- NSW အနောက်ပိုင်းက Trangie နဲ့ Byron Bay ရေဆိုးတွေကို စစ်ဆေးတဲ့အခါ COVID-19 ပိုးရှိကြောင်းပြသ
- ဗစ်တိုးရီးယားမှာ ကူးစက်သူအများစုဟာ အသက် ၄၀ အောက်ဖြစ်နေ
- ACT မှာ Pfizer ကာကွယ်ဆေး လူပိုများထိုးနိုင်အောင် တိုးချဲမှုလုပ်
- Queensland မှာ ထရပ်ကားသမားတွေ ဆန္ဒပြ
New South Wales
NSW မှာ ဒီကနေ့ ရောဂါကူးစက်သူ ၁၂၉ ၀ ရှိပြီး အဲဒီအထဲက ၈၈၃ ဦးဟာ ဆစ်ဒနီမြို့ အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ လူ ၄ ဦးလည်း ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးခဲ့ရပါတယ်။
ပြည်နယ်အတွင်းက အရွယ်ရောက်ပြီးသူ ဦးရေ သုံးပုံ နှစ်ပုံနီးပါးလောက် ကာကွယ်ဆေး တစ်ချောင်းထိုးပြီးကြပြီး ၃၆% ကတော့ နှစ်ချောင်းစလုံး ထိုးပြီးကြပြီလို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ အောက်တိုဘာလလောက်ကြရင် နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ နေထိုင်သူ ၇၀% ကာကွယ်ဆေး ထိုးပြီးကြမယ်လို့ မျှော်လင့်နေကြပါတယ်။
စက်တင်ဘာလ ၆ ရက် တနင်္လာနေ့ကစပြီး ရောဂါအဖြစ်များလို့ အစိုးရအနေနဲ့ စိုးရိမ်ရတဲ့ ရပ်ကွက်တွေအဖြစ် သတ်မှတ်ထားတဲ့ ရပ်ကွက်မှာ နေထိုင်ပြီး မဖြစ်မနေ အလုပ်သွားရမယ့် လူတွေအနေနဲ့ တခြား ရပ်ကွက်ကို သွားမယ်ဆိုရင် အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ချောင်းထိုးထားတဲ့အကြောင်း သက်သေပြရမှာ ဖြစ်ပါတယ်။
ရောဂါအဖြစ်များလို့ အစိုးရအနေနဲ့ စိုးရိမ်မကင်းမှုဖြစ်နေတဲ့ ရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ အသက် ၁၆ နှစ်ကနေ ၄၉ နှစ်ရှိသူတွေအပြင်မဖြစ်မနေ အလုပ်သွားရမယ့်လူတွေ၊ အဲဒီရပ်ကွက်တွေမှာ အလုပ်လာလုပ်တဲ့ ကလေးထိန်းကျောင်းအမှုထမ်းတွေ၊ မသန်စွမ်းသူတွေကို စောင့်ရှောက်သူတွေနဲ့ အစားအသောက်ထုတ်လုပ်ရေးမှာ အလုပ်လုပ်သူတွေကို ကာကွယ်ဆေး ဦးစားပေးထိုးပေးနေပါတယ်။
Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၇၃ ဦးရှိပြီး အဲဒီအထဲက ၂၁ ဦးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှု မရှိဘူးလို့ သိရပါတယ်။ ဗစ်တိုးရီးယားပြည်နယ်မှာ ကူးစက်သူ ၈၀၅ ဦးထဲက လေးပုံ သုံးပုံဟာ အသက် ၄၀ အောက် လူငယ်တွေ ဖြစ်ကြပါတယ်။
ပြည်နယ်ကျန်းမာရေးမှူးချုပ် Dr Brett Sutton ရဲ့အဆိုအရ အခုအခါ ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်လုနီးပါးရှိနေပေမယ့် ဘယ်လိုကနေ ဘယ်လို ကူးစက်မှန်းမသိရသေးတာက စိန်ခေါ်မှုဖြစ်နေပြီး အဲဒီလို ကူးစက်မှုတွေက အထူးသဖြင့် Hobsons Bay, Wyndham နဲ့ Hume မြို့နယ်တွေမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
Australian Capital Territory
ACT မှာ ဒီကနေ့ ကူးစက်သူ ၁၂ ဦးတိုးလာပြီး အဲဒီအထဲက အနည်းဆုံး ၆ ယောက်လောက်ဟာ ရောဂါရှိနေတဲ့ ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
ဒေသဦးစီးချုပ် Andrew Barr က ပြည်သူပိုင် ဆေးခန်းတွေမှာ အသက် ၁၆ နှစ်ကနေ ၂၉ နှစ်အကြား လူငယ်တွေလည်း မကြာခင် Pfizer ကာကွယ်ဆေး ထိုးနိုင်မယ်လို့ ကြေညာလိုက်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခွင့်ရှိမရှိ ဆိုတာကို ဒီနေရာမှာ လေ့လာပါ။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ
- Queensland ပြည်နယ်မှာတော့ Gold Coast နဲ့ Brisbane အကြားက အဓိက ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ထရပ်ကားသမားတွေ ဆန္ဒပြနေကြပြီး လော့ခ်ဒေါင်းကို အဆုံးသတ်ပေးဖို့နဲ့ နယ်စပ်ပိတ်ချမှုတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုနေကြပါတယ်။
- သြစတြေးလျနိုင်ငံတခွင်မှာတော့ အသက် ၁၆ နှစ်ကနေ ၃၉ နှစ်ကြား လူတွေအနေနဲ့ Pfizer ထိုးဖို့ ရက်ချိန်းယူနိုင်ပြီ ဖြစ်ပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

