SKIP TO MAIN CONTENT

သင်္ဘောပေါ် ရောဂါပျံ့နှံ့လို့ Tonga ကို ကယ်ဆယ်ရေးပစ္စည်း မပို့နိုင်သေး၊ NSW မှာ တင်းကြပ်မှု ထပ်တိုးမြင့်

ဒါကတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ ဖြစ်ပါတယ်။

NSW Premier Dominic Perrottet pictured during a press conference at NSW Health Headquarters in St Leonards, Sydney
NSW Premier Dominic Perrottet pictured during a press conference at NSW Health Headquarters in St Leonards, Sydney. Source: AAP

2 min read

Published



Skip to article content

  • Tonga နိုင်ငံကို သွားရောက်နေတဲ့ သြစတြေးလျံ ရေတပ်သင်္ဘောပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံမှုဖြစ်နေတဲ့အတွက် သင်္ဘောပေါ်ပါလာတဲ့ လူသားခြင်းစာနာထောက်ထားရေးပစ္စည်းတွေနဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေကို မပို့နိုင်သေးပဲ ဖြစ်နေပါတယ်။
  • သင်္ဘောပေါ် လိုက်ပါလာသူ လူပေါင်း ၂၃ ဦး ရောဂါ ကူးစက်ခံနေရတဲ့အတွက် အခုလောလောဆယ် သင်္ဘောကို ပင်လယ်ပြင်မှာပဲ ဆက်ထားဖို့ သြစတြေးလျနဲ့ Tongan အစိုးရတို့က ကြိုးစားလုပ်ဆောင်နေပါတယ်။ အခုလောလောဆယ် Tonga နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကင်းမဲ့နေသေးတဲ့အတွက် အထူး ဂရုစိုက်နေကြတာ ဖြစ်ပါတယ်။
  • NSW ပြည်နယ်ဝန်ကြီးချုပ် Dominic Perrottet က ကိုဗစ်-၁၉ကြောင့် ဆေးရုံတင်ထားရတဲ့လူတွေ များပြားနေဆဲဖြစ်လို့ ချမှတ်ထားတဲ့ တင်းကြပ်မှုတွေကို နောက်ထပ် တစ်လ ရက်တိုးချမှတ်ထားမယ်လို့ ကြေညာလိုက်ပါတယ်။
  • တင်းကြပ်မှုတွေထဲမှာ တစ်ဦးနဲ့ တစ်ဦး ၁ စတုရန်းမီတာ အကွာအဝေးမှာ နေထိုင်ကြဖို့နဲ့ အဆောက်အဦးအတွင်း နှာခေါင်းစည်းတွေ တပ်ဆင်ဖို့ ပါဝင်ပါတယ်။
  • သြစတြေးလျနိုင်ငံတလွှားမှာ ဒီကနေ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူက ၇၆ ဦးရှိပါတယ်။
  • Coles နဲ့ Woolworths က အမှုထမ်းတွေ အလုပ်ပြန်ဝင်နိုင်ကြလို့ အလုပ်သမား မလုံလောက်မှုတွေ၊ ဆိုင်ရဲ့ စင်ပေါ်မှာ ပစ္စည်းသစ် မတင်နိုင်တဲ့ ပြဿနာ မရှိတော့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီ ဆူပါမတ်ကက် နှစ်ခုစလုံးမှာ RAT စမ်းသပ်ရေးကိရိယာရောင်းချမှု၊ ပါရာစီတမောနဲ့ အိမ်သာသုံးစက္ကူ ရောင်းချမှုတွေကို ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။
  • လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် စာသင်ကျောင်းတွေရဲ့ ventilation လေဝင်လေထွက်တွေမှာ တိုးတက်မှုရှိအောင် လုပ်ဆောင်ပေးမယ်လို့ အတိုက်အခံ လေဘာပါတီက ပြောပါတယ်။

COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အရေအတွက်

NSW မှာ ဒီကနေ့ ကိုဗစ်-၁၉ ကြောင့် ဆေးရုံတင်ထားရသူ ၂၉ ၄၃ ဦးရှိပြီး ၁၈၃ ဦးကို အထူးကြပ်မတ်ဆောင်မှာ ကုသနေရပါတယ်။ လူ ၂၉ ဦးလည်း သေဆုံးရပြီး ဒီကနေ့ ပြည်နယ်အတွင်းမှာ ကူးစက်သူက ၁၈၅၁၂ ဦး ရှိပါတယ်။

