Rapid antigen test နဲ့ ပတ်သက်ပြီး သိသင့်တဲ့အကြောင်းအရာ၊ ဘယ်တစ်ခုက အဖြေအမှန်ဆုံးပေးနိုင်သလဲ

Therapeutic Goods Administration က သြစတြေးလျနိုင်ငံမှာ မိမိဖာသာ နေအိမ်မှာပဲ ကိုရိုနာဗိုင်းရပ်စ် ရောဂါရှိမရှိ စမ်းသပ်လို့ရတဲ့ rapid antigen test kit ၁၅ မျိုးကို အသုံးပြုခွင့်ပေးထားပြီ ဖြစ်ပါတယ်။ တချို့တွေက ပိုမိုမှန်ကန်လေ့ရှိတယ်လို့လည်း ပြောဆိုကြပါတယ်။ အဲဒီတော့ ဘယ်တစ်ခုကို အသုံးပြုသင့်ပါသလဲ။

Rapid Antigen Tests Approved For Australians

The TGA has approved 15 rapid antigen test kits for use in Australia. Source: Getty Images AsiaPac

နယူးဆောက်သ်ဝေးလ်နဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာနေပြီး PCR နည်းနဲ့ ရောဂါရှိမရှိ စမ်းသပ်မှုတွေ ခေတ်စားမှု နည်းပါးလာပါတယ်။ အဲဒီ စမ်းသပ်မှုနည်းက စစ်ဆေးဖို့အတွက် တန်းစီစောင့်ဆိုင်းရတာတွေနဲ့ အဖြေရဖို့ ၅ ရက်လောက်အထိ စောင့်ဆိုင်းရတာတွေလည်းရှိတဲ့အတွက် ခေတ်စားမှု နည်းလာပါတယ်။

လူဦးရေ အထူထပ်ဆုံး ပြည်နယ်နှစ်ခုမှာသာမက တက်စ်မေးနီးယား ပြည်နယ်၊ ကွင်းစလန်းနဲ့ ACT မှာလည်း မိမိဖာသာ အလျင်အမြန် စမ်းသပ်စစ်ဆေးမှု လုပ်နိုင်မယ့် နည်းလမ်းကို အသုံးပြုမှု များလာနေကြပါတယ်။

Western Australia နဲ့ South Australia ပြည်နယ်မှာ rapid antigen test kit တွေကို အသုံးပြုမှု ပိတ်ပင်ထားဆဲဖြစ်ပေမယ့် တခြားပြည်နယ်နဲ့ ဒေသမှာတော့ ဝယ်ယူသုံးစွဲခွင့်ရပြီ ဖြစ်ပါတယ်။

Rapid antigen test kit ဆိုတာ ဘာလဲ။

သြစတြေးလျနိုင်ငံတခွင်မှာ PCR ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှုနည်းလမ်းနဲ့ စမ်းသပ်စစ်ဆေးမှု လုပ်ပေးနေတာဖြစ်ပြီး အဲဒီစမ်းသပ်နည်းက SARS-CoV-2 မျိုးရိုးကို စစ်ဆေးပြီး ရောဂါရှိမရှိ အဖြေပေးတဲ့နည်း ဖြစ်ပါတယ်။

အဲဒီလို စမ်းသပ်နည်းကတော့ အကောင်းဆုံး အဆင့်အမြင့်ဆုံး စမ်းသပ်နည်းဖြစ်တယ်လို့ ယူဆထားကြပြီး အဲဒီနည်းက ရောဂါလက္ခဏာ မပြခင်ကတည်းက ရောဂါကို စမ်းသပ်နိုင်တဲ့နည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အခုဆိုရင် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်နဲ့ ဘယ်ကို သွားရင် ရောဂါ ရှိမရှိ PCR စမ်းသပ်နည်းနဲ့စမ်းသပ်ရမယ်လို့ သတ်မှတ်ကြတဲ့အတွက် အခုဆိုရင် အဲဒီလို စမ်းသပ်ရေးနေရာမှာ မနိုင်မနင်းမှုတွေ ဖြစ်နေကြပါတယ်။

