- NSW မှာ အသက် ၁၂ ကျော်သူတွေ GP ဆေးခန်းတွေမျာ ကာကွယ်ဆေးထိုးနိုင်ပြီး
- COVID-19 ကြောင့် ဗစ်တိုးရီးယားပြည်နယ်ရဲ့ ရထားပြေးဆွဲမှုတွေမှာ အခက်အခဲတွေ ဖြစ်နေရ
- ACT မှာ အသက် ၁၂ နှစ်ကျော် လူတွေအတွက် ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပြီလို့ ကြေညာ
- Queensland မှာ ဒီကနေ့ ကူးစက်သူ ၂ ဦးတိုးလာ
New South Wales
NSW မှာ ဒီကနေ့ ကူးစက်သူ ၁၂၅၇ ဦးများလာပြီး ၇ ဦးလည်း ထပ်မံသေဆုံးရပါတယ်။
ရောဂါကူးစက်မှု အများဆုံး ရပ်ကွက်တွေက Greenacre, Auburn, Yagoona, Liverpool, Punchbowl, Guildford, Redfern, Bankstown, Condell Park နဲ့ Busby တို့ ဖြစ်ကြပါတယ်။ Glebe နဲ့ Redfern မြို့လယ်တွေမှာလည်း ကူးစက်မှုတွေ တိုးလာနေပါတယ်။
ဒီကနေ့ကစပြီး အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အကြား လူငယ်တွေ GP ဆေးခန်းတွေမှာ Pfizer ကာကွယ်ဆေး ထိုးနိုင်ပြီး Moderna ကာကွယ်ဆေးကတော့ လာမယ့် တစ်ပတ်ကစပြီး ဆေးအရောင်းဆိုင်တွေမှာ ထိုးနိုင်ပြီ ဖြစ်ပါတယ်။
ကာကွယ်ဆေး နှစ်ချောင်းလုံး ထိုးပြီးသူတွေအနေနဲ့ နေအိမ်ပြင်ပမှာ လူ ၅ ဦးအထိ စုဝေးခွင့်ရပြီ ဖြစ်ပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၄၇၃ ဦး တိုးလာပြီး ဒါဟာ အခုတစ်ဖန် ဖြစ်နေတဲ့ ကူးစက်မှုလှိုင်းအတွင်း အများဆုံး ကူးစက်ခံရတဲ့နှုန်း ဖြစ်ပါတယ်။
ကလေးထိန်းစင်တာ ၄ ခုကို ရောဂါရှိသူတွေ သွားလာခဲ့တဲ့နေရာ tier 1 အဆင့် သတ်မှတ်လိုက်ပါတယ်။ V/Line ရထား ဒရိုက်ဘာအပါအဝင် အမှုထမ်း ၅ ဦးတိုး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အတွက် ရာနဲ့ချီတဲ့ အမှုထမ်းတွေ ရောဂါစစ်ဆေးပြီး အိမ်မှာ သီးသန့်နေထိုင်မှု လုပ်နေရတဲ့အတွက် ရထားပြေးဆွဲမှုမှာ အခက်အခဲတွေ နှောင့်နှေးမှုတွေ ဖြစ်နေရပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
Australian Capital Territory
ACT မှာ ဒီကနေ့ ကူးစက်သူ ၁၃ ဦး တိုးလာပါတယ်။
စက်တင်ဘာလ ၂၀ ရက်ကစပြီး အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အကြား လူငယ်တွေအနေနဲ့ အစိုးရပိုင် ဆေးခန်းမှာ Pfizer ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းရယူနိုင်မှာ ဖြစ်ပါတယ်။
Covid-19 ကာကွယ်ဆေး ထိုးခွင့်ရှိမရှိ ဒီနေရာမှာ ရှာကြည့်နိုင်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျ တလွှားရဲ့ အခြေအနေ
- Queensland ပြည်နယ်မှာ ကူးစက်သူ ၂ ဦး တိုးလာပြီး အရင်တစ်ပတ်တုန်းက ဘရစ္စဘိန်းမြို့က စာသင်ကျောင်းမှာ ကျောင်းသူတစ်ဦး ကူးစက်ခံရတာနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
- Australian Technical Advisory Group on Immunisation အဖွဲ့က Moderna ကာကွယ်ဆေးဟာ အသက် ၁၂ နှစ်နဲ့ အထက်ရှိသူတွေအတွက် လုံသင့်တော်တဲ့ဆေးဖြစ်တယ်လို့ အတည်ပြုပေးထားပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

