- Greater Sydney တခွင်ရှိ အရေးမပါလှတဲ့ လက်လီလက်ကားအရောင်းဆိုင်တွေဟာ ဒီနေ့ည၁၁နာရီ ၅၉ မိနစ်ကစနေစပြီး အားလုံးပိတ်ချထားရမှာဖြစ်ပါတယ်။
- ဗစ်တိုးရီးယားပြည်နယ်အတွင်း ရောဂါကူးစ်ခံရသူလူသစ် ၁၉ဟာ ရောဂါကူးစက်ပြန့်ပွားတဲ့နေရာနဲ့ ဆက်စပ်နေ
နယူးဆော့သ်ဝေး
ဒီကနေ့ ည ၁၁နာရီ ၅၉ မိနစ်ကနေ ဇူလိုင်လ ၃၀ရက်နေ့အထိ Fairfield, Canterbury-Bankstown နဲ့ Liverpool ဒေသန္တရအစိုးရ ဧရိယာတွေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ ကျန်းမာရေးလုပ်သားနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်သားတွေကလွဲရင် နယ်မြေအပြင်ဘက်သွားပြီးအလုပ်လုပ်ခွင့်မပြုတော့ပါဘူး။
ဒီကနေ့ည ၁၁နာရီ ၅၉ မိနစ်ကစနေစပြီး Greater Sydney တခွင်မှာရှိတဲ့ အရေးမပါလှတဲ့ လက်လီလက်ကားအရောင်းဆိုင်တွေအနေနဲ့ click and collect၊ takeaway နဲ့ အိမ်တိုင်ရာရောက်ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆက်လက်လည်ပတ်လို့ရပေမယ့်လည်း အားလုံးပိတ်ချထားရမှာဖြစ်ပါတယ်။
ညသန်းခေါင်ကျော် မနက် ၁၂နာရီ ၁မိနစ် ဇူလိုင်လ ၁၉ရက် တနင်္လာနေ့ ကနေစပြီး လူနေရပ်ကွက်တွေမှာရှိတဲ့ အဟောင်းပြင်ဆိုင်တွေနဲ့ သန့်ရှင်းရေးလုပ်ငန်းဝန်ဆောင်မှုတွေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းအားလုံး နဲ့ အစောတလျင် မဟုတ်တဲ့ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေအားလုံး ရပ်တန့်ထားကြရမှာဖြစ်ပါတယ်။
နယူးဆော့သ်ဝေးအတွင်း ကိုရိုနာဗိုင်းရပ် ကူစက်ခံရသူ လူသစ် ၁၁၁ ဦးထပ်မံတိုးလာပြီး ဆစ်ဒနီ အရှေ့တောင်ဘက်ခြမ်းမှာနေထိုင်တဲ့ အသက် ၈၀ အရွယ် အမျိုးသား တဦးသေဆုံးခဲ့ပါတယ်။ ရောဂါကူးစက်ဖြစ်ပွားတဲ့နေရာတွေကို အောက်ပါ စာရင်း ဒါမှမဟုတ် မြေပုံထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ လက်ရှိပိတ်ချမှုကို ဇူလိုင်လ ၃၀ရက် သောကြာနေ့ ည ၁၁နာရီ ၅၉ မိနစ်အထိ သက်တမ်းထပ်တိုးထားပါတယ်။
ဗစ်တိုးရီးယား
ဗစ်တိုးရီးယားပြည်မှာ ဒေသအတွင်း ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ လူသစ် ၁၉ဦး တိုးလာပါတယ်။ ကူးစက်ခံရတဲ့လူသစ်တွေအားလုံးဟာ ရောဂါရှိပြီးသားလူတွေနဲ့ အားလုံး ဆက်စပ်နေပါတယ်။ ဗစ်တိုးရီးယားပြည်နယ်အတွင်း လက်ရှိ ရောဂါရှိသူ ၅၄ ဦးရှိပါတယ်။
ဗစ်တိုးရီးနယ်ဒေသအတွင်းက နေရာအတော်များများအပါအဝင် အခုဆိုရင် သတ်မှတ်ထားတဲ့ ရောဂါကူးစက်မှုနေရာ ၁၅၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ ရောဂါကူးစက်ဖြစ်ပွားတဲ့နေရာတွေကို အောက်ပါ စာရင်း ဒါမှမဟုတ် မြေပုံထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ပဉ္စမအကြိမ်ပိတ်ချမှုဟာ ဇူလိုင်လ ၂၀ရက် အင်္ဂါနေ့ ည ၁၁နာရီ ၅၉ မိနစ်အထိ သတ်မှတ်ထားပါတယ်။