နိုဝင်ဘာလကစပြီး Therapeutic Goods Administrasion (TGA) ကနေ rapid antigen test ၁၅ မျိုးကို သြစတြေးလျနိုင်ငံမှာ အသုံးပြုခွင့်ပေးလိုက်ပါတယ်။ အဲဒီစမ်းသပ်မှုနည်းက ဆရာဝန်တွေ၊ ကျန်းမာရေးလုပ်သားတွေရဲ့ အကူအညီကို မလိုအပ်ပဲ နေအိမ်မှာ ဒါမှမဟုတ် လုပ်ငန်းခွင်မှာ မိမိဖာသာ စမ်းသပ်စစ်ဆေးလို့ရတဲ့နည်း ဖြစ်ပါတယ်။

အဲဒီ စမ်းသပ်ရေး ကိရိယာတွေကို ဘယ်နေရာမှာ ဝယ်ရမလဲ။

နေအိမ်မှာပဲ မိမိဖာသာ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးနိုင်တဲ့ apid antigen test kit တွေကို ဆူပါမတ်ကက်တွေ၊ ဆေးဆိုင်တွေနဲ့ တခြားအွန်လိုင်းပေါ်က ဆိုင်တွေမှာလည်း ဝယ်ယူနိုင်ပါတယ်။

ကုန်ကျစရိတ်တွေကတော့ ဘယ်နှစ်ထုတ် ပါဝင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး ကုန်ကျစရိတ်မှာ ကွာခြားမှုရှိပါတယ်။ တစ်ခုစီရဲ့ ဈေးနှုန်းကတော့ ၁၀ ဒေါ်လာကနေ ဒေါ်လာ ၂၀ အကြား ရှိနိုင်ပါတယ်။

သြစတြေးလျနိုင်ငံက ဆိုင်တွေ (အွန်လိုင်းအပါအဝင်) မှာ TGA က ရောင်းချခွင့်ပြုတဲ့ rapid antigen test kit ၁၅ ခုအထိသာ ဝယ်ယူခွင့်ရှိပါတယ်။

ဝယ်ယူတဲ့အခါမှာ ဘယ်အမှတ်တံဆိပ် (brand) ကို ဝယ်သင့်သလဲ။

အောက်ပါဇယားတွေက TGA ကနေ ခွင့်ပြုထားတဲ့ rapid antigen test kit ၁၅ မျိုးကို ဖော်ပြထားပြီး အဓိကကျတဲ့ အချက်အလက်တွေကိုလည်း ဖော်ပြထားပါတယ်။

ဘယ်အမှတ်တံဆိပ်ကို ဘယ်လိုနည်းနဲ့ စမ်းသပ်နိုင်သလဲ၊ မှန်ကန်မှု ဘယ်လောက်ရှိသလဲ ဆိုတာတွေကို ဖော်ပြထားပါတယ်။

Rapid antigen tests
Source: Supplied

မိမိဖာသာ ဘယ်လို စမ်းသပ်စစ်ဆေးမှု လုပ်မလဲ။

မိမိဝယ်ယူတဲ့ အမျိုးအစားအပေါ် မူတည်ပြီး မိမိဖာသာ စမ်းသပ်နိုင်တဲ့ နည်းလမ်းက ၃ နည်း ရှိပါတယ်။တစ်မျိုးကတော့ နှာခေါင်းပေါက်ထဲ နိုက်ပြီး စမ်းသပ်တဲ့နည်းဖြစ်လို့ အဲဒီနည်းက သက်တောင့်သက်သာ မရှိဘူးလို့ ယူဆရင် တံတွေးရည်နဲ့ စမ်းသပ်တဲ့နည်း ဖြစ်ပါတယ်။

နည်းလမ်းနှစ်မျိုးစလုံးက ချောင်းအနည်းငယ်ဟန့်ရပြီး တံတွေးရည်ယူရပါတယ်။ ဒါပေမယ့် တံတွေးရည်ထွေးစရာတော့ မလိုအပ်ပါဘူး။ ညွန်ပြချက်အတိုင်း လိုက်နာလုပ်ဆောင်ဖို့ အရေးကြီးပြီး မှန်ကန်စွာ မလုပ်ရင် ရလာဒ်အမှားတွေ ထွက်လာနိုင်ပါတယ်။

