Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ဆန္ဒပြသူတွေကို ကားနဲ့ဝင်တိုက်လို့ ၅ ဦးသေ၊ ၁၅ ဦးလောက် ဒဏ်ရာရ

ရန်ကုန်မြို့မှာ ဒီတနင်္ဂနွေမနက်မှာ ဆန္ဒပြကြတဲ့ လူတွေထဲကို ကားတစ်စီးအရှိန်နဲ့ ဝင်တိုက်လို့ လူတချို့သေဆုံးပြီး တချို့ဒဏ်ရာ ရရှိတယ်လို့ သိရပါတယ်။

Soldiers walk near an armoured personnel carrier while people protest against the military coup, outside the Central Bank of Myanmar, in Yangon.

Soldiers walk near an armoured personnel carrier while people protest against the military coup, outside the Central Bank of Myanmar, in Yangon. Source: Getty

Myanmar Now သတင်းမှာ လူ ၅ ဦးခန့် သေဆုံးပြီး ၁၅ ဦးခန့် ဖမ်းဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

လူမှုကွန်ယက် မီဒီယာပေါ်မှာတော့ လူအုပ်ထဲကို ကားတစ်စီး အရှိန်နဲ့ ဝင်တိုက်တဲ့ပုံတွေ၊ လမ်းပေါ်မှာ လူတွေ လဲကျနေတဲ့ပုံတွေကို မြင်တွေ့ရပါတယ်။

မနက်ပိုင်းမှာ ဆန္ဒပြမှု အကြမ်းဖက်ခံလိုက်ရပေမယ့် မွန်းလွဲပိုင်းမှာ ဆန္ဒပြမှု ထပ်မံ ပြုလုပ်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁၃၀၀ ကျော် သတ်ပစ်ခံရပြီ ဖြစ်ပါတယ်။

ရန်ကုန်နဲ့ မြို့တချို့မှာ လျတ်တပြတ် ဆန္ဒပြမှုတွေ ပြုလုပ်ကြပြီး ဒီမနက်မှာတော့ ဆန္ဒပြပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကားနဲ့ဝင်တိုက်မှု ဖြစ်ပေါ်တာလို့ မျက်မြင်သက်သေတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဆန္ဒပြသူတွေကို စစ်သားတွေက ရိုက်နှက်တာတွေ၊ ဖမ်းဆီးတာတွေလည်း လုပ်သလို အဲဒီလို လုပ်တဲ့ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ ပျံ့နှံ့လာတဲ့နောက်ပိုင်း တိုက်ခန်းတွေမှာ လိုက်လံစစ်ဆေးတယ်ဆိုတဲ့ သတင်းတွေလည်း လူမှုကွန်ယက်တွေမှာ ပြောဆိုနေကြပါတယ်။

ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်နဲ့ ရဲတွေဟာ မတ်လတုန်းက ဆန္ဒပြသူတွေ ပိတ်မိအောင် တမင်လုပ်ပြီး ဖြိုခွင်းခဲ့တယ်လို့ ပါရှိပါတယ်။

မတ်လ ၁၄ ရက်တုန်းက လှိုင်သာယာမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြမှုမှာ ပိတ်မိနေတဲ့ ဆန္ဒပြသူတွေကို ရဲတွေ၊ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်သလို ဒဏ်ရာရသူတွေကို ကူညီတဲ့လူတွေကိုလည်း ပစ်ခတ်မှု လုပ်ခဲ့တယ်လို့ ပြောပါတယ်။ အနည်းဆုံး လူ ၆၅ ဦးလည်း သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မျက်မြင်သက်သေ ၆ ဦးနဲ့ ဗီဒီယို ၁၃ ခုနဲ့ ဆိုရှယ်မီဒီယာပေါ်က ဓာတ်ပုံ ၃၁ ပုံတို့ကို လေ့လာဆန်းစစ်ခဲ့တဲ့အပေါ် အခြေခံတယ်လို့လည်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

မတ်လ ၁၄ ရက် အာရုဏ်ဦးအချိန်လောက်မှာ ဆန္ဒပြသူတွေက လှိုင်မြစ်လမ်းမမှာ ထိုင်သပိတ်လုပ်ဖို့ ချီတက်ကြပြီး မနက် ၁၀ နာရီလောက်မှာ လုံခြုံရေးသမားတွေက လမ်းဘေးတွေထဲ ဝင်သွားအောင် လူစုခွဲခဲ့တယ်လို့ ဆိုပါတယ်။

ဗီဒီယို နှစ်ခုအပြင် ဆက်တလိုက်ဓာတ်ပုံတွေအရ လုံခြုံရေးသမားတွေက မွန်းတည့်ချိန်ကနေ ၁၂ နာရီ မိနစ် ၄၀ အတွင်း လူတွေကို ဝိုင်းရံတဲ့အနေအထားမျိုး ဖြစ်အောင် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးသမားတွေဖက်က မျက်ရည်ယိုုဗုံးတွေ၊ ရာဘာသုတ်ထားတဲ့ ကျဉ်ဆံတွေအပြင် ကျဉ်အစစ်တွေနဲ့ စတင်ပစ်ခတ်ခဲ့ပြီး ဆနဓပြသူတွေဖက်က လောက်လေးခွတွေ၊ ကျောက်ခဲတွေနဲ့ တခြား အရာတွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။

မျက်မြင်သက်သေတွေရဲ့ အဆိုအရ သူတို့ရှေ့မှာပဲ လူတွေ သေဆုံးရတာကို မြင်တွေ့ခဲ့ရတယ်လို့ ထွက်ဆိုကြပါတယ်။

လူတွေရဲ့ ထွက်ပေါက်တွေကို ပိတ်ချပြီး ဆန္ဒပြသူတွေနဲ့ ဒဏ်ရာရသူတွေကို ကူညီတဲ့ လူတွေကို တမင်တကာ တိုက်ခိုက်ခဲ့တာမျိုးလည်း ထွက်ဆိုကြတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အနည်းဆုံး လူ ၄ ဦးလောက်က တခြားလူတွေကို ကူညီဖို့ ကြိုးစားရင်း ဒဏ်ရာရရှိသွားတာကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။ တစ်ဦးကတော့ ထော့နဲ့ထော့နဲ့နဲ့ သွားလာပုံနဲ့ နောက်တစ်ဦးကတော့ သူ့ကို လူတွေ သယ်သွားတဲ့အခါ ဘာမှ လှုပ်ရှားမှုမရှိတော့တာကို တွေ့ခဲ့ရသလို လူသွားလမ်းပေါ်က လူတစ်ဦးကတော့ နောက်ကျောမှာ သွေးယိုနေတဲ့ပုံတွေ တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


2 min read

Published


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now