Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

Matildas အသင်းနဲ့ ဆက်စပ်ပြီး လူတွေ သိပ်မသိကြတဲ့ အချက် ၅ ချက်

ဩစတြေးလျနိုင်ငံ အမျိုးသမီး ဘောလုံးအသင်း Matildas က သူ့ရဲ့ အသင်းနာမည်ကို ဘယ်လိုကနေ ