Zone B 3 A မှာ နေထိုင်သူ အမျိုးသား တစ်ဦး နေထိုင်မကောင်းဖြစ်လို့ စခန်းထဲက ဆေးရုံမှာ ဆေးကုသမှု ခံယူရာက ကိုဗစ်-၁၉ ရောဂါကို စမ်းသပ်တွေ့ရှိတာဖြစ်လို့ ထိုင်း အာဏာပိုင်တွေက ချက်ခြင်း စခန်းကို လာပြီး အိမ်ပြင် မထွက်ကြဖို့နဲ့ စခန်းအပြင် ထွက်ခွာတာမျိုး မလုပ်နိုင်အောင် ပိုမိုတင်းကြပ်ထားလိုက်ပြီ ဖြစ်ပါတယ်။
စခန်းအတွင်းမှာလည်း သွားလာမှုတွေ မများအောင် အစောင့်တွေချထားတယ်လို့ အဲဒီစခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။
လော်စပီကာကနေတဆင့် ကိုဗစ်-၁၉ ပိုးရှိသူ တွေ့တဲ့အကြောင်း ကြေညာခဲ့တာဖြစ်ပြီး ကျောင်းမှာ ရှိနေတဲ့ ကလေးတွေကိုလည်း အိမ်ပြန်ခိုင်းတာမျိုး လုပ်ထားပါတယ်။
ဒုက္ခသည်စခန်းမှာ လူနေထူထပ်သလို ကျန်းမာရေးဆိုင်ရာမှာလည်း မပြည့်စုံမှုတွေကြောင့် စိုးရိမ်နေကြပါတယ်။
မယ်လဒုက္ခသည်စခန်းမှာ ကိုဗစ်-၁၉ ရောဂါ ပထမဆုံးအကြိမ် ကူးစက်ခြင်း ဖြစ်ပါတယ်။
Share

