- Victoria ပြည်နယ်မှာ ကူးစက်သူ ၆၁ ဦးတိုးလာ၊ ပြည်နယ်တစ်ခုလုံးမှာ လော့ခ်ဒေါင်းချမှတ်
- NSW မှာ ကမာ္ဘ့ကပ်ရောဂါစတင်တဲ့နောက် သြစီမှာ တစ်ရက်အတွင်း ကူးစက်မှုအများဆုံး စံချိန်တင်
- Queensland မှာ ဒီနေ့လည်း ရောဂါကူးစက်သူမရှိ
- ACT မှာ ကူးစက်သူ ၈ ဦးတိုးလာ၊ အကုန်လုံး သီးသန့်ခွဲခြားနေတုန်း ကူးစက်ခံရသူဖြစ်
New South Wales
NSW မှာ စံချိန်တင်တဲ့နှုန်းနဲ့ ရောဂါကူးစက်သူဦးရေ တိုးလာပြီး ဒီကနေ့ကူးစက်သူ ၈၂၅ ဦးရှိပြီးတော့ ၃ ဦး သေဆုံးခဲ့ရပါတယ်။ ကာကွယ်ဆေးမထိုးထားတဲ့ အသက် ၉ ၀ ဝန်းကျင်အရွယ်အမျိုးသား တစ်ဦး၊ ကာကွယ်ဆေး နှစ်ချောင်းလုံး ထိုးပြီးသူ အသက် ၈၀ ဝန်းကျင် အမျိုးသားတစ်ဦးနဲ့ ဆေးတစ်ချောင်းထိုးထားတဲ့ အသက် ၉ ၀ ဝန်းကျင်အမျုးိသမီးတစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။
NSW မှာ လော့ခ်ဒေါင်းချမှုကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေမဖြစ်အောင် ရဲဌာနကနေ ရဲအယောက် ၁၅၀၀ ကို စေလွတ်ထားပါတယ်။ ဆစ်ဒနီမြို့ရဲ့ အဓိက ဘူတာတွေမှာ ရထားမရပ်တော့တာတွေနဲ့ မြို့လယ်မှာ တက္ကဆီကို အတူတူမျှဝေစီးတာမျိုးတွေကို ရဲက ပိတ်ပင်ထားပါတယ်။
ရောဂါအဖြစ်များလို့ အစိုးရအနေနဲ့ စိုးရိမ်မကင်းမှု ဖြစ်ရတဲ့မြို့နယ်တွေမှာ နေထိုင်တဲ့ အသက် ၁၆ နှစ်ကနေ ၃၉ နှစ်ကြားလူတွေအတွက် Pfizer ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဦးစားပေးထိုးတာမျိုး လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Victoria
Victoria ပြည်နယ်မှာ ကူးစက်သူ ၆၁ ဦးရှိပြီး အဲဒီအထဲက ၃၉ ဦးဟာ ရောဂါရှိနေတဲ့ ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
ဗစ်တိုးရီးယားပြည်နယ် နယ်ဒေသတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုရှိလာနေပါတယ်။ အဲဒါကြောင့် ဒီကနေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်း နယ်ဒေသ တစ်ခုလုံးကို လော့ခ်ဒေါင်းပြန်လည် ချထားလိုက်ပြီ ဖြစ်ပါတယ်။
နယ်ဒေသမှာ နေထိုင်တဲ့လူတွေနဲ့ Greater Melbourne မှာ နေထိုင်တဲ့ လူတွေအတွက် ကန့်သတ်တင်းကြပ်မှုတွေ အတူတူဖြစ်သွားပေမယ့် နယ်ဒေသမှာတော့ ည ၉ နာရီကနေ မနက် ၅ နာရီကို ကာဖြူးအချိန် သတ်မှတ်တာမျိုးတော့ မလုပ်ထားပါဘူး။
ရောဂါရှိသူတွေ သွားလာခဲ့တဲ့နေရာတွေ နဲ့ ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
Australian Capital Territory
ACT မှာ ရောဂါ ကူးစက်သူ ၁၂ ဦးရှိပြီး တစ်ဦးကတော့ ဘယ်လို ကူးစက်သလဲ ဆိုတာကို ဆန်းစစ်နေဆဲ ဖြစ်ပါတယ်။ အခုဆိုရင် ကင်ဘာရာမြို့မှာ ကူးစက်သူ ၉ ၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
အခုလောလောဆယ် ဆေးရုံတင်ထားရတဲ့ COVID-19 လူနာ တစ်ဦးရှိပြီး ရောဂါ ရှိသူတွေ သွားလာခဲ့တဲ့ နေရာက အခုပေါင်း ၂၅၀ ရှိသွားပြီးတော့ အဲဒီအထဲမှာ အများပြည်သူသုံးယာဉ်လိုင်းတွေ၊ fast food ဆိုင်တွေနဲ့ ကလေးထိန်းကျောင်းတစ်ခု ပါဝင်ပါတယ်။
သင့်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခွင့်ရှိမရှိ ဆိုတာကို ဒီနေရာမှာ လေ့လာပါ။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ
- ACT မှာ ဒီကနေ့ ကူးစက်ခံရသူ ၈ ဦး ရှိပြီး အဲဒီဒေသမှာ နေထိုင်တဲ့ အသက် ၁၂ အထက်အတွက် ဒီနှစ်မကုန်ခင် ကာကွယ်ဆေးတွေ ထိုးပေးဖို့ စီစဉ်နေပါတယ်။
- Queensland ပြည်နယ်မှာ ဒီကနေ့လည်း ကိုဗစ်-၁၉ ကူးစက်ခံရသူမရှိပေမယ့် အာဏာပိုင်တွေကတော့ အသက် ၁၆ နှစ်နဲ့အထက် ရှိသူတွေ ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းထားပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

