NSW မှာ ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်း၊ မိမိဖာသာ ရောဂါရှိမရှိစစ်ဆေးနိုင်အောင် လုပ်ပေးဖို့ TGA အကြံပြု

ဒါကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက် သြစတြေးလျဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခြေအနေဖြစ်ပါတယ်။

Mtu anaye vaa barakoa, avuka mtaa wa Melbourne.

Mtu anaye vaa barakoa, avuka mtaa wa Melbourne. Source: AAP

  • TGA က နိုဝင်ဘာလ ၁ ရက်ကစပြီး လူတွေ မိမိဖာသာ ရောဂါရှိမရှိ စစ်ဆေးတာမျိုး လုပ်ပေးသင့်တယ်လို့ အကြံပြု
  • Victoria မှာ တစ်ရက်အတွင်း ကူးစက်မှုအများဆုံးနေ့အဖြစ် စံချိန်တင်နေ
  • ကွင်းစလန်းပြည်နယ်မှာ NRL ရာဘီဘောလုံးရဲ့ ဗိုလ်လုပွဲအပြီး ရောဂါကူးစက်မှု နှစ်ခုဖြစ်ပွားနေ

 

Victoria

Victoria မှာ ဒီကနေ့ ကူးစက်သူ ၈၆၇ ဦးတိုးလာပြီး ၄ ဦး သေဆုံးခဲ့ရပါတယ်။ အခုဆိုရင် ပြည်နယ်အတွင်းမှာ ရောဂါကူးစက်သူ ၉ ၂၆၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံနဲ့ တခြားပြည်နယ်ကနေ ပြန်ရောက်လာတဲ့ ပြည်နယ်သားတွေကို စောင့်ကြည့်လေ့လာနိုင်ဖို့အတွက် app တစ်ခုကို စမ်းသပ်အသုံးပြုနေပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

Queensland

ကွင်းစလန်းပြည်နယ်မှာ NRL ရာဘီဘောလုံးရဲ့ ဗိုလ်လုပွဲအပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသစ် ၂ ခု ဖြစ်ပွားနေပြီး တစ်ခုကတော့ ထရပ်ကားသမားနဲ့ ဆက်စပ်နေတာဖြစ်ပြီး အဲဒီလူဟာ ရောဂါရှိနေတဲ့ ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ ၈ ရက်ကြာ သွားလာခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်အတွင်းမှာ ကူးစက်သူ ၄ ဦးတိုးလာပြီး Brisbane နဲ့ Moreton Bay မှာ နေထိုင်သူတွေ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ကာကွယ်ဆေး ရက်ချိန်းရယူဖို့ ဒီနေရာမှာ ရှာဖွေပါ။ 

New South Wales

NSW မှာ ဒီကနေ့ ကူးစက်သူ ၈၆၃ ဦးရှိပြီး ၇ ဦး သေဆုံးခဲ့ရပါတယ်။ ကူးစက်မှုအများစုဟာ ဆစ်ဒနီမြို့ အနောက်တောင်ပိုင်းနဲ့ အနောက်ပိုင်း ကျန်းမာရေးဌာနလက်အောက်မှာ ရှိတဲ့ရပ်ကွက်တွေမှာ အဖြစ်များတာ ဖြစ်ပါတယ်။

ရောဂါကူးစက်မှုတွေ များလာတဲ့အတွက် Port Macquarie နဲ့ Muswellbrook မြို့နယ်မှာ လော့ခ်ဒေါင်း ချသင့်မသင့် အာဏာပိုင်တွေက စဉ်းစားနေသလို Kempsey လော့ခ်ဒေါင်းကိုလည်း ရက်တိုးသင့်မသင့် စဉ်းစားနေပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Australian Capital Territory

ACT ရဲ့ အကြီးအကဲ Andrew Barr က သူတို့ဒေသမှာ လော့ခ်ဒေါင်းဖယ်ရှားရေးကို တဖြေးဖြေးခြင်းသာ လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီကနေ့ ကူးစက်သူ ၁၃ ဦးရှိပြီး လူ ၈ ဦး ဆေးရုံတင်ထားရပြီး ၃ ဦးကတော့ အထူးကြပ်မတ်ဆောင်မှာ ventilator ကို အသုံးပြုနေရတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျရဲ့ အခြေအနေ

Theraputic Goods Administration (TGA) ကနေ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါရှိမရှိ နေအိမ်ကနေပဲ မိမိဖာသာ စစ်ဆေးမှုလုပ်ပေးသင့်တယ်လို့ အစိုးရကို အကြံပြုထားပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory


Share

2 min read

Published




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now