စမ်းသပ်စစ်ဆေးမှု ကိရိယာတွေအားလုံးက တစ်ခါသုံးတွေ ဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးမှု လုပ်ပြီးတာနဲ့ ကောင်းမွန်စွာ စွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဘယ်လို စွန့်ပစ်သင့်တယ်ဆိုတဲ့ လမ်းညွန်ချက်တွေကိုလည်း ဖော်ပြလေ့ရှိပေမယ့် ဖော်ပြထားခြင်းမရှိရင် သုံးပြီးသား စမ်းသပ်ရေးကိရိယာကို ပလတ်စတစ်အိတ်ထဲထည့် သေခြာပိတ်ပြီး အမှိုက်ပုံးထဲ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။

အဲဒီ စမ်းသပ်ရေးကိရိယာတွေက ဘယ်လောက်အထိ ထိရောက်မှုရှိသလဲ။

အတိုချုပ်ပြောရမယ်ဆိုရင် သူတို့တွေအားလုံးက Covid-19 PCR စမ်းသပ်နည်းလောက်တော့ ထိရောက်မှု မရှိပါဘူး။ အထူးသဖြင့် ရောဂါဖြစ်ခါစ အစောပိုင်းမှာ ရောဂါရှိကြောင်း ပြသတာမျိုး ပိုနည်းပါးပါတယ်။

ဒါပေမဲ့ ရှည်ရှည်ဝေးဝေး ပြောရမယ်ဆိုရင် သူတို့တွေရဲ့ စမ်းသပ်မှု ရလာဒ်က မှန်ကန်မှုနှုန်း မြင့်မားပါတယ်။ အကြောင်းရင်းကတော့ TGA ရဲ့ သတ်မှတ်မှု စံနှုန်းအရ အနည်းဆုံး ၈၀% မှန်ကန်မှု ရှိမှ ရမယ်လို့ သတ်မှတ်ထားတာဖြစ်ပြီး ကမာ္ဘ့ကျန်းမာရေးအဖွဲ့ရဲ့ စံနှုန်းနဲ့ ကိုက်ညီပါတယ်။

TGA ဘယ်တစ်ခုက ပိုမှန်တယ် ပိုသုံးသင့်တယ်လို့ ပြောဆိုထားခြင်းမရှိပါဘူး။ အကြောင်းရင်းကတော့ အခု ခွင့်ပြုထားတဲ့ စမ်းသပ်ရေးကိရိယာအားလုံးဟာ သတ်မှတ်ချက် စံနှုန်းကို ပြည့်မှီကြပါတယ်။

ဒါပေမဲ့ အပေါ်မှာ ပြသထားတဲ့ ဇယားကိုကြည့်ပြီး ရောဂါအဖြေရလာဒ်က ပိုမြင့်မားတဲ့ very high clinical sensitivity လို့ ပြထားတဲ့ အမျိုးအစားကို acceptable ဒါမှမဟုတ် high လို့ ဖော်ပြထားတဲ့အမျိုးအစားထက် ရွေးချယ်နိုင်ပါတယ်။

Positive လို့ အဖြေထွက်ရင် ဘာလုပ်ရမလဲ။

Positive လို့ စမ်းသပ်မှု အဖြေထွက်တဲ့အခါ ချက်ခြင်းPCR စမ်းသပ်မှု ခံယူရမှာဖြစ်ပြီး PCR အဖြေမထွက်မခြင်း အိမ်မှာ သီးသန့်ခွဲခြားနေထိုင်မှု လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီအဖြေရလို့ ရောဂါရှိတယ်လို့ ထွက်လာရင် အစိုးရရဲ့ လမ်းညွန်ချက်အတိုင်း နေထိုင်ရမှာ ဖြစ်ပါတယ်။

Negative Rapid antigen test လုပ်လို့ အဖြေက Negative ထွက်လာရင် ရောဂါရှိဖို့ အလားအလာနည်းပါးပေမယ့် သတိထားရဦးမှာ ဖြစ်ပါတယ်။

အကယ်၍ နေထိုင်မကောင်းဖြစ်တဲ့အခါ ဒါမှမဟုတ် ရောဂါလက္ခဏာပြသတဲ့အခါ PCR စမ်းသပ်နည်းခံယူနိုင်ပါတယ်။ သင့်အနားက PCR စမ်းသပ်ရေးဌာနကို ဒီနေရာတွေမှာ ရှာကြည့်နိုင်ပါတယ်။ Victoria, NSW, ACT, Queensland, South Australia, Western Australia, Northern Territory နဲ့Tasmania.


Share

2 min read

Published

Updated

By Akash Arora

Source: SBS News




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now