- ဆစ်ဒနီအနောက်ဘက်ခြမ်းမှာ ကြိုတင်ရက်ချိန်းမလိုတဲ့ ကာကွယ်ဆေးထိုးလို့ရတဲ့ ဆေးခန်းတွေဖွင့်လှစ်
- ဗစ်တိုးရီးယား နဲ့ SA ဒီညသန်းခေါင်းယံမှာပိတ်ချမှုအဆုံးသတ်မယ်
- SA နဲ့ ကွင်းစလန်းမှာ ရောဂါကူးစက်ခံရသူမရှိ
- အသက် ၆၀အထက် ရှိသူတွေကာကွယ်ဆေးထိုးပြီးတဲ့ အရေအတွက်နည်းတာကြောင့် စိုးရိမ်မှုတွေရှိနေ
နယူးဆော့သ်ဝေး
New South Wales မှာဒေသအတွင်း ရောဂါကူးစက်ခံရသူ ၁၇၂ဦးတိုးလာပြီး ဒီအထဲက ၆၀ထက်မနည်းဟာ လူမှုအသိုင်းအဝိုင်းထဲကကူးစက်ခံရသူတွေဖြစ်ပါတယ်။ Blacktown မှာရှိတဲ့ တိုက်ခန်းတွဲတခုမှာနေထိုင်သူ ၆ဦး ကိုဗစ်-၁၉ ရောဂါရှိကြောင်း စမ်းသပ်တွေ့ရှိရတဲ့နောက် အဲဒီတိုက်ခန်းဝန်းကျင်တဝိုက်ကို အစောင့် ရဲတွေချထားပါတယ်။
လူမှုအသိုင်းအဝိုင်းအလားလုံးအတွက် အသက် ၄၀အထက်ရှိသူတွေ ထိုးဖို့ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေးကို NSW ကျန်းမာရေးဌာနက ကမ်းလှမ်းပေးလိုက်ပြီး ဆစ်ဒနီ အနောက်ဘက်ခြမ်း Merrylands နဲ့ Guilford ဒေသတဝိုက်မှာ ကြိုတင်ရက်ချိန်းမလိုပဲ ကာကွယ်ဆေးသွားရောက်ထိုးလို့ရတဲ့ ဆေးခန်းတွေဖွင့်လှစ်ပေးလိုက်ပါတယ်။
မနက်ဖြန်ကစပြီး အသက် ၁၈နှစ်အထက်ရှိသူတွေ AstraZeneca ကိုဗစ်-၁၉ကာကွယ် ဆေးတွေကို ဆေးရောင်းသူ (pharmacists) တွေထံကနေ သွားထိုးလိုရပြီး လူတွေအားလုံး ဖြစ်နိုင်လျင် အလျင်အမြန် သွားရောက်ထိုးကြဖို့ ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က တိုက်တွန်းလိုက်ပါတယ်။
ဗစ်တိုးရီးယား
ဗစ်တိုးရီးယားပြည်နယ်အတွင်း ရောဂါရှိသူ ၁၀ဦးထပ်မံတိုးလာပြီး သူတို့အားလုံးဟာ ရောဂါရှိနေချိန်တလျောက်လုံး ကွာရင်တင်းမှာ နေထိုင်သူတွေဖြစ်ပါတယ်။ ပဉ္စမအကြိမ် ပိတ်ချမှုကို ဒီကနေ့ည ၁၁နာရီ ၅၉မိနစ်မှာ အဆုံးသတ်မှာဖြစ်ပေမယ့် ကန့်သတ်ချက်တချို့ကိုတော့ ရှေ့နှစ်ပတ်ကြာတဲ့အထိ ဆက်လက်ထားရှိမှာဖြစ်ပါတယ်။
ဗစ်တိုးရီးယားပြည်သူတွေအနေနဲ့ မိမိရဲ့အိမ်တွေမှာ ဧည့်သည်လုံးဝလက်ခံလို့မရတဲ့အပြင် လူထုစုဝေးပွဲတွေမှာ ၁၀ဦးထက်စုလို့မရသလို ပါးစပ်နဲ့နှာခေါင်းစည်းတွေကို မဖြစ်မနေ တပ်ဆင်ရမယ့် ကန့်သတ်ချက်တွေ ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ နောက်ဆုံး ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
လွန်ခဲ့တဲ့ ၂၄နာရီအတွင်း သြစတြေးလျားနိုင်ငံတခွင်အခြေအနေ
- Wagga Wagga, Hay, Lockhart နဲ့ Murrumbidgee နေရာတွေကို ဗစ်တိုးရီးယားနဲ့ NSW နယ်စပ်သွားလာခွင့်ရနယ်မြေထဲမှာ ပယ်ဖျက်လိုက်ပါတယ်။
