- Victoria မှာ ကူးစက်သူ ၁၄၈၈ ရှိ စံချိန်တင်များပြား
- NSW မှာ ကူးစက်သူ ၈၁၃ ဦးရှိ
- ACT မှာ ၅၂ ဦး ကူးစက်
- Queensland မှာ ကူးစက်သူ ၂ ဦးရှိ၊ နေအိမ်မှာ ကွာရန်တင်းဝင်သူတွေ ဖြစ်
Victoria
Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၄၈၈ ဦးရှိပြီး ၂ ဦး သေဆုံးခဲ့ရပါတယ်။ ဒါဟာ ဗစ်တိုးရီးယားပြည်နယ်မှာ ဖြစ်နေတဲ့ ကူးစက်မှုအတွင်း တစ်ရက်တည်းမှာ အများဆုံး ကူးစက်ခံရတဲ့နှုန်း ဖြစ်ပါတယ်။ အခုလောလောဆယ် ၄၂၉
ဦး ဆေးရုံတင်ထားရပြီး ၉ ၇ ဦးက အထူးကြပ်မတ်ဆောင်မှာ ကုသခံနေရတဲ့အပြင် ၅၄ ဦးက ventilator ကို အသုံးပြုနေရပါတယ်။
ကျန်းမာရေးဆိုင်ရာ ဌာနေတွေမှာ ရောဂါရှိသူတွေ သွားရောက်ခဲ့လို့ tier 1 နေရာအဖြစ် သတ်မှတ်ခံရမှုတွေလည်း ပိုများလာပါတယ်။ အဲဒီအထဲမှာ နယ်မြို့တွေဖြစ်တဲ့ Warrnambool, Shepparton, Gisborne, East Bendigo, Muckatah နဲ့ Ballarat ကျန်းမာရေးဌာနတွေလည်း ပါဝင်ပါတယ်။
ဘဏ္ဏာရေးဝန်ကြီး Tim Pallas က လုပ်ငန်းရှင်တွေကို စက်တင်ဘာလ ၂၁ ရက်ကနေ အောက်တိုဘာလ ၄ ရက် လော့ခ်ဒေါင်းအတွက် ကူညီဖို့ ဒေါ်လာ ၁၉ ၆.၆ သန်း ချမှတ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။
ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေကို ရှာကြည့်နိုင်ပါတယ်။
New South Wales
NSW မှာ ဒီကနေ့ ကူးစက်သူ ၈၁၃ ဦးရှိပြီး ၁၀ ဦး သေဆုံးခဲ့ရပါတယ်။
ဆေးရုံတင်ထားရသူ ၁၀၀၅ ဦးရှိပြီး ၂၀၂ က အထူးကြပ်မတ်ဆောင်နဲ့ ၉ ၉ ဦးက ventilation လိုအပ်နေသူတွေ ဖြစ်ပါတယ်။
NSW ကျန်းမာရေးဌာနက Dr Jeremy McAnulty က ဘရစ္စဘိန်းမြို့မှာ တနင်္ဂနွေနေ့ကြရင် ကျင်းပမယ့် ရာဘီဘောလုံးပွဲအတွင်း နေအိမ်တွေမှာ တရားမဝင် စုဝေးလည်ပတ်ကြတာမျိုး မလုပ်ပဲ သတ်မှတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာဖို့ ပြောဆိုထားပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။
၂၄ နာရီအတွင်း သြစတြေးလျတလွှားရဲ့ အခြေအနေ
ACT မှာ ဒီကနေ့ ကူးစက်သူ ၅၂ ဦးရှိပြီး အနည်းဆုံး ၂၉ ဦးဟာ ရောဂါရှိနေတဲ့ ကာလအတွင်း လူမှုအသိုင်းအဝိုင်းထဲ သွားလာခဲ့ကြသူတွေ ဖြစ်ပါတယ်။
Queensland ပြည်နယ်မှာ နေအိမ်မှာ ကွာရန်တင်းဝင်နေတဲ့ ကလေး နှစ်ဦး ကိုဗစ်-၁၉ ရောဂါရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
ဘရစ္စဘိန်းမြို့ လေယာဉ်လုပ်ငန်းကူးစက်မှုနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
Queensland ပြည်နယ် ကျန်းမာရေးဝန်ကြီး Yvette D'Ath က မနက်ဖြန် NRL ဘောလုံးဗိုလ်လုပွဲကျင်းပမယ့် အားကစားရုံ ပတ်လည်မှာ ကာကွယ်ဆေး ထိုးပေးမယ့် နေရာတွေ ချပေးထားမယ်လို့ ပြောပါတယ်။

ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ , pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
NSW Travel & transport and Quarantine
VIC Travel permit, Overseas travellers and Quarantine
ACT Transport and Quarantine
NT Travel and Quarantine
QLD Travel and Quarantine
SA Travel and Quarantine
TAS Travel and Quarantine
WA Travel and Quarantine
ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။ နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။
- သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ sbs.com.au/coronavirus မှာ ဖတ်ရှုု နိုင်ပါတယ်။
- သင်နေထိုင်ရာ ပြည်နယ်နဲ့ ဒေသအလိုက် လမ်းညွန်ချက်တွေကို NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmaniaမှာ ကြည့်ရှုပါ။
- သင့်ဘာသာစကားနဲ့ ကာကွယ်ဆေး ထိုးပေးခြင်း အချက်အလက်တွေကို COVID-19 vaccine in your language မှာ လေ့လာပါ။
NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။
COVID-19 Vaccination Glossary
Appointment Reminder Tool.
ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။
ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။

