SKIP TO MAIN CONTENT

အာမရပူရ မြို့နယ်အတွင်းမှာ နောက်ထပ် ငလျင်လှုပ်နိုင်တယ်လို့ သတိပေး

မြန်မာနိုင်ငံ အာမရပူရမြို့နယ်မှာ ငလျင်လှုပ်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။.

Myanmar Southeast Asia Earthquake
Rescuers work at the Sky Villa Condo that collapsed In Friday's earthquake in Mandalay, Myanmar, Sunday, March 30, 2025. (AP Photo/Thein Zaw) Source: AP / Thein Zaw/AP

1 min read

Published

Updated

Source: SBS


Skip to article content

ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ လူက ၁၆၀၀ ကျော်ရှိသွားပြီလို့ သိရပါတယ်။. အခုဆိုရင် နိုင်ငံတကာက ကူညီကယ်ဆယ်ရေး အဖွဲ့တွေလည်း မြန်မာနိုင်ငံကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။.

အာမရပူရမြို့နယ်မှာ ဒီတနင်္ဂနွေနေ့ မနက် ၈ နာရီလောက်မှာ ငလျင်လှုပ်နိုင်တယ်လို့ သတိပေးထားပါတယ်။

မြန်မာစံတော်ချိန် မတ်လ ၂၈ ရက် သောကြာနေ့ နေ့လည်ပိုင်းလောက်မှာ ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ကြောင့် သေဆုံးရသူဟာ ၁၆၀၀ ကျော်ရှိသွားပြီး ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကူညီကယ်ဆယ်ရေးတွေ နေ့မအား ညမအား အပူတပြင်း လုပ်ဆောင်နေကြပါတယ်။

သေကြေပျက်စီးမှုတွေက အများဆုံး မန္တလေးမှာဖြစ်ပြီး လူ ၇၀၀ လောက် သေဆုံးရတာ ဖြစ်ပါတယ်။.

ငလျင်ကြောင့် မန္တလေးမြို့မှာ ထိခိုက်နစ်နာမှု အများဆုံး ဖြစ်ပွားနေရပေမယ့် အနီးအနား ပတ်ဝန်းကျင်ဒေသမှာလည်း ထိခိုက်မှုတွေ များပြားခဲ့ပါတယ်။.

စစ်ကောင်စီရဲ့ အဆိုအရ လူပေါင်း ၃၄၀၈ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ပြောပါတယ်။.

အခုဆိုရင် တရုတ်နိုင်ငံ၊ စင်္ကာပူ၊ အိန္ဒိယ စတဲ့ နိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာနိုင်ငံထဲ ရောက်ရှိနေကြသလို တခြားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း တဖြေးဖြေး ရောက်လာဖို့ ရှိနေပါတယ်။.

တရုတ်အစိုးရက ကူညီကယ်ဆယ်ရေး သမား အယောက် ၈၀ ပို့ဆောင်ထားသလို ဩစတြေးလျဒေါ်လာ ၂၂ သန်းနဲ့ ညီမျှတဲ့ ကူညီမှုတွေလည်း ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။.

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဖြစ်တဲ့ ငလျင်ဒဏ်ကို ထိုင်းနိုင်ငံ၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့အထိ ခံစားခဲ့ရပါတယ်။.

ဘန်ကောက်မြို့မှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးရပြီး အယောက် ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။.

ဆောက်လက်စ အထပ်မြင့် အဆောက်အဦးကြီး ပြိုကျသွားလို့ ရှာဖွေမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ငလျင်ကြောင့် ရှေးဟောင်း ဘုရားတွေ ပျက်စီးရသလို မကြာခင်ကမှ ဆောက်ထားတဲ့ အဆောက်အဦးတချို့လည်း ပျက်စီးမှု ဖြစ်ခဲ့ပါတယ်။

ငလျင်ကြောင့် ဖုန်းလိုင်းတွေ၊ မီးပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

နောက်ဆက်တွဲ ငလျင်တွေကြောင့် တချို့လူတွေဟာ အဆောက်အဦးထဲမှာ မနေရဲပဲ အပြင်ထွက်အိပ်ကြတာမျိုးတွေ ရှိတယ်လို့လည်း သိရပါတယ်။.


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now