လူဦးရေ ၈၀% ကာကွယ်ဆေးထိုးပြီးတဲ့နောက် တနင်္လာနေ့ကြရင် တင်းကြပ်မှု တချို့ထပ်မံလျှော့ချပေးဖို့ရှိပါတယ်။
ကာကွယ်ဆေးထိုးတဲ့နှုန်း မြင့်မားတဲ့အတွက် ပြည်ပကလူတွေ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးရင် နိုဝင်ဘာလ ၁ ရက်နောက်ပိုင်း နိုင်ငံတကာကနေ ရောက်လာသူတွေအနေနဲ့ ဟိုတယ်ကွာရန်တင်းနဲ့ အိမ်ကွာရန်တင်းဝင်စရာ မလိုဘူးလို့ ပြောပါတယ်။
လေယာဉ်ပေါ်မတက်ခင်မှာ PCR test လုပ်ရမှာဖြစ်ပြီး ရောဂါမရှိကြောင်း ပြသရမှာဖြစ်သလို သြစတြေးလျနိုင်ငံကို ရောက်လာတဲ့အခါမှာ ရောဂါရှိမရှိ စစ်ဆေးမှာ ဖြစ်ပါတယ်။ ထိုးထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားက TGA ကနေ အသိအမှတ်ပြုထားတဲ့ ဆေးတွေဖြစ်ရမှာ ဖြစ်ပါတယ်။ ပြည်ပကနေ ပြန်လာချင်တဲ့ သြစတြေးလျနိုင်ငံသားတွေကို ဦးစားပေးမှာ ဖြစ်ပါတယ်။
တနင်္လာနေ့ကစပြီး နေအိမ်မှာ လူ အယောက် ၂၀ အထိ လက်ခံခွင့်ရှိပြီး အဆောက်အဦးပြင်ပမှာ အယောက် ၅၀ အထိ စုဝေးနိုင်ပါတယ်။
နယ်ဒေသသွားလာရေးကိုတော့ နိုဝင်ဘာလ ၁ ရက်နေ့အထိ ဆိုင်းငံ့ထားပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
VICTORIA
Victoria ပြည်နယ်မှာတော့ လာမယ့် အင်္ဂါနေ့ကစပြီး NSW မှာ ကာကွယ်ဆေး အပြည့်အဝထိုးထားတဲ့လူတွေ ဝင်လာရင် ကွာရန်တင်းဝင်စရာ မလိုတော့ပါဘူး။
ဒီကနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်သူ ၂၁၇၉ ဦးရှိပြီး ၆ ဦး သေဆုံးခဲ့ရပါတယ်။ ပြည်နယ်အတွင်းကို ဝင်လာမယ့်လူတွေအနေနဲ့ ဝင်မလာခင် ၇၂ နာရီအလိုအတွင်း ရောဂါရှိမရှိ စစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။
မဖြစ်မနေ့ အလုပ်သွားရမယ့် အလုပ်သမားတွေ COVID-19 ကာကွယ်ဆေး မဖြစ်မနေ ထိုးဖို့လိုအပ်ပြီး အလုပ်ဆက်လုပ်ချင်ရင်အနည်းဆုံး ပထမဆုံးတစ်ချောင်းထိုးဖို့ ရက်ချိန်းယူထားကြောင်း ဒါမှမဟုတ် တစ်ချောင်းပြီးကြောင်း သက်သေပြရမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
ACT
ACT မှာ ကူးစက်သူ ၃၅ ဦးရှိပြီး အခုဆိုရင် ကူးစက်ခံရသူ စုစုပေါင်း ၁၃၉ ၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ အသက် ၇၀ ဝန်းကျင် အမျိုးသမီးတစ်ဦးလည်း သက်ကြီးစင်တာမှာ သေဆုံးခဲ့ရပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျတခွင် အခြေအနေ
နိုဝင်ဘာလ ၁ ရက်နောက်ပိုင်း COVID-19 ရှိမရှိ မိမိဖာသာ စစ်ဆေးနိုင်မယ့် စမ်းသပ်ရေးကိရိယာကို ဆေးဆိုင်တွေမှာ ရောင်းချမှာဖြစ်ပြီး မှန်ကန်မှု ၉ ၇% လောက်ရှိတဲ့ ကိရိယာတွေ ဖြစ်ကြပါတယ်။
သြစတြေးလျ စာရင်းအင်းဌာန Australian Bureau of Statistics ရဲ့ အချက်အလက်တွေအရ စက်တင်ဘာလအတွင်း လော့ခ်ဒေါင်းကြောင့် NSW, Victoria နဲ့ ACT မှာ လူပေါင်း ၁၃၈၀၀၀ ဦး အလုပ်ပြုတ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