- Commonwealth အချက်အလက်အရ အသက် ၆၀ အထက်ရှိသူတွေထဲမှာ ကာကွယ်ဆေး အပြည့်အဝထိုးထားသူ ၁၅ရာခိုင်နှုန်းသာရှိပါတယ်။
- Sydney နဲ့ Melbourne မြို့တွေမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကိုချိုးဖောက်ပြီး ပိတ်ချမှုကိုဆန့်ကျင်တဲ့လူ ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ကွာရင်တင်း၊ ခရီးသွားလာရေး၊ ရောဂါစစ်ဆေးမှုဆေးခန်းတွေနဲ့ ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေး
ကွာရင်တင်းနဲ့ ရောဂါစစ်ဆေးမှုဆေးခန်းအတွက် လိုအပ်ချက်တွေကို ပြည်နယ်နဲ့ territory အစိုးရတွေက စီစဉ်ပြီး ဥပဒေချမှတ်တာဖြစ်ပါတယ်။
NSWTravel & transportandQuarantine
VICTravel permit,Overseas travellersandQuarantine
ACTTransportandQuarantine
NTTravelandQuarantine
QLDTravelandQuarantine
SATravelandQuarantine
TASTravelandQuarantine
WATravelandQuarantine
သင့်အနေနဲ့ နိုင်ငံခြားကိုခရီးသွားလိုပါက ချွင်းချက်အနေနဲ့ အွန်လိုင်းကဆင့် လျောက်ထားလို့ ရကောင်းရနိုင်ပါတယ်။ သြစတြေးလျားနိုင်ငံကနေထွက်ခွာဖို့ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက်ပိုမိုသိရှိလိုပါကဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
နိုင်ငံတကာလေယာဉ်ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ယာယီကန့်သတ်ချက်တွေရှိပြီး အစိုးရကနေ ပုံမှန်ပြန်လည်သုံးသပ်ပြီး နောက်ဆုံးအခြေအနေတွေကိုSmart Travellerအင်တာနက်စာမျက်နှာပေါ်မှာ နောက်ဖော်ပြထားပါတယ်။
- သတင်းနဲ့အကြာင်းအရာတွေကို ဘာသာပေါင်း ၆၀ ကျော်နဲ့sbs.com.au/coronavirusမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
- သင့်ရဲ့ပြည်နယ် ဒါမှမဟုတ် territory နဲ့သက်ဆိုင်တဲ့ လမ်းညွန်မှု။ ။NSW,Victoria,Queensland,Western Australia,South Australia,Northern Territory,ACT,Tasmania.
- ကိုဗစ်-၁၉ဆိုင်ရာအချက်အလက်တွေကိုCOVID-19 vaccine in your languageမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
NSW Multicultural Health Communication Service ရဲ့ဘာသာပြန်ဆိုချက်တွေကို အောက်ပါအတိုင်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်နဲ့ territory တခုစီအတွင်း ရောဂါစစ်ဆေးတဲ့ဆေးခန်းများ။
ပြည်နယ်နဲ့ territory တခုစီအတွင်း ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေးအချက်အလက်များ။