Victoria ပြည်နယ်မှာ ဒီကနေ့ ဆေးရုံတင်ထားရသူ ၁၀၅၇ ဦးရှိပြီး ၁၁၉ ကို အထူးကြပ်မတ်ဆောင်မှာ ကုသနေရပါတယ်။ ဒီကနေ့ ပြည်နယ်အတွင်းမှာ သေဆုံးသူ ၂၉ ဦးရှိပြီး ရောဂါကူးစက်သူက ၁၄၈၃၆ ဦး ရှိပါတယ်။

ကွင်းစလန်းပြည်နယ်မှာ ဒီကနေ့ ဆေးရုံတင်ထားရသူ ၉ ၂၈ ဦးရှိပြီး ၅၁ ဦးကို အထူးကြပ်မတ်ဆောင်မှာ ကုသနေရပါတယ်။ ဒီကနေ့ သေဆုံးသူ ၁၁ ဦးရှိပြီး လူပေါင်း ၉ ၅၄၆ ဦး ကူးစက်ခံနေရပါတယ်။

တက်စ်မေးနီးယားပြည်နယ်မျာ ဒီကနေ့ ၆၄၃ ဦး ကူးစက်ခံရပြီး ၁ ဦး သေဆုံးခဲ့ရပါတယ်။ ပြည်နယ်အတွင်းမှာ လူ ၃၅ ဦး ဆေးရုံတင်ထားရပါတယ်။

ကိုဗစ်၁၉  ကပ်ရောဂါနဲ့ ပတ်သက်ပြီး ဒေသအလိုက် ဘယ်လို ကိုင်တွယ်လုပ်ဆောင်နေသလဲ ဆိုတာကို သင့်ဘာသာစကားနဲ့ ဒီနေရာမှာ လေ့လာပါ။ 


 

ပြည်နယ်တချို့မှာ မိမိဖာသာ ရောဂါရှိမရှိ RAT စစ်ဆေးပြီး ရောဂါရှိကြောင်း မှတ်ပုံတင်နိုင်အောင် အွန်လိုင်းဖောင်တွေကို အောက်ပါလင့်ခ်တွေမှာ လုပ်ဆောင်ပေးထားပါတယ်။

ပြည်နယ်အလိုက် ကွာရန်တင်းနဲ့ အခြား စည်းမျဉ်းများ

သင်နေထိုင်ရာ ပြည်နယ် ဒါမှမဟုတ် ဒေသအပေါ် မူတည်ပြီး ဘာတွေ လုပ်နိုင်တယ်၊ ဘာတွေ လုပ်ခွင့်မရှိဘူးလည်း ဆိုတာနဲ့ပတ်သက်ပြီး လေ့လာပါ။

ခရီးသွားလာခြင်း

နိုင်ငံတကာ ခရီးသွားလာသူများနဲ့ ကိုဗစ်-၁၉ ဆိုင်ရာအချက်အလက်နဲ့ ခရီးသွားခြင်းဆိုင်ရာ အချက်အလက်တွေကို သင့်ဘာသာစကားနဲ့ လေ့လာနိုင်ပါတယ်။

ငွေရေးကြေးရေး အကူအညီ

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးတဲ့နှုန်း ၇၀% နဲ့ ၈၀% ပြည့်တာနဲ့

COVID-19 Disaster Payment မှာ အပြောင်းအလဲတွေ ရှိပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်းငွေရေးကြေးရေးဆိုင်ရာ အကူအညီတွေနဲ့ ဆက်စပ်ပြီး သင့်ဘာသာစကားနဲ့ Services Australia မှာ လေ့လာနိုင်ပါတယ်။

  • ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကား အမျိုးအစားပေါင်း ၆၀ ကျော်နဲ့ https://www.sbs.com.au/language/coronavirus မှာ လေ့လာနိုင်ပါတယ်။
  • သင်နေထိုင်ရာ ပြည်နယ် သို့မဟုတ် ဒေသဆိုင်ရာ လမ်းညွန်ချက်နဲ့ ဆက်စပ်ပြီး လေ့လာရန် -NSW,Victoria,Queensland,Western Australia,South Australia,Northern Territory,ACT,Tasmania.
  • COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးသင့်ဘာသာစကားဖြင့်လေ့လာနိုင်ပါတယ်။

 

NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

COVID-19 Vaccination Glossary

Appointment Reminder Tool.

ပြည်နယ်နဲ့ ဒေသဆိုင်ရာ ရောဂါစစ်ဆေးရေးဌာနများအတွက် -

NSW

Victoria

Queensland

South Australia

ACT

Western Australia

Tasmania

Northern Territory


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now