- ဗစ်တိုးရီးယားပြည်နယ်အတွင်း ပိတ်ချမှုကို ဇူလိုင်လ ၂၇ရက် အင်္ဂါနေ့အထိ ထပ်မံသက်တမ်းတိုး
- နယူးဆော့သ်ဝေးပြည်နယ်မှာ ကိုဗစ်-၁၉ Delta မျိုးကွဲကူးစက်ပြန့်ပွားမှုကြောင့် သေဆုံးသူ ၅ဦးအထိရှိလာ
- ဒီကနေည ၆နာရီကစပြီး ဆော့သ် သြစတြေးလျားအတွင်း တင်းကျပ်မှု ၅ဆင့် ကြေညာချမှတ်
- သြစတြေးလျားပြည်သူ 10.1 သန်းကျော် ကာကွယ်ဆေးပထမ အကြိမ်ထိုးပြီး၊ လူပေါင်း 2.8 သန်းကာကွယ်ဆေးအပြည့်အဝထိုးပြီး
ဗစ်တိုးရီးယား
ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က လက်ရှိပိတ်ချမှုကို ဇူလိုင်လ ၂၇ရက် အင်္ဂါနေ့ အထိ ထပ်မံသက်တမ်းတိုးကြောင်း ကြေညာလိုက်ပါတယ်။
ဗစ်တိုးရီးယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၃ဦးတိုးလာပြီး အဲဒီထဲမှာ ပဟေဠိဆန်ဆန် ကူးစက်ခံရသူတဦးပါဝင်ပါတယ်။ ကူးစက်ခံရသူ ၉ဦးဟာ် ရောဂါရှိတဲ့ကာလအတောအတွင်းမှာ သီးခြားနေထိုင်သူတွေဖြစ်ပါတယ်။ ဗစ်တိုးရီးယားပြည်နယ်အတွင်း လက်ရှိ ရောဂါရှိနေဆဲလူပေါင်း ၉၆ဦးရှိပါတယ်။
ဗစ်တိုးရီးယားပြည်နယ် red zone ခရီးသွားခွင့်ကို ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။
စီးပွားရေးထောက်ပံ့ကူညီမှုအတွက် စိုးရိမ်မကင်းဖြစ်မှုတွေကို မနက်ဖြန်မှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။
လက်ရှိရောဂါရှိသူနဲ့ အနီးအကပ်နေသူ ၁၅၈၀၀ဦးရှိပြီး ပြည်နယ်နယ်တောင်ဘက် Phillip Island နဲ့ Mildura အနောက်မြောက်ဘက် အပါအဝင် ရောဂါကူးစက်ပြန့်ပွားမှုနေရာပေါင်း ၃၀၀ ကျော်သတ်မှတ်ထားပါတယ်။ ရောဂါကူးစက်ဖြစ်ပွားတဲ့နေရာတွေကို အောက်ပါစာရင်း ဒါမှမဟုတ် မြေပုံထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
နယူးဆော့သ်ဝေး
နယူးဆော့သ်ဝေးပြည်နယ်အတွင်းဒေသတွင်း ကိုဗစ်-၁၉ ကူးစ်ခံရသူ ၇၈ဦးထပ်မံတိုးလာပြီး ဒီထဲက ၂၁ယောက်ဟာ လူမှုအသိုင်းအဝိုင်းအတွင်း ကူးစက်မှုဖြစ်ပါတယ်။ ဆစ်ဒနီမြို့ အနောက်တောင်ဘက်ခြမ်းမှာနေထိုင်တဲ့အသက် ၅၀ အရွယ်အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ သူမသေဆုံးမှုနဲ့ဆိုရင် နယူးဆော့သ်ဝေးပြည်နယ်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၁ ဦးရှိသွားပြီဖြစ်ပြီး လက်ရှိထပ်မံဖြစ်ပွားတဲ့ရောဂါကူးစက်မှုကြောင့် ဆိုရင်တော့ သူမဟာ ၅ဦးမြောက်သေဆုံးသူဖြစ်ပါတယ်။
အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းအတွက် ကိုဗစ် ပိတ်ချမှုထောက်ပံ့ကြေး လျှောက်လွှာတွေကို Service NSW က စတင်ဖွင့်လှစ်ပေးပြီဖြစ်ပါတယ်။ လျှောက်လွှာတင်သွင်းမှုကို ၂၀၂၁ စက်တင်ဘာလ ၁၃ရက်နေမှာ ပိတ်မှာဖြစ်ပါတယ်။ အချက်အလက်ပိုမို သိရှိလ်ိုပါက 2021 COVID-19 business grant – Guidelines. မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
