- NSW အစိုးရက စီးပွားရေးလုပ်ငန်းအတွက် COVID-19 recovery package ကြေညာ
- Victoria မှာ ကြီးမားတဲ့ ကျန်းမာရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ကြေညာ
- ဖက်ဒရယ်အစိုးရက ကမာ္ဘ့ပထမဆုံးသော ကလေးသူငယ်များအတွက် စိတ်ကျန်းမာရေး အစီအစဉ်ကို ကြေညာ
Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ရောဂါကူးစက်သူ ၁၄၆၆ ဦးရှိပြီး ၈ ဦး သေဆုံးရပါတယ်။ လူပေါင်း ၆၇၅ ဦး ဆေးရုံတက်နေရပြီး အဲဒီအထဲက ၇% ဟာ ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးကြသူတွေ ဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က ဖြစ်နိုင်ရင် ဒုတိယမြောက် ကာကွယ်ဆေး ထိုးမယ့်ရက်ချိန်းကို ရှေ့တိုးကြဖို့ တိုက်တွန်းထားပါတယ်။
ပြည်နယ်အတွင်းမှာ တင်းကြပ်မှုတွေကို ဖြေလျှော့မှုမလုပ်ခင် ဒေါ်လာ သန်းနဲ့ချီတန်ဖိုးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှုကို ကြေညာလိုက်ပါတယ်။
ဒေါ်လာ ၂၅၅ သန်းကို ဆေးရုံက ကိုဗစ်လုပ်သားတွေကို ပံ့ပိုးဖို့ဖြစ်ပြီး ၂.၅ သန်းကတော့ ပြည်ပနိုင်ငံက ကျန်းမာရေးလုပ်သား ၁၀၀၀ ကို အလုပ်သင်ပေးနိုင်ဖို့ ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
New South Wales
New South Wales မှာ ဒီကနေ့ ကူးစက်သူ ၃၆၀ သာရှိပြီး ၅ ဦး သေဆုံးခဲ့ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Dominic Perrottet က ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေတွက် business package ကို ကြေညာလိုက်ပါတယ်။
သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ တချို့ဝန်ဆောင်မှုနဲ့ အဖိုးအခအတွက် ဒေါ်လာ ၂၀၀၀ အထိ လျှောက်ထားနိုင်ပါတယ်။ ခရစ္စမတ်မတိုင်ခင် ပျက်စီးသွားနိုင်တဲ့ ပစ္စည်းတွေအတွက် တချို့တဝက် နစ်နာကြေးပေးဖိုပလည်း ကြေညာလိုက်ပါတယ်။
ကျနော်တို့ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ ရှိကြောင်း ပြသလိုတယ်လို့ ဝန်ကြီးချုပ် Mr. Perrottet က ပြောပါတယ်။
နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ တနင်္လာနေ့ကြရင် ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးသူ ၈၀% ရှိမှာဖြစ်ပြီး အဲဒီအနေအထားရောက်ရင် တင်းကြပ်မှုတွေကို ထပ်မံဖြေလျှော့မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
ACT
ACT မှာ ဒီကနေ့ ကူးစက်သူ ၂၈ ဦးရှိပြီး ကူးစက်မှု ၂၂ ခုဟာ လက်ရှိဖြစ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှုရှိပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျ အခြေအနေ
- Queensland မှာ ဒီကနေ့ ကိုဗစ်-၁၉ ကူးစက်မှုမရှိ
- သြစတြေးလျနိုင်ငံမှာ လူဦးရေ ၈၂.၈% ကာကွယ်ဆေး တစ်ချောင်းထိုးပြီးကြပြီး ၆၃.၄%က နှစ်ချောင်းစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။
- ဖက်ဒရယ်ကျန်းမာရေးဝန်ကြီး Greg Hunt က ရောဂါကနေ ပိုမို အကာအကွယ်ရဖို့အတွက် သက်ကြီးတွေအတွက် တတိယမြောက်ဆေးတစ်ချောင်း (booster dose) ထိုးသင့်မသင့် အကြံပြုချက်ကို အောက်တိုဘာလ ကုန်လောက်မှာ အသိပေးသွားမယ်လို့ ပြောပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