လွန်ခဲ့တဲ့ ၂၄နာရီအတွင်း သြစတြေးလျားတခွင်အခြေအနေ
• လွန်ခဲ့တဲ့ ၂၄နာရီအတွင်း ကွင်းစလန်းမှာ လူမှုအသိုင်းအဝိုင်းအတွင်း ရောဂါကူးစက် တဦးမှမရှိပါ။
• Northern Territory အတွင်းက Howard Springs နဲ့ Royal Darwin Hospital အပြင်ဘက် စွန်ပစ်ရေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကို ပထမကြိမ်ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
ကွာရင်တင်း၊ ခရီးသွားလာရေး၊ ရောဂါစစ်ဆေးမှုဆေးခန်းတွေနဲ့ ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေး
ကွာရင်တင်းနဲ့ ရောဂါစစ်ဆေးမှုဆေးခန်းအတွက် လိုအပ်ချက်တွေကို ပြည်နယ်နဲ့ territory အစိုးရတွေက စီစဉ်ပြီး ဥပဒေချမှတ်တာဖြစ်ပါတယ်။
NSW Travel & transport နဲ့ Quarantine
VIC Travel permit, Overseas travellers နဲ့ Quarantine
ACT Transport နဲ့ Quarantine
NT Travel နဲ့ Quarantine
QLD Travel နဲ့ Quarantine
SA Travel နဲ့ Quarantine
TAS Travel နဲ့ Quarantine
WA Travel နဲ့ Quarantine
သင့်အနေနဲ့ နိုင်ငံခြားကိုခရီးသွားလိုပါက ချွင်းချက်အနေနဲ့ အွန်လိုင်းကဆင့် လျောက်ထားလို့ ရကောင်းရနိုင်ပါတယ်။ သြစတြေးလျားနိုင်ငံကနေထွက်ခွာဖို့ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက်ပိုမိုသိရှိလိုပါက ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
နိုင်ငံတကာလေယာဉ်ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ယာယီကန့်သတ်ချက်တွေရှိပြီး အစိုးရကနေ ပုံမှန်ပြန်လည်သုံးသပ်ပြီး နောက်ဆုံးအခြေအနေတွေကို Smart Traveller အင်တာနက်စာမျက်နှာပေါ်မှာ နောက်ဖော်ပြထားပါတယ်။
- သတင်းနဲ့အကြာင်းအရာတွေကို ဘာသာပေါင်း ၆၀ ကျော်နဲ့ အောက်ပါလင့်မှာ ဖော်ပြပေးထားပါတယ်။ sbs.com.au/coronavirus
- သင့်ရဲ့ပြည်နယ် ဒါမှမဟုတ် territory နဲ့သက်ဆိုင်တဲ့ လမ်းညွန်မှု။ ။ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania.
- ကိုဗစ်-၁၉ကာကွယ်ဆေးနဲ့ပတ်သက်အချက်အလက်တွေကို ဒီနေရာမှာလေ့လာနိုင်ပါတယ်။NSW Multicultural Health Communication Service ရဲ့ဘာသာပြန်ဆိုချက်တွေကို အောက်ပါအတိုင်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်နဲ့ territory တခုစီအတွင်း ရောဂါစစ်ဆေးတဲ့ဆေးခန်းများ။NSW Victoria Queensland South Australia ACT Western Australia TasmaniaNorthern Territory
ပြည်နယ်နဲ့ territory တခုစီအတွင်း ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေးအချက်အလက်များ။ NSW Victoria Queensland South Australia ACT Western Australia Tasmania
Northern Territory

