ဖြေလျှော့ပေးမှုဆိုင်ရာ စည်းမျဉ်းများ
- NSW မှာ ကာကွယ်ဆေး အပြည့်အဝ ထိုးထားသူတွေအတွက် ဒီဇင်ဘာလ ၁ ရက်နေ့မှ ဖြေလျှော့မှု လုပ်ပေးမယ့်အစား နိုဝင်ဘာလ ၈ ရက်ကစပြီး ဖြေလျှောက်မှု လုပ်ပေးမှာ ဖြစ်ပါတယ်။
- NSW မှာ ဘယ်အကျယ်အဝန်း၊ အကွာအဝေးမှာ လူဘယ်နှစ်ယောက်သာ စုရမယ်ဆိုတဲ့ density limit ကို ဖယ်ရှားပေးလိုက်ပေမယ့် gym တွေ၊ အကသင်တန်းတွေမှာတော့ အကျယ်အဝန်းအပေါ်မူတည်ပြီး လူအနည်းအများ လက်ခံရမယ့် စည်းမျဉ်းကို သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ အဆောက်အဦးအတွင်းမှာ နှာခေါင်းစည်းတွေကို ဆက်လက် တပ်ဆင်ရမှာ ဖြစ်ပါတယ်။
- NSW မှာ ကာကွယ်ဆေး မထိုးထားသေးတဲ့ လူတွေအတွက် တင်းကြပ်မှုတွေကိုတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။
- Victoria ပြည်နယ် ကျန်းမာရေးဌာနက မိမိဖာသာ ကိုဗစ်-၁၉ ရောဂါရှိမရှိ မိနစ်ပိုင်းအတွင်း အဖြေသိနိုင်မယ့် antigen self test တွေကို ဘယ်လို အသုံးပြုရမလဲ ဆိုတဲ့ အကြံပြု လမ်းညွန်ချက်တွေကို ထုတ်ပြန်ထားပါတယ်။
- South Australia မှာ နိုဝင်ဘာလ ၂၃ ရက်ကစပြီး ပြည်တွင်းခရီးသွားသူတွေအတွက် နယ်စပ်ဖွင့်ပေးလိုက်ပြီး နိုင်ငံတကာက ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူတွေ ပြည်နယ်ထဲ ဝင်လာရင် ၇ ရက်သာ ကွာရန်တင်းဝင်ရမယ်လို့ လျှော့ပေါ့ပေးလိုက်ပါတယ်။
ကာကွယ်ဆေး ထိုးပေးခြင်းဆိုင်ရာ အခြေအနေ
- Queensland ပြည်နယ် ကျန်းမာရေးဌာနက အာနိသင်နည်းနည်းလေးသာ ပါဝင်တဲ့ Pfizer ကာကွယ်ဆေးထိုးထားတဲ့ လူတွေကို ပြန်လည် အဆက်အသွယ် လုပ်နေပါတယ်။
COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း
- Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၉ ၈၉ ဦးရှိပြီး ၉ ဦး သေဆုံးခဲ့ရပါတယ်။
- NSW မှာ ကူးစက်သူ ၁၇၃ ဦးသာရှိပြီး ၄ ဦး သေဆုံးခဲ့ရပါတယ်။
- ACT မှာ ကူးစက်သူ ၈ ဦးသာ ရှိပါတယ်။
ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။