- NSW ပြည်နယ်ထဲက ကိုဗစ်-၁၉ မရှိတဲ့ နေရာတွေမှာ ကိုဗစ်-၁၉ ပိုး အစအနတွေ စမ်းသပ်တွေ့ရှိ
- Victoria ရဲ့ အစိုးရပိုင်ဆေးခန်းတွေမှာ AstraZeneca ကာကွယ်ဆေးအတွက် ရက်ချိန်းအခုပေါင်း ၇၀ ၀၀၀ လောက် နေရာရှိနေ
- ACT မှာ အသက် ၁၆ နှစ်ကနေ ၂၉ နှစ်ကြားရှိသူတွေ Pfizer ကာကွယ်ဆေးအတွက် ရက်ချိန်းယူဖို့ ဖွင့်လှစ်ပေး
New South Wales
NSW ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၁၁၆ ဦးရှိပြီး လူ ၄ ဦးလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးရပါတယ်။
ပြည်နယ်တလွှားက ရေဆိုးစနစ်ထဲက ရေဆိုးတွေကို ပုံမှန် စမ်းသပ်လေ့လာတဲ့အခါမှာ Thredbo, Merimbula, Port Macquarie, Dunbogan, Bonnie Hills, Warren, Molong, Tamworth နဲ့ Gunnedah မြို့နယ်တွေရဲ့ ရေဆိုးစနစ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အစအနတွေ ရှိနေတာကို စမ်းသပ်တွေ့ရှိထားပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က နိုဝင်ဘာလလောက်ကစပြီး နိုင်ငံတကာ ခရီးသွားလာရေးတွေ ပြန်လည်စတင်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေး ရက်ချိန်းယူနိုင်သလို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေ အထောက်အထားကို ဘယ်လို ရယူမလဲ ဆိုတာကိုလည်း ဒီနေရာမှာ ရယူနိုင်ပါတယ်။
Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၂၀ တိုးလာပြီး လူ ၂ ဦးလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က တင်းကြပ်မှု တချို့ကို ဖြေလျှော့ပေးလိုက်ပြီး အဲဒီအထဲမှာ အိမ်ရဲ့ ၅ ကီလိုမီတာ ပတ်ဝန်းကျင်ပဲ သွားလာရမယ့်အစား ၁၀ ကီလိုမီတာ ပတ်လည် သွားလာခွင့်ပေးမှာ ဖြစ်ပေမယ့် ပြည်နယ်လူဦးရေရဲ့ ၇၀% အနည်းဆုံး ကာကွယ်ဆေး ထိုးပြီးမှသာ ဖြေလျှော့ပေးမှာဖြစ်ပြီး အဲဒီအနေအထားက စက်တင်ဘာလ ၂၃ ရက်နေ့မှ ရောက်နိုင်မယ့် အနေအထားဖြစ်နေပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းမှာ အမှုထမ်းတွေ ၉ ၀% လောက် အနည်းဆုံး ကိုဗစ်ကာကွယ်ဆေး ပထမတစ်ချောင်း ထိုးပြီးသွားတဲ့အခါ အမှုထမ်း ၅၀% အလုပ်ပြန်ဆင်းခွင့်ရမှာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့ကစပြီး ၁၂ တန်း ကျောင်းသားတွေကို ကာကွယ်ဆေး ဦးစားပေး ထိုးပေးမှာ ဖြစ်ပါတယ်။ General Achievement Test ကိုလည်း အောက်တိုဘာလ ၅ ရက်နေ့မှာ ပြုလုပ်ဖို့ရှိပြီး ကျောင်းဖွင့်ချိန် Term 3 တစ်ခုလုံး နေအိမ်ကနေတဆင့်သာ စာသင်ယူကြရမှာ ဖြစ်ပါတယ်။
မနက်ဖြန် သန်းခေါင်ချိန်ကစပြီး ကလေးကစားကွင်းတွေ ပြန်လည်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
Australian Capital Territory
ACT မှာ ဒီကနေ့ ရောဂါကူးစက်သူ ၂၃ ဦး တိုးလာပြီး အနည်းဆုံး ၁၂ ဦးဟာ ရောဂါရှိနေတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
Canberra မှာနေထိုင်သူ အသက် ၁၆ နှစ်ကနေ ၂၉ နှစ်ရှိသူတွေအနေနဲ့ ACT အစိုးရရဲ့ ဆေးခန်း ဒါမှမဟုတ် GP ဆေးခန်းတွေမှာ Pfizer ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းရယူနိုင်ပြီ ဖြစ်ပါတယ်။ ACT အစိုးရပိုင် ဆေးခန်းတွေမှာ အောက်တိုဘာလ နောက်ပိုင်းအထိ ရက်ချိန်းတွေ မရှိတော့ပဲ အဲဒီနောက်ပိုင်းမှသာ ရက်ချိန်းတွေ ရယူနိုင်မှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးအတွက် ဘယ်လို ရက်ချိန်းယူရမလဲ ဆိုတာကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

