TGA က Novavax ကာကွယ်ဆေးအသုံးပြုခွင့်ပေးသလို တချို့လူနာအတွက် anti-viral ဆေးလုံးတွေနဲ့ ကုသခွင့်ပေး

ဒါကတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် သြစတြေးလျနိုင်ငံဆိုင်ရာ ကို၇ိုနာဗိုင်းရပ်စ်ရဲ့ အခြေအနေ ဖြစ်ပါတယ်။

L’Australie valide le vaccin Novarax.

Source: AP

  • Therapeutic Goods Administration (TGA) ကနေ သြစတြေးလျနိုင်ငံမှာ Novavax COVID-19 ကာကွယ်ဆေးကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီကာကွယ်ဆေး အမျိုးအစားကို သြစတြေးလျက အခုပေါင်း ၅၁ သန်း ဝယ်ယူဖို့ ကြိုတင်မှာယူထားပြီးသား ဖြစ်ပါတယ်။
  • ဒါ့အပြင် TGA က ရောဂါအခံရှိသူတွေ၊ ခံနိုင်ရည်အားနည်းသူတွေအတွက် anti-viral ကိုဗစ်-၁၉ ကုသနည်း နှစ်မျိုးနဲ့ ကုသနိုင်ဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
  • ကျန်းမာရေးဝန်ကြီး Greg Hunt ရဲ့အဆိုအရ ကိုဗစ်ကုသဆေး နှစ်မျိုးဖြစ်တဲ့ paxlovid နဲ့ molnupiravir ဆေးတွေ သြစတြေးလျနိုင်ငံကို မကြာခင် သတင်းပတ်အတွင်း ရောက်လာမယ်လို့ ပြောပါတယ်။
  • သြစတြေးလျနိုင်ငံ တခွင်မှာ ဒီကနေ့ ကိုဗစ်ကြောင့် သေဆုံးသူ ၄၉ ဦး ရှိပါတယ်။
  • NSW ပြည်နယ်မှာ ကိုဗစ်-၁၉ ကြောင့် ဆေးရုံတင်ထားရသူဦးရေဟာ ဒီဇင်ဘာလ ၁၈ ရက်နောက်ပိုင်း ပထမဆုံးအကြိမ် လျော့ကျလာပြီး ဆေးရုံတင်ထားရသူ ၂၈၆၃ ဦရှိပြီး ဗုဒ္စဟူးနေ့တုန်းက ၂၇၈၁ ဦး ရှိပါတယ်။ အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေသူဦးရေလည်း ကျဆင်းပြီး ဗုဒ္စဟူးနေ့မှာ ၂၁၇ ဦးရှိပေမယ့် ဒီကနေ့မှာ ၂၁၂ ဦး ရှိပါတယ်။
  • NSW မှာ ဒီကနေ့ ကူးစက်သူ ၃၀၂၈၅ ဦးရှိပြီး ၂၅ ဦး သေဆုံးရပါတယ်။
  • ကြာသပတေးနေ့ကြရင် ဝန်ကြီးများအဖွဲ့ တွေ့ဆုံဖို့ရှိပြီး ကျောင်းသူ၊ ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေ လုံခြုံဘေးကင်းစွာ ကျောင်းပြန်တက်နိုင်ရေးနဲ့ စာသင်ကျောင်းတွေရဲ့ ကိုဗစ်လုံခြုံဘေးကင်းရေး အစီအစဉ်တွေအကြောင်း ဆွေးနွေးဖို့ရှိမယ်လို့ မျှော်လင့်နေကြပါတယ်။
  • ကွင်းစလန်းပြည်နယ်မှာ ဒီကနေ့ ကူးစက်ခံရသူ ၁၆၈၁၂ ဦးရှိပြီး ၉ ဦးသေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ ရောဂါအခံရှိသူ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးလည်း ပါဝင်ပါတယ်။
  • ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် Daniel Andrews က ရောဂါကနေ ကောင်းမွန်စွာ ကာကွယ်ဖို့ ကာကွယ်ဆေး ၃ ချောင်းထိုးဖို့လိုအပ်ပြီး ဝန်ကြီးများအဖွဲ့အနေနဲ့လည်း အဲဒီအမြင်ပဲ ရှိကြလိမ့်မယ်လို့ ပြောပါတယ်။
  • ကွင်းစလန်းပြည်နယ် အာဏာပိုင်တွေက ဒီလအကုန်လောက်ကြရင် ရောဂါကူးစက်မှု အခြေအနေ အထွတ်အထိပ်ရောက်ပြီး ပြန်လည် ကျဆင်းသွားမယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီးYvette D'Ath က ခန့်မှန်းပြောဆိုလိုက်ပြီး Gold Coast မြို့မှာ အရင်ဆုံး ကျဆင်းမှု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ပြည်နယ်တချို့မှာ မိမိဖာသာ ရောဂါရှိမရှိ RAT စစ်ဆေးပြီး ရောဂါရှိကြောင်း မှတ်ပုံတင်နိုင်အောင် အွန်လိုင်းဖောင်တွေကို အောက်ပါလင့်ခ်တွေမှာ လုပ်ဆောင်ပေးထားပါတယ်။