ရောဂါကူးစက်ဖြစ်ပွားတဲ့နေရာတွေကို အောက်ပါစာရင်း ဒါမှမဟုတ် မြေပုံထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ လက်ရှိပိတ်ချမှုကို ဇူလိုင်လ ၃၀ရက် သောကြာနေ့ ည၁၁နာရီ ၅၉မိနစ်အထိ သက်တမ်းတိုးထားပါတယ်။
လွန်ခဲ့တဲ့ ၂၄နာရီအတွင်း သြစတြေးလျားတခွင်အခြေအနေ
- ဆော့သ် သြစတြေးလျားမှာ လူမှုအသ်ိုင်းအဝိုင်းအတွင်း ကိုဗစ် ၁၉ ကူးစက်သူ ၅ဦးတိုးလာပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် Steven Marshall က ဒီကနေ့ ည ၆နာရီကနေစပြီး အနည်းဆုံး ဇူလိုင်လ ၂၇ရက်နေ့အထိ တင်းကျပ်မှု ၅ဆင့် ချမှတ်လိုက်ပါတယ်။လက်ရှိမှာ ရောဂါကူးစက်ပြန့်ပွားနေရာ ၁၆ခုရှိပါတယ်။ ရောဂါကူးစက်ဖြစ်ပွားတဲ့နေရာတွေကို အောက်ပါစာရင်း ဒါမှမဟုတ် မြေပုံထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
- ကွင်းစလန်းပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတဦးတိုးလာပါတယ်။
- Western Australia ပြည်နယ် Fremantle မြို့မှာ ကမ်းကပ်ထားတဲ့ ကုန်တင်သင်္ဘော ပေါ်က ရောဂါလက္ခဏာပြတဲ့ သင်္ဘောသား ၈ဦးစလုံးမှာ ကိုဗစ် -၁၉ ရောဂါရှိကြောင်း စမ်းသပ်တွေ့ရှိရပါတယ်။
အစိုးရက ရောဂါကူးစက်ပြန်ပွားမှုနေရာလို့ သတ်မှတ်ပြီး ပိတ်ချကန့်သတ်မှု ၇ရက်အထက်ကြာမြင့်တဲ့ နေရာတွေမှာနေထိုင်သူ၊ ပိတ်ချမှုကြောင့် အလုပ်နာရီချိန်လျော့ချခံရသူ ဒါမှတ်မဟုတ် အလုပ်လက်မဲ့ဖြစ်သွားသူတွေအနေနဲ့ COVID-19 Disaster Payment ကိုဗစ်-၁၉ ကပ်ရောဂါထောက်ပံ့ကြေးကို အပတ်စဉ်ရရှိမှာဖြစ်ပါတယ်။ အကြောင်းအရာတွေကို ဘာသာစကားပေါင်း ၆၀နဲ့ ရနိုင်မှာဖြစ်သလို ဘာသာစကားမျိုးစုံကို ဆက်သွယ်နိုင်တဲ့ ၁၃၁ ၂၀၂ ဖုန်းကိုလည်း ခေါ်ဆိုနိုင်ပါတယ်။
မူစလင်တွေရဲ့ Eid al Adha ဥပုလ ကာလဟာ ဇူလိုင်လ ၂၃ရက် သောကြာနေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ Eid al-Fitr ဆုတောင်းသူတွေအနေနဲ့ မိမိကိုယ်ကိုကာကွယ်ဖို့နဲ့ တခြားသူတွေကို ကာကွယ်ဖို့ အရေးကြီးတာကြောင့်။ ။
- အိမ်ထဲမှာဆုတောင်းဖို့ရွေးချယ်ရန်
- လူစုလူဝေးဆုတောင်းပွဲတွေဖျက်သိမ်းရန်
- ပါးစပ်နဲ့ နှာခေါင်းစည်းများတပ်ဆင်ရန်
- ဆုတောင်းရာမှာ မိမိကိုယ်ပိုင်ကော်ဇောကိုပဲအသုံးပြုရန်
ကိုဗစ် -၁၉ နဲ့ပတ်သက်တဲ့ အထောက်အထားမဲ့ပြောဆိုမှုများ။ ။
ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ အလျင်အမြန် ဖော်စပ်ထုတ်လုပ်ထားတဲ့အတွက် ဘေးကင်းလုံခြုံမှုမရှိဘူးလို့ဆိုကြပါတယ်။
ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ မှန်ကန်တဲ့အချက်အလက်များ။ ။
