- NSW မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ချောင်းထိုးပြီးသူ ၉ ၀% ရှိပေမယ့် ပြည်နယ်ဝန်ကြီးချုပ်ကတော့ တင်းကြပ်မှု လျှော့လာတာနဲ့အမျှ ကူးစက်မှုများလာနိုင်တယ်လို့ပြော
- ဗစ်တိုးရီးယားပြည်နယ် Mildura နယ်မြို့လေးမှာ ကူးစက်မှုများလာလို့ လော့ခ်ဒေါင်းချမှတ်
- NSW ပြည်နယ်မှာ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ပေါ်လာလို့ စုံစမ်းစစ်ဆေးမှု လုပ်နေဆဲ
Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၉ ၆၅ ရှိပြီး လူ ၅ ဦး သေဆုံးခဲ့ရပါတယ်။
အခုဆိုရင် ပြည်နယ်အတွင်းမှာ ရောဂါကူးစက်ခံရသူ အယောက်ပေါင်း ၁၇ ၀၀၀ ကျော် ရှိသွားပြီး ၅၃၈ ဦးက ဆေးရုံမှာ ကုသမှု ခံနေရပါတယ်။ အဲဒီအထဲမှာ ၁၁၇ ဦးက အထူးကြပ်မတ်ဆောင်နဲ့ ၈၃ ဦးက ventilator ကို အသုံးပြုနေရပါတယ်။
ပြည်နယ်အတွင်းရှိ Mildura နယ်မြို့မှာ ကူးစက်မှု များလာလို့ ၇ ရက်ကြာ လော့ခ်ဒေါင်း ချမှတ်လိုက်ပါတယ်။
အခုဆိုရင် ဗစ်တိုးရီးယားပြည်နယ်မှာ ကာကွယ်ဆေး ၂ ချောင်းစလုံး ထိုးထားသူ ၅၇% ရှိပြီး ၈၅% ကျော်က တစ်ချောင်းထိုးပြီးကြသူတွေ ဖြစ်ပါတယ်။
New South Wales
New South Wales မှာ ဒီကနေ့ ကူးစက်သူ ၅၈၉ ယောက်ရှိပြီး ၁၁ ဦး သေဆုံးခဲ့ရပါတယ်။ အခုဆိုရင် ပြည်နယ်အတွင်းမှာ ကာကွယ်ဆေး တစ်ချောင်း ထိုးပြီးသူ ၉ ၀% နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။
ရောဂါကူးစက်ခံနေရသူတွေထဲက ၁၈၂ ဦး ဆေးရုံမှာ ကုသခံနေရပြီး ၁၆၃ ဦးက အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Dominic Perrottet က တနင်္လာနေ့ကစပြီး တင်းကြပ်မှုတွေ စတင်ဖြေလျှော့မှာဖြစ်လို့ အဲဒီနောက်ပိုင်း ကူးစက်မှုတွေ၊ ဆေးရုံမှာ ကုသခံရမယ့်လူတွေ တိုးလာနိုင်တယ်လို့ ပြောပါတယ်။
အခုလောလောဆယ် နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ ပြည်ပကနေ ရောက်လာတဲ့ လူတစ်ဦးကနေ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျတခွင် အခြေအနေ
- Queensland မှာ ဒီကနေ့ ကိုဗစ်-၁၉ ကူးစက်သူမရှိပါဘူး။
- ACT မှာ ဒီကနေ့ ၂၅ ဦး ကူးစက်ခံရပြီး ၁၂ ဦးသာ လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်မှုရှိပြီး တခြားလူတွေက ဘယ်လိုကနေ ဘယ်လို ကူးစက်သလဲ ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။
- သြစတြေးလျနိုင်ငံက ကိုယ်ခံအားမကောင်းတဲ့လူတွေ ( ကိုယ်ခန္စာ အစားထိုး ကုသမှု ခံယူထားသူ၊ ကင်ဆာရောဂါ ကုသမှုခံယူသူ စသည်ဖြင့်) အနေနဲ့ ကိုဗစ်-၁၉ ရောဂါကနေ ပိုမို ကာကွယ်နိုင်အောင် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယမြောက် အချောင်းကိုပါ ထိုးချင်ရင် ထိုးနိုင်တယ်လို့ အစိုးရက ပြောပါတယ်။
ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။