SKIP TO MAIN CONTENT

COVID-19 ကာကွယ်ဆေး ထိုးထားသူတွေ ဒေါ်လာ ၁ သန်းဆုအတွက် အခမဲ့ကံစမ်းနိုင်

သြစတြေးလျနိုင်ငံမှာ ကာကွယ်ဆေး ထိုးထားတဲ့လူတွေ အခမဲ့ ကံစမ်းနိုင်မယ့် "Million Dollar Vax campaign" စတင်လိုက်ပြီး စုစုပေါင်း ဒေါ်လာ ၄.၁ သန်း နဲ့ ညီမျှတဲ့ ဆုကြေးကို ပေးသွားဖို့ရှိပါတယ်။

A person receives a Pfizer COVID vaccination (file image)
A campaign will give away $4.1 million worth of prizes, with one winner to claim $1 million in cash. (AAP) Source: AAP

2 min read

Published

Updated

Source: AAP, SBS



Skip to article content

ဒေါ်လာ ၁၀၀၀ တန် gift card အခုပေါင်း ၃၁၀၀ ကို အောက်တိုဘာလမှာ စတင် မဲဖောက်ပေးမှာဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်မှာတော့ အများဆုံး ဆုကြေးနေနဲ့ ဒေါ်လာ ၁ သန်းကို မဲဖောက်ပေးမှာ ဖြစ်ပါတယ်။

စုစုပေါင်း ဒေါ်လာ ၄.၁ သန်း တန်ဖိုးရှိတဲ့ ဆုကြေးတွေကို ပရိဟိတသမားတွေနဲ့ လုပ်ငန်းရှင်တွေက စုပေါင်းကုန်ကျခံကြတာဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်ကျော်သူ လူဦးရေ ၈၀% ထိုးလာအောင် ရည်ရွယ်တဲ့အနေနဲ့ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ လူဦးရေ ၈၀% ကာကွယ်ဆေးထိုးမှသာ ပုံမှန်နည်းပါးလို သွားလာမှု လုပ်နိုင်မယ်လို့ အစိုးရရဲ့ အစီအစဉ်မှာလည်း ဖော်ပြထားတာ ဖြစ်ပါတယ်။

Million Dollar Vax Alliance အဖွဲ့က Craig Winkler ကတော့ ဒီလို လုပ်ဆောင်ချက်ဟာ ကာကွယ်ဆေးထိုးဖို့ ငြင်းဆိုနေတဲ့ လူတွေ ကာကွယ်ဆေး ထိုးလာအောင် လုပ်ဆောင်တာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

ကာကွယ်ဆေးထိုးတာကို အချိန်အကြာကြီး ဆွဲနေတာမျိုး မလုပ်ပဲ အခုထိုးဖို့ ဆုံးဖြတ်တဲ့လူတွေကို ဆုချတဲ့အနေနဲ့ လုပ်ဆောင်ခြင်းသာဖြစ်တယ်ဆိုတဲ့သဘောမျိုးနဲ့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။

နိုင်ငံတလွှားမှာ ကာကွယ်ဆေးထိုးတဲ့နှုန်းများလေလေ၊ ကာကွယ်ဆေးထိုးသူ ၈၀% ကျော်လာလေလေ စီးပွားရေး၊ လူမှုရေးလုပ်ငန်းတွေကို ပိုမို မြန်ဆန်လုံခြုံဘေးကင်းစွာ လုပ်ဆောင်နိုင်မယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ကာကွယ်ဆေးတွေ ပေါပေါသီသီ ရရှိလာတဲ့နောက်ပိုင်း ကာကွယ်ဆေးထိုးတဲ့နှုန်းများလာပြီး အခုဆိုရင် အသက် ၁၆ နှစ်ကျော်သူ လူပေါင်း ၇၉ .၄% က အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်းထိုးပြီးကြသူတွေဖြစ်ပြီး ၅၆.၅% ကတော့ နှစ်ချောင်းစလုံး ထိုးပြီးသွားပြီ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ကာကွယ်ဆေးထိုးကြအောင် မက်လုံးပေးမယ့် အစီအစဉ်ကို အစိုးရကနေ စဉ်းစားလာတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ကာကွယ်ဆေးထိုးသူတွေအတွက် ကံစမ်းမဲ ဖောက်ပေးမယ့် အစီအစဉ်ကို ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် Daniel Andrews က ကြိုဆိုလိုက်ပါတယ်။

ဘယ်အရာက သင့်ကို ကာကွယ်ဆေးထိုးဖို့ တွန်းပို့မှုဖြစ်စေတယ်ဆိုတဲ့အပေါ် စိတ်မဝင်စားတဲ့အကြောင်း၊ သင့်ကျန်းမာရေးအတွက် ထိုးသည်ဖြစ်စေ၊ သင်ချစ်ခင်မြတ်နိုးရတဲ့သူအတွက်ဖြစ်စေ၊ ကျန်းမာရေးစနစ်ကို ကာကွယ်ဖို့၊ သူနာပြုကို ကာကွယ်ဖို့ဒါမှမဟုတ် ဒေါ်လာ ၁ သန်းရဖို့ ဖြစ်စေ သူ့အနေနဲ့ စိတ်မဝင်စားပဲ ကာကွယ်ဆေးထိုးကြဖို့သာ တိုက်တွန်းလိုကြောင်း၊ ဒီတစ်နည်းတည်းကသာလျှင် တင်းကြပ်မှုတွေကို ဖြေလျှော့မှု ဖြစ်စေနိုင်မယ်လို့လည်း ပြောပါတယ်။

ဒီလို မဲဖောက်ပေးတဲ့ စနစ်ကို အရင်ဆုံး အမေရိကန်နိုင်ငံ Ohio ပြည်နယ်က 'Vax-A-Million' ကမ်ပိန်းနဲ့ စတင်ခဲ့ဖူးပါတယ်။

ပရဟိတအသင်းများရဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ Jack Heath က ကာကွယ်ဆေးထိုးမှုများရင် ကျန်းမာရေးလုပ်သားတွေအပေါ် ဝန်ပိမှုတွေ နည်းပါးစေသလို လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအတွက် အကျိုးရလာဒ်တွေ ရရှိစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံက အသက်ပြည့်သူ လူတိုင်း အွန်လိုင်းပေါ်မှာ ကံစမ်းနိုင်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ မတိုင်ခင် အနည်းဆုံး ကာကွယ်ဆေး တစ်ချောင်း ထိုးဖို့သာ လိုအပ်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်မတိုင်ခင် ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးပြီးတဲ့အခါမှသာ မဲပေါက်တဲ့လူတွေကို ဆုတွေ ပို့ပေးမှာ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now