Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

မယ်လ ဒုက္ခသည်စခန်းမှာ ပထမဆုံး ကိုဗစ်ကူးစက်သူတစ်ဦးတွေ့

မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေထိုင်ကြတဲ့ ထိုင်းနိုင်ငံ မယ်လ (ဘဲကလော်) ဒုက္ခသည်စခန်းမှာ ကိုဗစ်-၁၉ လူနာ တစ်ဦး တွေ့ရှိလို့ ဈေးဆိုင်တွေ၊ ကျောင်းတွေ ပိတ်ခိုင်းထားပါတယ်။

Mae La Refugee Camp
Mae La Refugee camp streets are empty after a Covid-19 case is confirmed Source: SBS Burmese

Zone B 3 A မှာ နေထိုင်သူ အမျိုးသား တစ်ဦး နေထိုင်မကောင်းဖြစ်လို့ စခန်းထဲက ဆေးရုံမှာ ဆေးကုသမှု ခံယူရာက ကိုဗစ်-၁၉  ရောဂါကို စမ်းသပ်တွေ့ရှိတာဖြစ်လို့ ထိုင်း အာဏာပိုင်တွေက ချက်ခြင်း စခန်းကို လာပြီး အိမ်ပြင် မထွက်ကြဖို့နဲ့ စခန်းအပြင် ထွက်ခွာတာမျိုး မလုပ်နိုင်အောင် ပိုမိုတင်းကြပ်ထားလိုက်ပြီ ဖြစ်ပါတယ်။ 

စခန်းအတွင်းမှာလည်း သွားလာမှုတွေ မများအောင် အစောင့်တွေချထားတယ်လို့ အဲဒီစခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

လော်စပီကာကနေတဆင့် ကိုဗစ်-၁၉ ပိုးရှိသူ တွေ့တဲ့အကြောင်း ကြေညာခဲ့တာဖြစ်ပြီး ကျောင်းမှာ ရှိနေတဲ့ ကလေးတွေကိုလည်း အိမ်ပြန်ခိုင်းတာမျိုး လုပ်ထားပါတယ်။

ဒုက္ခသည်စခန်းမှာ လူနေထူထပ်သလို ကျန်းမာရေးဆိုင်ရာမှာလည်း မပြည့်စုံမှုတွေကြောင့် စိုးရိမ်နေကြပါတယ်။

မယ်လဒုက္ခသည်စခန်းမှာ ကိုဗစ်-၁၉  ရောဂါ ပထမဆုံးအကြိမ် ကူးစက်ခြင်း ဖြစ်ပါတယ်။ 


1 min read

Published

Updated

By Mu Laing Thein


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now