သြစတြေးလျားကိုပို့မယ့် AstraZeneca ကာကွယ်ဆေးအလုံး ၃့ ၁သန်း တားဆီးခံရတဲ့ Scott Morrison ရဲ့အဆိုကို EU ငြင်းဆို

သြစတြေးလျားနိုင်ငံဆီကိုပို့ဆောင်မယ့် AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံး ၃့ ၁သန်း တားဆီးခံရတယ် ဆိုတဲ့အဆိုကို ဥရောပသမဂ္ဂ ကငြင်းဆိုလိုက်ပါတယ်။

The European Union has denied Scott Morrison's claim it blocked shipments of 3.1 million doses of the AstraZeneca COVID-19 from coming to Australia.

The European Union has denied Scott Morrison's claim it blocked shipments of 3.1 million doses of the AstraZeneca COVID-19 from coming to Australia. Source: AAP

ဝန်ကြီးချုပ် Scott Morrison က အစိုးရရဲ့ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်ဟာ သတ်မှတ်ချက်အတိုင်းဖြစ်မလာတာနဲ့ပတ်သက်ပြီး ကာကွယ်ဆေးအတွက်လိုအပ်တဲ့ပစ္စည်း မလုံလောက်မှုအပေါ်အပစ်ပုံချနေတာဖြစ်ပါတယ်။

သတ်မှတ်ချက်အတိုင်းဆိုရင် မတ်လကုန်မှာ သြစတြေးလျားပြည်သူ ၄သန်း ကာကွယ်ဆေးထိုးနိုင်ရမယ်လို့ သူကပြောပေမယ့် အခုတနင်္လာနေ့ အထိတောင်မှ ကာကွယ်ဆေးထိုးနိုင်တဲ့သူဦးရေဟာ ၈၅၅,၀၀၀ လောက်သာ ရှိပါတယ်။

အခုလိုသတ်မှတ်ချက်အတိုင်း ဖြစ်မလာရတာဟာ သြစတြေးလျားနိုင်ငံဆီကို ပို့ဆောင်မယ့် ကာကွယ်ရေးပစ္စည်း ၃သန်းကျော်ဟာ ဥရောပကနေထွက်ခွာပို့ အတွက် တားဆီးခံနေရတာဖြစ်တယ်လို့ Mr Morrison ကပြောပါတယ်။

ဒါပေမဲ့လည်း ဥရောပကော်မရှင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သြစတြေးလျားနိုင်ငံဆီကို ပို့ဆောင်ဖို့အတွက် တားဆီးခံခဲ့ရတဲ့ ကာကွယ်ဆေးတွေဟာ လူတိုင်းသိပြီးသားဖြစ်တဲ့ မတ်လအတွင်းက တကြိမ်သာဖြစ်ခဲ့တာဖြစ်ပြီး အလုံးရေ ၂၅၀,၀၀၀ လောက်သာဖြစ်တယ်လို့ဆိုပါတယ်။

အရင်တုန်းကတော့ Mr Morrison က ကာကွယ်ဆေးတင်ပို့မှု နှောင့်ယှက်ခံရတာဟာ သြစတြေးလျားနိုင်ငံ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်အပေါ်ဆိုးကျိုးသက်ရောက်မရှိနိုင်ပဲ သူ့အစိုးရရဲ့ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။


Share

1 min read

Published

Updated

Presented by Shah Paung

Source: AAP, SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now