- NSW နယ်ဒေသတချို့မှာ တင်းကြပ်မှုတွေကို ဖြေလျှော့ပေး
- Victoria နယ်ဒေသကို သွားလာခွင့်မရှိသူတွေ သွားလာတာမျိုး မလုပ်အောင် ရဲက လုပ်ဆောင်မယ်
- ACT က Check In CBR app ကို အပြောင်းအလဲလုပ်
- Queensland မှာ ဒီကနေ့ တစ်ဦး ကူးစက်ခံရ
New South Wales
NSW ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၄၀၅ ဦးရှိပြီး လူ ၅ ဦးလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က တနင်္လာနေ့ကစပြီး ပြည်နယ်အတွင်းမှာ ကာကွယ်ဆေး နှစ်ချောင်း ထိုးပြီးသူ ဦးရေ ၇၀% ရှိလာပြီးတဲ့နောက် တင်းကြပ်မှုတွေကို ဖြေလျှော့ပေးမယ့် လမ်းပြမြေပုံကို ချပြလိုက်ပြီ ဖြစ်ပါတယ်။
အိမ်မှာပဲနေဖို့ဆိုတဲ့ stay-at-home စည်းမျဉ်းကို ဖယ်ရှားပေးမှာဖြစ်ပြီး နေအိမ်မှာ အရွယ်ရောက်ပြီးသား ကာကွယ်ဆေး ထိုးထားသူ လူ ၅ ဦးအထိ လက်ခံခွင့်ရှိပါတယ်။ စားသောက်ဆိုင်တွေ၊ လက်လီဆိုင်တွေ၊ အားကစားစင်တာနဲ့ ဆံပင်ညပ်ဆိုင်၊ လက်သည်းအလှပြင်ဆိုင် စတဲ့ ဆိုင်တွေလည်း ပြန်လည် ဖွင့်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဦးနဲ့တစ်ဦး ၄ စတုရန်းမီတာ အကွာမှာ နေထိုင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး NSW နယ်ဒေသတချို့မှာ ၁၄ ရက်ဆက်တိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိရင် လော့ခ်ဒေါင်းကို အဆုံးသတ်ပေးမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Victoria
Victoria ပြည်နယ်မှာတော့ ဒီကနေ့ ကူးစက်သူ ၃၂၄ ဦး တိုးလာပြီး အဲဒီအထဲက ၁၀၇ ဦးသာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှု ရှိတာ ဖြစ်ပါတယ်။
Victoria ပြည်နယ် နယ်ဒေသတွေမှာ စက်တင်ဘာလ ၉ ရက်နောက်ပိုင်း လော့ခ်ဒေါင်း ဖယ်ရှားပေးမှာ ဖြစ်တဲ့အတွက် မဲလ်ဘုန်းမြို့က လူတွေ နယ်ဒေသကို သွားလာခွင့်မရှိပဲ သွားလာတာမျိုး မလုပ်အောင် ရဲတွေ ပိုချထားမှာဖြစ်ပြီး စစ်ဆေးမှုတွေလည်း လုပ်မှာ ဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်းကို မလိုက်နာတဲ့လူတွေနဲ့ ခရီးသွားခွင့်မရှိပဲ နယ်ဒေသကို သွားလာရင် ဒဏ်ကြေး ဒေါ်လာ ၅၅၀၀ အထိ ဆောင်ရနိုင်ပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
Australian Capital Territory
ACT မှာ ဒီကနေ့ ကူးစက်သူ ၁၅ ဦး တိုးလာပြီး အဲဒီအထဲက အနည်းဆုံး ၈ ဦးဟာ ရောဂါရှိနေတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
Check In CBR app မှာ အပြောင်းအလဲ လုပ်လိုက်ပြီး ရောဂါရှိသူတွေ သွားလာခဲ့တဲ့ နေရာကို သွားမိပြီး check in လုပ်ထားရင် အလိုအလျောက် အသိပေးနိုင်အောင် လုပ်ဆောင်ထားပါတယ်။ Smartphone မရှိတဲ့ လူတွေအတွက် QR code ကဒ်တွေကို ထုတ်ပေးမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းကို ဒီနေရာမှာ ရယူနိုင်ပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

