SKIP TO MAIN CONTENT

စရန်ငွေ ၅% နဲ့ အိမ်ဝယ်နိုင်အောင် Homebuyer Fund ချမှတ်ပေး

ဗစ်တိုးရီးယားပြည်နယ်မှာ အိမ်ဝယ်လိုသူတွေအနေနဲ့ အိမ်တန်ဖိုးရဲ့ စရန်ငွေ ၅% သာ လိုအပ်ပြီး ပြည်နယ်အစိုးရကနေ စရန်ငွေ ၂၅% အထိ စိုက်ပေးမယ့် Homebuyer Fund ကို မကြာခင်ကပဲ စတင်လိုက်ပြီ ဖြစ်ပါတယ်။

Housing affordability
The Victorian Homebuyer Fund is a shared equity scheme, meaning that the State’s financial contribution is made in exchange for a share, or some interest. Source: AAP

1 min read

Published

By Mu Laing Thein


Skip to article content

အိမ်ခြံမြေ ဝယ်တဲ့အခါ စရန်ငွေ ၅% ပဲ ပေးရင် Lenders Mortgage Insurance ကြေးပေးဆောင်ရတဲ့အတွက် အဲဒီအတွက် မကုန်ကျခံချင်ရင် အနည်းဆုံး ၂၀% စရန်ငွေ ပေးရတာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားပြည်နယ်အစိုးရက Lenders Mortgage Insurance ပေးစရာမလိုအောင်၊ အိမ်ဝယ်ချင်တဲ့လူတွေ စရန်ငွေနည်းနည်းနဲ့ ဝယ်လို့ရအောင် စီစဉ်တာဖြစ်ပေမယ့် အပေးအယူ သဘောမျိုးတော့ ရှိပါတယ်။

သြစတြေးလျနိုင်ငံ ပထမဆုံးအိမ် ဝယ်မယ့်သူ first home buyer တွေကတော့ အစိုးရကနေ ချပေးတဲ့ First Home Buyer Grant ကို လျှောက်ထားနိုင်ပါတယ်။

Homebuyer Fund ကတော့ အရင်တုန်းက အိမ်ဝယ်ဖူးသူဖြစ်ပေမယ့် အခုအခါ အိမ်မပိုင်တော့ဘူးဆိုရင်တောင် လျှောက်ထားခွင့်ရှိပါတယ်။

ဌာနေတိုင်းရင်းသား အာဘော်ရီဂျင်နာနဲပ Torres Strait Islander တွေကတော့ စရန်ငွေ ၃.၅% နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး အစိုးရက ၃၅% အထိ စိုက်ပေးမှာ ဖြစ်ပါတယ်။

Homebuyer Fund ကို လူတိုင်း လျှောက်ခွင့်မရှိပဲ လျှောက်ထားဖို့အတွက် လိုအပ်ချက်တွေကတော့ သြစတြေးလျနိုင်ငံသား၊ ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့်ရသူ၊ လောလောဆယ် နေအိမ်မပိုင်တဲ့လူတွေ၊ တစ်နှစ်မှာ (တစ်ဦးသမားအနေနဲ့) ဝင်ငွေ ဒေါ်လာ ၁၂၅ ၀၀၀ အောက် ရရှိသူ ဖြစ်ရမှာဖြစ်ပြီး လင်မယားဆိုရင် တစ်နှစ်ဝင်ငွေ ဒေါ်လာ နှစ်သိန်းအောက် ရှိရမယ် စသည်ဖြင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဝယ်ယူမယ့် အိမ်မှာ နေထိုင်ရမှာဖြစ်သလို၊ အိမ်အတွက် အာမခံတွေ ထားရှိရမှာဖြစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းဖို့၊ ပေးရမယ့် ကောင်စီကြေးနဲ့ တခြားကြေးတွေကို ပုံမှန်ပေးဖို့အပြင် ဝင်ငွေအပြောင်းအလဲရှိရင်လည်း အကြောင်းကြားရမယ် စသည်ဖြင့်လည်း သတ်မှတ်ထားပါတယ်။

မဲလ်ဘုန်းမြို့နဲ့ Geelong မြို့မှာ အိမ်ဝယ်ရင် တန်ဖိုး ဒေါ်လာ ၉ ၅၀၀၀၀ အောက် ဝယ်ရမှာဖြစ်ပြီး နယ်ဒေသတွေမှာ ဝယ်မယ်ဆိုရင် ဒေါ်လာ ၆၀၀၀၀၀ တန်အောက် အိမ်တွေသာ ဝယ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ နယ်ဒေသတိုင်းမှာ ဝယ်ခွင့်မရှိပဲ တချို့မြို့တွေမှာသာ ဝယ်ခွင့်ရှိပြီး စာရင်းအပြည့်အစုံကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

Homebuyer Fund အစီအစဉ်အရ အစိုးရကလည်း အိမ်ထဲမှာ စရန်ငွေ ထည့်ပေးတဲ့အတွက် အစိုးရကလည်း တချို့တဝက်ပိုင်ဆိုင်တဲ့ပုံစံ ဖြစ်ပါတယ်။

ဝယ်ယူတဲ့အိမ်ရဲ့ တန်ဖိုးမှာ အပြောင်းအလဲဖြစ်ရင် ပြည်နယ်အစိုးရရဲ့ ပိုင်ဆိုင်မှု သို့မဟုတ် အတိုးကလည်း လိုက်ပြောင်းနိုင်ပါတယ်။

ပြည်နယ်အစိုးရကနေ ပေးထားတဲ့ စရန်ငွေနဲ့ အတိုးနှုန်းကို တဖြေးဖြေးခြင်း ဒါမှမဟုတ် စုထားတဲ့ငွေတွေနဲ့ ပြန်ဆပ်နိုင်သလို အိမ်ရောင်းတဲ့အခါမှ ရာခိုင်နှုန်းအလိုက် တွက်ချက်ပြီး ပြန်ဆပ်နိုင်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now