- Victoria မှာ ဒီည ၆ နာရီနောက်ပိုင်းကစပြီး တင်းကြပ်မှုတွေကို ထပ်မံဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။
- NSW အာဏာပိုင်တွေက ကိုဗစ်ရန်ကနေ လုံခြုံဘေးကင်းမယ့်နည်းတွေနဲ့ Halloween ကို ကျင်းပကြဖို့ တိုက်တွန်း
- Victoria ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစရာမလိုကြောင်း ချွင်းချက်ပေးတဲ့နေရာမှာ ပိုမိုတင်းကြပ်ထား
VICTORIA
Victoria ပြည်နယ်မှာ ဒီကနေ့ ရောဂါကူးစက်သူ ၁၆၅၆ ဦးရှိပြီး ၁၀ ဦး သေဆုံးခဲ့ရပါတယ်။
ဒီသောကြာနေ့ ညနေ ၆ နာရီကစပြီး လော့ခ်ဒေါင်းကို ဖယ်ရှားပြီး တင်းကြပ်မှုတချို့ ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။
အဝတ်အထည်နဲ့ တခြားလက်လီအရောင်းဆိုင်တွေလည်း ပြန်ဖွင့်ခွင့်ရမှာဖြစ်ပြီး စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေလည်း လူဦးရေအကန့်အသတ်နဲ့ ဖွင့်ခွင့်ရှိပါတယ်။
မဲလ်ဘုန်းမြို့မှာ နေထိုင်သူတွေအနေနဲ့ ဒီနေ့ကစပြီး နယ်ဒေသကိုလည်း သွားရောက်ခွင့်ရှိပါတယ်။
အဆောက်အဦးပြင်ပမှာ နှာခေါင်းစည်းတွေ တပ်စရာမလိုတော့ပေမယ့် အဆောက်အဦးအတွင်းမှာ ဆက်လက် တပ်ဆင်ရမှာ ဖြစ်ပါတယ်။
New South Wales
NSW မှာ ဒီကနေ့ ကူးစက်သူ ၂၆၈ ဦးရှိပြီး ၂ ဦး သေဆုံးခဲ့ရပါတယ်။
မကြာခင်မှာ Halloween အချိန် ကျရောက်မှာဖြစ်လို့ အဲဒီပွဲတော် ကျင်းပရင် ကိုဗစ်ရန်ကနေ ဘေးကင်းလုံခြုံမယ့်နည်းနဲ့ ပြုလုပ်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ နေအိမ်ပြင်ပမှာ ကျင်းပကြဖို့၊ သကြားလုံးတွေ ဝေတဲ့အခါလည်း တစ်ထုတ်ခြင်းစီသီးသန့် ထုတ်ထားတာမျိုးတွေ ဝေငှဖို့ တိုက်တွန်းထားပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျ အခြေအနေ
- ACT မှာ ကူးစက်သူ ၁၀ ဦး တိုးလာ၊ လောလောဆယ် ကူးစက်သူ စုစုပေါင်း ၂၃၄ ဦး ရှိလာပါတယ်။
- သြစတြေးလျနိုင်ငံ စာရင်းအင်းဌာန Australian Bureau of Statistics ရဲ့ စာရင်းအရ ပြည်ပမှာ မွေးတဲ့ သြစတြေးလျံတွေဟာ သြစတြေးလျနိုင်ငံမှာ မွေးတဲ့ လူတွေထက် ကိုဗစ်-၁၉ ကြောင့် သေဆုံးရမှု ပိုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
- Victoria ပြည်နယ်က တချို့လူတွေဟာ ကာကွယ်ဆေး ထိုးစရာမလိုတဲ့ ထောက်ခံချက်တွေရဖို့ ဆရာဝန်တွေဆီ ချဉ်းကပ်မှု လုပ်ပြီးတဲ့နောက် ချွင်းချက်မှုရနိုင်တဲ့ အနေအထားကို အစိုးရက တင်းကြပ်လိုက်ပါတယ်။
ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။