SKIP TO MAIN CONTENT

နိုင်ငံတကာ ကျောင်းသားဦးရေ နည်းပါးမှုက သြစီအပေါ် ရေရှည် ဆိုးကျိုးသက်ရောက်နိုင်

သြစတြေးလျနိုင်ငံမှာ လာရောက် ပညာသင်ကြားလိုတဲ့ နိုင်ငံတကာက ကျောင်းသားဦးရေ တဝက်နည်းပါးနေတယ်လို့ အဖွဲ့တစ်ခုရဲ့ အချက်အလက်မှာ ဖော်ပြနေပါတယ်။

Students at Sydney's UNSW.
Source: AP/Mark Baker

1 min read

Published

Source: AAP, SBS



Skip to article content

ကိုဗစ်-၁၉ နဲ့ ဆက်စပ်ပြီး သြစတြေးလျနိုင်ငံက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်သလို တစ်ကြိမ်ထက်မနည်း ဖြစ်ပေါ်တဲ့ ကိုဗစ်လှိုင်းတွေကြောင့် သြစတြေးလျနိုင်ငံမှာ လာရောက်ပညာသင်ကြားလိုပေမယ့် သင်ယူခွင့်မရ ဖြစ်နေကြပါတယ်။

ဒီလို အခြေအနေကြောင့် ဒီနှစ်မတ်လကစပြီး သြစတြေးလျနိုင်ငံ တက္ကသိုလ်တွေမှာ ပညာသင်ယူဖို့ လျှောက်ထားတဲ့ နိုင်ငံတကာ ကျောင်းသားဦးရေက ၅၁% လျော့နည်းနေတယ်လို့ ကျောင်းသားတွေကို ခေါ်ယူရမှာ ဝန်ဆောင်မှုပေးတဲ့ Adventus အဖွဲ့က ပြောပါတယ်။

သြစတြေးလျနိုင်ငံက နယ်စပ်တွေကို ပိတ်ချထားချိန်မှာ တခြားနိုင်ငံတချို့က နယ်စပ်တွေ ဖွင့်ပေးနေတဲ့အတွက် နိုင်ငံတကာ ကျောင်းသားတွေဟာ သြစတြေးလျနိုင်ငံအစား တခြားနိုင်ငံကို ရွေးချယ်ကြမှာကိုလည်း စိုးရိမ်နေကြပါတယ်။

A New South Wales proposal to bring back international students during the second half of 2021 is being called 'a light at the end of the tunnel'
New data has found that applications for Australian universities from international students have dropped 51 per cent. Source: SBS

နိုဝင်ဘာလ စာရင်းအရ သြစတြေးလျနိုင်ငံမှာ ကျောင်းသားဗီဇာ ကိုင်ဆောင်သူဦးရေ ၂၅၉ ၇၅၂ ဦးရှိပြီး အဲဒီအထဲက တဝက်ကျော်ဟာ အဆင့်မြင့်ပညာရေး သို့မဟုတ် ဘွဲလွန်ပညာရေးအတွက် ပညာသင်ယူကြသူတွေ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေမှာ နေပြီး သြစတြေးလျ ကျောင်းသားဗီဇာကိုင်ဆောင်သူက ၁၄၈ ၄၆၄ ဦး ရှိတယ်လို့လည်း သိရပါတယ်။

Universities Australia ရဲ့ ဒုတိယအကြီးအကဲ Anne-Marie Lansdown ရဲ့အဆိုအရ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်ခင်နဲ့ ယှဉ်ရင် နိုင်ငံတကာ ကျောင်းသားတွေရဲ့ ပညာသင်ယူလိုမှု လျှောက်လွှာက ၄၀% ကျဆင်းနေတယ်လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကြောင့် နိုင်ငံတကာ နယ်စပ်တွေ ပိတ်ချထားရတာကနေ သြစတြေးလျနိုင်ငံမှာ နိုင်ငံတကာ ကျောင်းသားတွေ ပညာသင်ယူနိုင်ရေးအပေါ် ထိခိုက်နေတာဖြစ်ပေမယ့် သြစတြေးလျနိုင်ငံရဲ့ ပညာရေးက ပြည်ပက လူတွေကို ဆွဲဆောင်စေနိုင်တုန်းပဲလို့ ပြောပါတယ်။

New South Wales, ACT, Victoria, South Australia နဲ့ Queensland ပြည်နယ်မှာ နိုင်ငံတကာ ကျောင်းသားတချို့ကို ပြန်လည် လက်ခံနေပြီး ဘယ်လို အခြေအနေ ဖြစ်လာနိုင်သလဲဆိုတာကို စမ်းသပ်တဲ့အနေနဲ့ လူဦးရေ အကန့်အသတ်နဲ့ ခေါ်ယူလက်ခံနေတာ ဖြစ်ပါတယ်။

မတ်လနောက်ပိုင်း ကနေဒါနိုင်ငံကို သွားရောက်ပြီး ပညာသင်ယူလိုတဲ့ နိုင်ငံတကာ ကျောင်းသားဦးရေက ၁၄၈% တိုးလာပြီး ယူကေနိုင်ငံမှာ ၁၅၀% နဲ့ အမေရိကန်နိုင်ငံမှာ ၄၂၂% တိုးများလာတယ်လို့ သိရပါတယ်။

သာမာန်အားဖြင့် သြစတြေးလျနိုင်ငံမှာ ပညာသင်ယူလိုတဲ့ နိုင်ငံတကာ ကျောင်းသားတချို့ဟာ တခြားနိုင်ငံကို သွားရောက်ဖို့ ရွေးချယ်မှုလုပ်နေကြတာလည်း ရှိတယ်လို့ Adventus အဖွဲ့ရဲ့ အကြီးအကဲ Ryan Trainor က ပြောပါတယ်။

သြစတြေးလျနိုင်ငံအစား တခြားနိုင်ငံကို ရွေးချယ်လိုက်တာတွေက ရေရှည် ဆိုးကျိုးသက်ရောက်မှု ဖြစ်စေနိုင်တဲ့အကြောင်း၊ အခုလောလောဆယ် နှစ်နှစ်စာ နိုင်ငံတကာ ကျောင်းသားဦးရေ ဆုံးရှုံးနေရတဲ့ အနေအထားရှိနေပြီး အစိုးရအနေနဲ့ ကိုင်တွယ်မှုမလုပ်နိုင်ရင် ရေရှည်အထိ သက်ရောက်မှုရှိမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now