ဆစ်ဒနီမှာ တင်းကြပ်မှုတွေ တိုးချဲ့ချမှတ်ထား

ဒါကတော့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ဖြစ်ပါတယ်။

Workers conduct a deep clean at Carlton Public School in Sydney, Monday, August 23, 2021.

Workers conduct a deep clean at Carlton Public School in Sydney, Monday, August 23, 2021. Source: AAP Image/Joel Carrett

  • Sydney မြို့က hotspots နေရာတွေမှာ တင်းကြပ်မှုတွေ တိုးချဲ့ချမှတ်၊ ည ၉ နာရီကနေ မနက် ၅ နာရီ ကာဖြူးချိန်နဲ့ တစ်ရက်မှာ တစ်နာရီသာ အိမ်ပြင်ထွက်လေ့ကျင့်ခန်းလုပ်ဖို့ ပါဝင်
  •  Victoria မှာ ဘယ်လိုကနေ ဘယ်လိုကူးမှန်း မသိသူ ၂၂ ဦးရှိ
  •  ACT မှာ အသက် ၁၆-၂၉ နှစ် ရှိသူတွေကို Pfizer ထိုးပေးဖို့ ဖွင့်ထားပေး 
  • South Australia မှာ နေအိမ်မှာ ကွာရန်တင်းဝင်တာမျိုး စတင်စမ်းသပ်နေ

 


New South Wales

NSW မှာ ဒီကနေ့ ကူးစက်သူ ၈၁၈ ဦး ရှိပြီး အဲဒီအထဲက ၄၂ ဦးဟာ ရောဂါရှိတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရောဂါအခံရှိပြီးသား အသက် ၈၀ ဝန်းကျင်ရှိသူ သက်ကြီး သုံးဦးလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ရပါတယ်။

ဒီကနေ့ကစပြီး Greater Sydney မှာ တင်းကြပ်မှု တိုးချဲ့ချမှတ်ထားလိုက်ပေမယ့် Canterbury-Bankstown, Cumberland နဲ့ Fairfield မြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ သူတို့မြို့နယ်ပြင်ပကို အလုပ်ထွက်လုပ်ဖို့အတွက် ကိုဗစ်-၁၉ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှု လုပ်စရာ မလိုအပ်တော့ပါဘူး။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

Victoria

Victoria မှာ ဒီကနေ့ ရောဂါကူးစက်သူ ၇၁ ဦးများလာပြီး အဲဒီအထဲက ၂၂ ဦးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှု မရှိဘူးလို့ သိရပါတယ်။ ရောဂါရှိသူတွေထဲက ၅၅ ယောက်ဟာ ရောဂါရှိနေတဲ့ ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဘယ်လိုကနေ ဘယ်လို ကူးစက်ခံရမှန်းမသိတဲ့ လူတွေဟာ Essendon West, Camberwell, Thornbury, Fitzroy North, Maidstone နဲ့ Sorrento မှာ နေထိုင်ကြတာ ဖြစ်ပါတယ်။

ရောဂါရှိသူတွေ သွားလာခဲ့တဲ့နေရာတွေ နဲ့ ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။

Australian Capital Territory

ACT မှာတော့ ဒီကနေ့ ကူးစက်သူ ၁၆ ဦးရှိပြီး ၃ ဦးကို ဘယ်လိုကနေ ဘယ်လို ကူးစက်ခံရသလဲ ဆိုတာ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ သုံးဦးဟာလည်း ရောဂါရှိနေတုန်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်ကနေ ၂၉ နှစ်အကြား ရှိသူတွေအနေနဲ့ Pfizer COVID-19 ကာကွယ်ဆေး ထိုးချင်ရင် My Digital Health Record ဝဘ်ဆိုက်ကနေတဆင့် ရက်ချိန်းယူပြီး လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။

ရောဂါရှိသူတွေ သွားလာခဲ့တဲ့နေရာနဲ့ ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးခွင့်ရှိမရှိ ဆိုတာကို ဒီနေရာမှာ လေ့လာပါ။ 

 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျနိုင်ငံတဝှမ်းရဲ့ အခြေအနေ

  • Queensland ပြည်နယ်မှာ ရောဂါရှိသူ တစ်ဦးသာတွေ့ပြီး ဟိုတယ်မှာ ကွာရန်တင်းဝင်နေသူ ဖြစ်ပါတယ်။
  •  South Australia မှာ နေအိမ်မှာပဲ ကွာရန်တင်းဝင်တဲ့စနစ်ကို စမ်းသပ်လုပ်ဆောင်နေပြီး ဟိုတယ်အစား နေအိမ်မှာ ကွာရန်တင်းဝင်တာတွေ၊ နေရာကို ခြေရာခံနိုင်ဖို့နဲ့ လူတွေရဲ့မျက်နှာကို မှတ်မိတဲ့ နည်းပညာတွေကို အသုံးပြုဖို့ လုပ်ဆောင်နေပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory

 


Share

3 min read

Published

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now