COVID-19 ကူးစက်မှု၊ သေဆုံးမှု အရေအတွက်

NSW ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၃၀၈၂၅ ဦးရှိပြီး ၂၅ ဦးသေဆုံးရချိန်မှာ ဗစ်တိုးရီးယားပြည်နယ်မှာ ကူးစက်သူ ၂၁၉ ၆၆ ဦးရှိပြီး ၉ ဦး သေဆုံးရပါတယ်။
ကွင်းစလန်းပြည်နယ်မှာ ကူးစက်သူ ၁၆၈၁၂ ဦးရှိပြီး ၉ ဦးသေဆုံးရသလို တက်စ်မေးနီးယားပြည်နယ်မှာ ကူးစက်သူ ၉ ၂၇ ဦး ရှိပါတယ်။
ACT မှာ ကူးစက်သူ ၈၉ ၂ ဦး ရှိပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပတ်သက်ပြီး လက်ရှိချမှတ်ချက်တွေကို သင့်ဘာသာစကားနဲ့ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။


ပြည်နယ်အလိုက် ကွာရန်တင်းနဲ့ အခြား စည်းမျဉ်းများ

သင်နေထိုင်ရာ ပြည်နယ် ဒါမှမဟုတ် ဒေသအပေါ် မူတည်ပြီး ဘာတွေ လုပ်နိုင်တယ်၊ ဘာတွေ လုပ်ခွင့်မရှိဘူးလည်း ဆိုတာနဲ့ပတ်သက်ပြီး လေ့လာပါ။

ခရီးသွားလာခြင်း

နိုင်ငံတကာ ခရီးသွားလာသူများနဲ့ ကိုဗစ်-၁၉ ဆိုင်ရာအချက်အလက်နဲ့ ခရီးသွားခြင်းဆိုင်ရာ အချက်အလက်တွေကို သင့်ဘာသာစကားနဲ့ လေ့လာနိုင်ပါတယ်။

ငွေရေးကြေးရေး အကူအညီ

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးတဲ့နှုန်း ၇၀% နဲ့ ၈၀% ပြည့်တာနဲ့
COVID-19 Disaster Payment မှာ အပြောင်းအလဲတွေ ရှိပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း ငွေရေးကြေးရေးဆိုင်ရာ အကူအညီတွေနဲ့ ဆက်စပ်ပြီး သင့်ဘာသာစကားနဲ့ Services Australia မှာ လေ့လာနိုင်ပါတယ်။





 

  • ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကား အမျိုးအစားပေါင်း ၆၀ ကျော်နဲ့ https://www.sbs.com.au/language/coronavirus မှာ လေ့လာနိုင်ပါတယ်။
  • သင်နေထိုင်ရာ ပြည်နယ် သို့မဟုတ် ဒေသဆိုင်ရာ လမ်းညွန်ချက်နဲ့ ဆက်စပ်ပြီး လေ့လာရန် -  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania.  
  • COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သင့်ဘာသာစကားဖြင့် လေ့လာနိုင်ပါတယ်။

 

NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ပြည်နယ်နဲ့ ဒေသဆိုင်ရာ ရောဂါစစ်ဆေးရေးဌာနများအတွက် -
NSW 
ACT 

Share

Published


Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
TGA က Novavax ကာကွယ်ဆေးအသုံးပြုခွင့်ပေးသလို တချို့လူနာအတွက် anti-viral ဆေးလုံးတွေနဲ့ ကုသခွင့်ပေး | SBS Burmese