SKIP TO MAIN CONTENT

အကြမ်းဖက်မှုကို အားလုံးဆန့်ကျင်ဖို့ သမ္မတ ဂျိုးဘိုင်ဒန်တိုက်တွန်း

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့် သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက်ပိုင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သမ္မတဟောင့် ဒေါ်နယ်ထရန့် နဲ့ တယ်လီဖုန်းကနေတဆင့် ဖုန်းပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

trump
Source: AP

1 min read

Published

Updated

Source: SBS


Skip to article content

သမ္မတ ဂျိုးဘိုင်ဒန်ဟာ Delaware ပြည်နယ် Rehoboth Beach ကို ရောက်ရှိနေတုန်း သမ္မတဟောင်း ဒေါ်နယ်ထရန့် သေနတ်ပစ်ခံရတယ် ဆိုတဲ့ သတင်းကြောင့် အိမ်ဖြူတော်ရှိရာကို ပြန်လာပြီး အကြောင်းစုံ သိရအောင် လုံခြုံရေး အရာရှိတွေ၊ ထောက်လှမ်းရေးအရာရှိတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ဆုံမှု လုပ်မှာဖြစ်ပါတယ်။

အစောပိုင်းတုန်းက သမ္မက ထောက်လှမ်းရေး တပ်တွေရဲ့ လုပ်ဆောင်ချက်အပေါ် ချီးကျူးလိုက်ပြီး အကြမ်းဖက်မှု အသုံးပြုရာမှာ အားလုံး အတူတူ ဆန့်ကျင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ လူထုစုဝေးပွဲဟာ ဘာပြဿနာမှမဖြစ်ပဲ ငြိမ်းချမ်းစွာနဲ့ လုပ်ဆောင်နိုင်တဲ့ စုဝေးမှု ဖြစ်သင့်တဲ့အကြောင်းနဲ့ ဒီလို နိုင်ငံရေးအကြမ်းဖက်မှုမျိုးက အမေရိကန်နိုင်ငံမှာ မဖြစ်သင့်တဲ့အကြောင်းအပြင် ဒီလို လုပ်ရပ်ကို လူတိုင်းက ရှုတ်ချသင့်တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဩစတြေးလျဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီဇီကလည်း အမေရိကန် သမ္မတဟောင့် ဒေါ်နယ်ထရန့်ကို လုပ်ကြံတဲ့ ဖြစ်ရပ်မျိုး ဒီမိုကရေစီကို ကျင့်သုံးတဲ့ နိုင်ငံမျိုးမှာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

ဒီမိုကရေစီရဲ့ အနစ်သာရဟာ နိုင်ငံရေး စကားရည်လုပွဲကို တဖက်နဲ့တဖက် လေးစားမှုရှိရှိ လုပ်ကိုင်ခြင်းဖြစ်ပြီး အကြမ်းဖက်မှုနဲ့ လုံးဝဟပ်စပ်မှု မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ပန်ဆေလ်ဗေးနီးယားပြည်နယ်မှာ လူထုစုရုံးပွဲ ပြုလုပ်နေတုန်း သေနတ်နဲ့ ပတ်ခတ်ခံရတာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ထရန့်ရဲ့ ညာဖက် နားရွက်အပေါ်ပိုင်း ဒဏ်ရာရသွားပေမယ့် အသက်အန္တရာယ်အတွက် မစိုးရိမ်ရပဲ ဆေးရုံကနေ ဆင်းလာပြီလို့ သိရပါတယ်။

အဲဒီလို ပစ်ခတ်မှုကြောင့် ပရိတ်သတ်ထဲက လူတစ်ဦး ထိမှန်သေဆုံးရပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

သေနတ်သမားကို အာဏာပိုင်တွေက ပစ်ခတ်ခဲ့လို့ သေနတ်သမားလည်း သေဆုံးသွာပြီ ဖြစ်ပါတယ်။

လောလောဆယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတကို လုပ်ကြံဖို့ ကြိုးစားသူက ဘယ်သူဖြစ်သလဲ၊ ဘာကြောင့်လုပ်သလဲ ဆိုတာတွေကို စုံစမ်းနေကြဆဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ဗဟိုထောက်လှမ်းရေးက ဒီအမှုကို လိုက်လံစုံစမ်းနေပြီး သေနတ် သမားဟာ တစ်ယောက်တည်း အလုပ်လုပ်ဟန်ရှိတဲ့အတွက် နောက်ထပ် စိုးရိမ်ရတဲ့အနေအထား မရှိလောက်ဘူးလို့ ပြောဆိုပြီး သေနတ်သမား ဘယ်သူဘယ်ဝါ ဖြစ်သလဲ ဆိုတာကို ထုတ်ဖော်ပြောဆိုမှာ မဟုတ်သေးဘူးလို့ ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now