ဗစ်တိုးရီးယားမှာ ကပ်ရောဂါဆိုင်ရာ ဥပဒေအဆိုတင်၊ ကွင်းစလန်းမှာ နိုင်ငံတကာကျောင်းသားတွေ ပြန်လက်ခံမယ်

ဒါကတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ ဖြစ်ပါတယ်။

Wanafunzi watembea katika chuo cha Queensland mjini Brisbane.

Wanafunzi watembea katika chuo cha Queensland mjini Brisbane. Source: Getty Images

  • Victoria မှာ ကပ်ရောဂါအခြေအနေအတွင်း အများပြည်သူ့ဆိုင်ရာ ကျန်းမာရေးပြုပြင်ပြောင်းလဲမှု ဥပဒေ အဆိုတင်သွင်း
  • Queensland မှာ နိုင်ငံတကာ ကျောင်းသားတွေကို ပြန်လည်လက်ခံဖို့ အစီအစဉ်ကြေညာ
  • NT မှာ ကွာရန်တင်း ဝင်စရာမလိုတဲ့ ပေါ်လစီကျင့်သုံးနိုင်ဖို့ လုပ်ဆောင်နေ

 

Victoria

Victoria ပြည်နယ် ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်သူ ၁၅၁၀ ဦးရှိပြီး ၄ ဦး သေဆုံးခဲ့ရပါတယ်။

ပြည်နယ် အစိုးရက ကပ်ရောဂါဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ဥပဒေအသစ်အရ ကျန်းမာရေး အာဏာပိုင်တွေနဲ့ ပညာရှင်တွေကနေ အကြံပြုလာရင် ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ကပ်ရောဂါ ဖြစ်နေတဲ့အကြောင်း ကြေညာခွင့်ရရှိမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီး Martin Foley ရဲ့ အဆိုအရ အခုလောလောဆယ် အရေးပေါ် အခြေအနေကို ကြေညာနိုင်ဖို့နဲ့ ဆက်လက် ရက်တိုးဖို့သင့်မသင့် ဝန်ကြီးက ၄ ပတ်မှာ တစ်ကြိမ် ပုံမှန် ပြန်လည်ဆန်းစစ်မှု လုပ်နေရတာဖြစ်ပြီး ဥပဒေအသစ်က အဲဒီလိုမျိုး လုပ်စရာလိုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

စည်းကမ်းမလိုက်နာလို့ ဒဏ်ကြေးတပ်ခံရပေမယ့် ငွေကြေးမတတ်နိုင်သူတွေကို လျှော့ပေါ့ပေးဖို့အတွက်လည်း ပါဝင်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ အောက်တိုဘာလ ၂၉ ရက်၊ သောကြာနေ့ကြရင် ကာကွယ်ဆေး ၂ ချောင်း ထိုးထားတဲ့ ဦးရေက ၈၀% ရှိမှာဖြစ်လို့ တင်းကြပ်မှုတွေကို ထပ်မံဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးဖို့အတွက် ရက်ချိန်းကို ဒီနေရာမှာ ရယူနိုင်ပါတယ်။

Queensland

ကွင်းစလန်းပြည်နယ်ဝန်ကြီးချုပ် Anastasia Palaszczuk က ၂၀၂၂ ခုနှစ်ကြရင် နိုင်ငံတကာက ကျောင်းသားတွေကို ပြန်လည်လက်ခံတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီကနေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂ ဦးသာရှိပြီး စိုးရိမ်စရာ သိပ်မရှိဘူးလို့ သိရပါတယ်။

ကာကွယ်ဆေးထိုးဖို့အတွက် ရက်ချိန်းကို ဒီနေရာမှာ ရယူနိုင်ပါတယ်။

 

BREAKING: International students will return to study in Queensland in 2022.

They will be the first to use the Regional Quarantine Facility at Wellcamp.

Students will be required to be fully vaccinated and a proportion of students will study at universities outside of Brisbane. pic.twitter.com/QHPaGTsyZT

— Annastacia Palaszczuk (@AnnastaciaMP) October 26, 2021

 

New South Wales

New South Wales ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၂၈၂ ဦးရှိပြီး ၁ ဦး သေဆုံးခဲ့ရပါတယ်။

ပြည်နယ်အတွင်းမှာ အသက် ၁၆ နှစ်အထက်ရှိသူလူပေါင်း ၈၅% ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။

သင့်အနားက ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာကို ဒီနေရာမှာ ရှာကြည့်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျ အခြေအနေ

ACT မှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂ ဦး ရှိပါတယ်။

Northern Territory မှာ ဇန်နဝါရီလ ၁၈ ရက်နောက်ပိုင်း ကာကွယ်ဆေး အပြည့်အဝ ထိုးထားတဲ့လူတွေ ကွာရန်တင်းဝင်စရာ မလိုတဲ့ ပေါ်လစီ ကျင့်သုံးနိုင်ဖို့ စီစဉ်နေပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

NSW Travel & transport and Quarantine

VIC Travel permitOverseas travellers and Quarantine

ACT Transport and Quarantine

NT Travel and Quarantine

QLD Travel and Quarantine

SA Travel and Quarantine

TAS Travel and Quarantine

WA Travel and Quarantine

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 

COVID-19 Vaccination Glossary
Appointment Reminder Tool.


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory


Share

3 min read

Published

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now