Victoria မှာ တင်းကြပ်မှုတွေ မကြာခင် ဖြေလျှော့မယ်၊ သြစတြေးလျနဲ့ NZ အကြား travel bubble ပြန်လုပ်မယ်

ဒါကတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ ဖြစ်ပါတယ်။

Brighton, St Kilda, Victoria

Brighton, St Kilda, Victoria Source: AAP/DANIEL POCKETT

  • Victoria မှာ ထင်ထားတာထက် စောစီးစွာ တင်းကြပ်မှုကို ဖြေလျှော့ပေးမယ်
  • NSW မှာ ကာကွယ်ဆေး နှစ်ချောင်းစလုံးထိုးပြီးသူ ၈၀% ပြည့်ပြီ
  • သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံအကြား Travel bubble ပြန်လည်စတင်မယ်
  • ကုသရေးမှာ အတော်အောင်မြင်နေတဲ့ ကိုဗစ်-၁၉ ကုသမှုကို သြစတြေးလျ အစိုးရဝယ်ယူထား

 

Victoria

Victoria ပြည်နယ်မှာ ဒီကနေ့ ကူးစက်သူ ၁၈၃၈ ဦးရှိပြီး ၇ ဦး သေဆုံးခဲ့ရပါတယ်။
လူပေါင်း ၇၇၇ ဦး ဆေးရုံတင်ထားရပြီး အဲဒီအထဲက ၁၅၁ ဦးဟာ အထူးကြပ်မတ်ဆောင်နဲ့ ၉ ၄ ဦးက ventilators ကို အသုံးပြုနေရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် Daniel Andrews က ခန့်မှန်းထားတာထက် တင်းကြပ်မှုတွေ ဖြေလျှော့ပေးမယ်လို့ ကြေညာလိုက်ပြီး သောကြာနေ့ကစပြီး အိမ်အပြင်ထွက်ဖို့ အကြောင်းပြချက် ရှိစရာမလိုသလို ကာဖြူးအချိန် သတ်မှတ်မှုလည်း မရှိတော့ပါဘူး။
ဗစ်တိုးရီးယားပြည်နယ်က အသက် ၁၆ နှစ်နဲ့ အထက်ရှိသူလူပေါင်း ၈၉ % ကာကွယ်ဆေး ၁ ချောင်းထိုးပြီးကြသူတွေဖြစ်ပြီး ၆၅.၅% ကတော့ နှစ်ချောင်းစလုံးထိုးပြီးကြသူတွေ ဖြစ်ပါတယ်။

New South Wales
NSW ပြည်နယ်မှာ ကူးစက်သူ ၃၀၁ ဦးရှိပြီး ၁၀ ဦး သေဆုံးခဲ့ရပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Dominic Perrottet က ပြည်နယ်အတွင်းမှာ မနေ့တုန်းကပဲ ကာကွယ်ဆေး နှစ်ချောင်းထိုးထားသူ ၈၀% ပြည့်သွားပြီလို့ ပြောဆိုပြီး မန်ကဖြန်ကြရင် တင်းကြပ်မှုတွေ ထပ်မံ ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။
စိတ်ကျန်းမာရေးဝန်ဆောင်မှုအတွက် ဒေါ်လာ သန်း ၁၃၀ ရင်းနှီးမြုပ်နှံမယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

လူပေါင်း ၂၇၅၀၀၀ ဦးကို မိမိကိုယ်ကိုသေကြောင်းကြံစည်မှုကို ကာကွယ်ဖို့နဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ရှေးဦးသူနာပြုမှုနဲ့ ဆက်စပ်ပြီး သင်တန်းပေးမယ့် သြစတြေးလျနိုင်ငံက ပြည်နယ်တွေထဲမှာ နယူးဆောက်သ်ဝေးလ် ပြည်နယ်က ပထမဦးဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေရာမှာ ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူနိုင်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သြစတြေးလျ အခြေအနေ

ကိုဗစ်ကုသရေးမှာ အောင်မြင်မှုရှိနေတဲ့ Ronapreve ကုသနည်း ၁၅၀၀၀ ကို အစိုးရဝယ်ယူ
အောက်တိုဘာလ ၁၉ ရက်ကစပြီး NSW နဲ့ Vic အပြင် NZ နိုင်ငံက တချို့နေရာမှာ ကွာရန်တင်းဝင်စရာမလိုပဲ လွတ်လပ်စွာ သွားလာနိုင်မယ်
ACT မှာ ကူးစက်သူ ၃၃ ဦးရှိ
Tasmania မှာ ကူးစက်သူမရှိ
Queensland ပြည်နယ်မှာ နယ်စပ်ပြန်ဖွင့်မယ့်ရက်ကို မကြေညာသေး
ကွာရန်တင်းကိစ္စ၊ ခရီးသွားလာရေး၊ ရောဂါစမ်းသပ်စစ်ဆေးရေးဆေးခန်းနဲ့ ,  pandemic disaster payment ထောက်ပံ့ကြေးတွေကို ပြည်နယ်နဲ့ ဒေသအစိုးရအသီးသီးက သီးသန့်စီ စီမံခန့်ခွဲနေပါတယ်။ သိလိုရင် အောက်ပါလင့်ခ်တွေမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

ပြည်ပနိုင်ငံတွေကို သွားလာချင်ရင် သွားလာခွင့်ရဖို့ အွန်လိုင်းမှာ လျှောက်ထားရင် ခွင့်ပြုချက်ရကောင်း ရနိုင်ပါတယ်။ သြစတြေးလျနိုင်ငံကနေ ထွက်ခွာဖို့ ဘာတွေလိုအပ်သလဲ ဘယ်အနေအထားဖြစ်ဖို့ လိုသလဲ ဆိုတာကို သိရဖို့ ဒီနေရာမှာ အချက်အလက် ပိုရယူနိုင်ပါတယ်။  နိုင်ငံတကာ လေကြောင်းတွေမှာလည်း မသေခြာမှုတွေ မရေရာမှုတွေ ဖြစ်နေပြီး အစိုးရကနေ ပုံမှန်ပြန်လည် ဆန်းစစ်တာမျိုးလုပ်နေပြီး နောက်ဆုံးရ အချက်အလက်ကို  Smart Traveller ဝဘ်ဆိုက်မှာ ရှာကြည့်နိုင်ပါတယ်။ 


 


NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေရှိနေပြီး အောက်ပါလင့်ခ်တွေမှာ လေ့လာနိုင်ပါတယ်။ 


ပြည်နယ်ဒေသအလိုက် ရောဂါစမ်းသပ်စစ်ဆေးရေး စင်တာတွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 
ACT 
 


ပြည်နယ်နဲ့ ဒေသအလိုက်ဆိုင်ရာ ငွေကြေးထောက်ပံ့မှု Pandemic disaster payment တွေကို အောက်ပါလင့်ခ်မှာ ရှာကြည့်နိုင်ပါတယ်။ 

NSW 
ACT 

Share

Published

By SBS/ALC Content
Source: SBS

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service