ကိုဗစ်-၁၉ ကာကွယ်ဆေး တခုစီကို ဖြန့်ဝေသုံးစွဲခွင့်မပြုခင်မှာ သြစတြေးလျားနိုင်ငံရဲ့ Therapeutic Goods Administration (TGA) ရဲ့ တင်းကျပ်ထားတဲ့ သတ်မှတ်ချက်တွေဖြစ်တဲ့ ဘေးကင်းလုံခြုံမှု၊ အရေအသွေးပြည့်မှီမှု၊ ထိရောက်မှု စတဲ့အချက်တွေနဲ့ ပြည့်စုံရမှာဖြစ်ပါတယ်။ သြစတြေးလျားနိုင်ငံအတွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ ဘေးကင်းလုံခြုံမှု နဲ့ပတ်သက်တဲ့ အကြောင်းအရာတခုခု တွေ့ရှိခဲ့လျင် အလျင်အမြန် အရေးယူကိုင်တွယ်နိုင်ဖို့ TGA အနေနဲ့ အနီးအကပ် စောင့်ကြည့်လျက်ရှိပါတယ်။ သြစတြေးလျနိုင်ငံထဲကို ပေးဝင်ခွင့်မပြုခင်မှာ တင်သွင်းလာတဲ့ ကာကွယ်တခုစီရဲ့ အရည်အသွေးကို TGA က သေခြာစွာ စစ်ဆေးပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း ပြုစုထားတဲ့ အများပြည်သူကျန်းမာရေးဆိုင်ရာသုံးသပ်ချက်တွေထဲမှာ မတူညီတဲ့ ကိုဗစ်-၁၉ မျိုးကွဲကြောင့် နိုင်ငံတဝှမ်းရှိ သေဆုံးသူတွေဟာ ကာကွယ်ဆေးမထိုးထားတဲ့သူတွေဖြစ်ပါတယ်။
ဇွန်လအတွင်း Public Health England ကနေထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖေဖော်ဝါရီလကတည်းကစပြီး Dalta မျိုးကွဲကြောင့် ဆေးရုံတင်ရတဲ့သူ ၂၂၃ ဦးထဲက ၁၀၃ဦးဟာ ကာကွယ်ဆေးမထိုးထားတဲ့သူ ဒါမှမဟုတ် တကြိမ်တည်းသာ ထိုးထားရတဲ့သူတွေဖြစ်ပါတယ်။
ကွာရင်တင်း၊ ခရီးသွားလာရေး၊ ရောဂါစစ်ဆေးမှုဆေးခန်းတွေနဲ့ ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေး
ကွာရင်တင်းနဲ့ ရောဂါစစ်ဆေးမှုဆေးခန်းအတွက် လိုအပ်ချက်တွေကို ပြည်နယ်နဲ့ territory အစိုးရတွေက စီစဉ်ပြီး ဥပဒေချမှတ်တာဖြစ်ပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
သင့်အနေနဲ့ နိုင်ငံခြားကိုခရီးသွားလိုပါက ချွင်းချက်အနေနဲ့ အွန်လိုင်းကဆင့် လျောက်ထားလို့ ရကောင်းရနိုင်ပါတယ်။ သြစတြေးလျားနိုင်ငံကနေထွက်ခွာဖို့ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက်ပိုမိုသိရှိလိုပါက ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
နိုင်ငံတကာလေယာဉ်ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ယာယီကန့်သတ်ချက်တွေရှိပြီး အစိုးရကနေ ပုံမှန်ပြန်လည်သုံးသပ်ပြီး နောက်ဆုံးအခြေအနေတွေကို Smart Travellerအင်တာနက်စာမျက်နှာပေါ်မှာ နောက်ဖော်ပြထားပါတယ်။
- သတင်းနဲ့အကြာင်းအရာတွေကို ဘာသာပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
- သင့်ရဲ့ပြည်နယ် ဒါမှမဟုတ် territory နဲ့သက်ဆိုင်တဲ့ လမ်းညွန်မှု။ ။ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania.
- ကိုဗစ်-၁၉ဆိုင်ရာအချက်အလက်တွေကို COVID-19 vaccine in your language မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
NSW Multicultural Health Communication Service ရဲ့ဘာသာပြန်ဆိုချက်တွေကို အောက်ပါအတိုင်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်နဲ့ territory တခုစီအတွင်း ရောဂါစစ်ဆေးတဲ့ဆေးခန်းများ။
ပြည်နယ်နဲ့ territory တခုစီအတွင်း ကပ်ရောဂါဆိုင်ရာထောက်ပံ့ကြေးအချက်အလက်များ။

