SKIP TO MAIN CONTENT

ဖန်သားပြင်ကို အများကြီး ကြည့်ရှုမှုက ကလေးတွေပေါ် ထိခိုက်နိုင်သလား၊ NSWက လေ့လာနေ

ဖန်သားပြင်ကို အကြည့်များတဲ့အတွက် ကလေးငယ်တွေရဲ့ အမူအကျင့်တွေ၊ ကျန်းမာသန်စွမ်းမှု၊ ဖွံ့ဖြိုးမှုနဲ့ လေ့လာသင်ယူတွေမှာ ထိခိုက်နစ်နာမှုရှိမရှိ လေ့လာဆန်းစစ်နိုင်ဖို့အတွက် ဩစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ် အစိုးရက ဒေါ်လာ ၂.၅ သန်း ချမှတ်ပေးလိုက်ပါတယ်။

mobile phones
Source: Getty / Getty Images

2 min read

Published

By SBS News

Source: SBS


Skip to article content

ပြည်နယ်ဝန်ကြီးချုပ် Chris Minns က ဖုန်း၊ တီဗွီ၊ အိုင်ပက် အစရှိတဲ့ ဖန်သားပြင် အသုံးပြုမှုတွေအပြင် ဆိုရှယ်မီဒီယာ အသုံးပြုမှု၊ ဂိမ်းအသုံးပြုမှုနဲ့ သတင်းအချက်အလက် အများအပြားကို ရယူမှုတွေက ကလေးငယ်တွေပေါ် သက်ရောက်မှု ရှိမရှိ ဆိုတာကို သုတေသန ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အသက်ပြည့်ပြီးသူတွေ ဖန်သားပြင် အသုံးပြုမှု များတဲ့အခါ အာရုံမစိုက်နိုင်တာတွေ၊ ဖုန်းကို လက်ကနေ ချဖို့ ခက်ခဲတာတွေမျိုး ကြုံတွေ့နေရပြီး သူတို့ရဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆက်အဆံလုပ်ရာမှာ သေခြာ အာရုံစိုက်တာမျိုးတွေ မလုပ်နိုင်ကြတာကို သက်သေတွေနဲ့ တွေ့ရပြီ ဖြစ်ပါတယ်။

လူကြီးတွေတောင် အဲလို ဖြစ်နေတုန်း ကလေးတွေက လူကြီးတွေထက် ပိုစည်းကမ်း ရှိနိုင်ဖို့ ဘာကြောင့်မျော်လင့်နေသလဲ ဆိုတာ မစဥ်းစားနိုင်ဘူးလို့လည်း ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ အောက်တိုဘာလ ၉ ရက်ကစပြီး ပြည်သူပိုင်ကျောင်းတွေသာ ကျောင်းသူ ကျောင်းသားတွေ ကျောင်းချိန်အတွင်း ဖုန်းမကိုင်ရ ဆိုတဲ့ ပေါ်လစီကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

အရင်တုန်းက အဲလို ပေါ်လစီမျိုးကို ပြည်နယ်အတွင်းက Davidson High School နဲ့ Condell Park လို စာသင်ကျောင်းတချို့က ဖုန်းမသုံးရ ပေါ်လစီကို စမ်းသပ်မှုအနေနဲ့ ကျင့်သုံးခဲ့တာ ရှိပါတယ်။

အဲဒီလို သတ်မှတ်ပြီးတဲ့နောက် ကျောင်းသူ တချို့က ကျောင်းချိန်အတွင်း သူတို့ရဲ့ သူငယ်ချင်းတွေလည်း ဖုန်းတွေ မသုံးကြသလို ဘာမှ မယ်မယ်ရရ ရေးတင်ကြတာ မရှိတဲ့အတွက် ဘာမှ ထူးထူးထွေထွေ မခံစားရပဲ ဖုန်းစွဲတယ်လို့ ထင်သလောက် မစွဲတာကို သိရတယ်လို့ ပြောပြကြပါတယ်။

Condell Park ကျောင်းရဲ့ ကျောင်းအုပ် Susie Mobayed ရဲ့ အဆိုအရ ကျောင်းသားတွေရဲ့ ဖုန်းကို သော့ခတ်ထားပြီး အသုံးပြုခွင့်မပေးတဲ့အခါ ကလေးတွေက စာသင်ကြားမှုကို ပိုအာရုံစိုက်ကြသလို အနှောင့်အယှက်ကင်းစွာ သင်ယူနိုင်ကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စာသင်ချိန်အတွင်း တစ်ဦးနဲ့တစ်ဦး cyber bully လုပ်တာတွေ၊ ဓာတ်ပုံ၊ ဗီဒီယို ရိုက်တာမျိုးတွေလည်း မရှိတော့ဘူးလို့ ပြောပါတယ်။

Davidson High ရဲ့ ကျောင်းအုပ် David Rule ကလည်း ဖုန်းတွေကို ကျောင်းမှာ အသုံးပြုခွင့် ပိတ်ပင်လိုက်ပြီးတဲ့နောက် ကျောင်းသူ ကျောင်းသားတွေအကြား လူမှု ဆက်ဆံရေး တိုးတက်လာသလို တစ်ဦးအပေါ် တစ်ဦးရဲ့ ခံစားချက်တွေကို ပိုမို နားလည်လာကြတာကို သတိထားမိတယ်လို့လည်း ပြောပါတယ်။

စာသင်ကျောင်းမှာ ဖုန်းတွေကို အသုံးပြုခွင့် ပိတ်ပင်လိုက်တဲ့ ပြည်နယ်တွေထဲမှာ နယူးဆောက်သ်ဝေးပြည်နယ်နဲ့ တခြားပြည်နယ်တွေ အားလုံးပါဝင်ပြီး ဖုန်းအသုံးပြုခွင့် မပိတ်ပင်သေးတဲ့ ပြည်နယ်ကတော့ ကွင်းစလန်းပြည်နယ်နဲ့ ACT ဒေသတို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်ကတော့ စာသင်ကျောင်းမှာ မိုဘိုင်းဖုန်း အသုံးပြုမှုကို တစ်ပြည်နယ်လုံး အတိုင်းအတာအနေနဲ့ အစောဆုံး ပိတ်ပင်တဲ့ပြည်နယ်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now