- ဗစ်တိုးရီးယားပြည်နယ်မှာ ကာကွယ်ဆေး ရက်ချိန်း ထောင်နဲ့ချီ အားလပ်နေ
- NSW မှာ လူဦးရေ ၆၇.၅% ကာကွယ်ဆေး ၂ ချောင်း ထိုးပြီးပြီ
- ကင်ဘာရာမြို့မှာ အသက် ၁၂ ကျော်သူ လူဦးရေ ၉ ၄% ကာကွယ်ဆေး တစ်ချောင်းထိုးပြီးပြီ
- ကွင်းစလန်းမှာ ကိုဗစ်-၁၉ ကူးစက်သူ နှစ်ဦးရှိ
Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇၆၃ ဦးရှိပြီး သြစတြေးလျနိုင်ငံ တစ်ခုလုံးမှာ တစ်ရက်အတွင်း ကူးစက်မှု အများဆုံးနေ့ အဖြစ်စံချိန်တင်နေပါတယ်။ ဒါ့အပြင် လူ ၄ ဦးလည်း သေဆုံးခဲ့ရပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က ကာကွယ်ဆေး ထိုးချင်သူတွေ ရက်ချိန်းရယူနိုင်ပြီး Pfizer, AstraZeneca နဲ့ Moderna ကာကွယ်ဆေးအတွက် ရက်ချိန်း ထောင်နဲ့ချီ အားလပ်နေတယ်လို့ ပြောပါတယ်။
ဒီကနေ့ကစပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ ကာကွယ်ဆေး ထိုးထားတဲ့ လူတွေသာ ပြန်အလုပ်ဝင်ခွင့်ရပြီး တင်းကြပ်တဲ့ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းတွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။
Latrobe Valley ဒေသမှာတော့ ဒီညသန်းခေါင်ကစပြီး လော့ခ်ဒေါင်းကို အဆုံးသတ်ပေးမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
New South Wales
NSW မှာ ဒီကနေ့ ကူးစက်သူ ၆၀၈ ဦးသာရှိပြီး ၇ ဦး သေဆုံးခဲ့ရပါတယ်။
အောက်တိုဘာလ ၃ ရက် တနင်္ဂနွေနေ့အထိ အသက် ၁၆ နှစ်ကျော်သူ လူပေါင်း ၈၈.၅%က ကာကွယ်ဆေး ၁ ချောင်း ထိုးပြီးကြသူတွေ ဖြစ်ပြီး ၆၇.၅% က နှစ်ချောင်းစလုံး ထိုးပြီးကြပြီ ဖြစ်ပါတယ်။
Stay-at-home ညွန်ကြားချက်ကို Taree, Forster-Tuncurry နဲ့ Muswellbrook မှာ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ချမှတ်ထားမှာဖြစ်ပြီး အဲဒီဒေသမှာ ကူးစက်မှု များနေတဲ့အတွက် ဖြစ်ပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
Australian Capital Territory
ACT မှာ ကူးစက်သူ ၃၃ ဦးရှိပြီး အနည်းဆုံး ၁၄ ဦးဟာ ရောဂါရှိတဲ့ ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
အသက် ၁၂ ကျော်သူ လူဦးရေ ၉ ၄% က အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်းထိုးပြီးသွားပြီလို့ သိရပြီး ၆၅% က နှစ်ချောင်းစလုံး ထိုးပြီးကြသူတွေ ဖြစ်ပါတယ်။
COVID-19 ကာကွယ်ဆေး ရက်ချိန်းရယူဖို့ ဒီနေရာမှာ နှိပ်ပါ။
လွန်ခဲ့တဲ့ ၂၄ နာရီ အခြေအနေ
သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်နဲ့အထက် ရှိသူ လူဦးရေ ၈၀% ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကြမယ့် အနေအထားမှာရှိနေပြီး နိုဝင်ဘာလလယ်လောက်ကြရင် အဲဒီအနေအထားကို ရောက်မယ်လို့ ခန့်မှန်းနေကြပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

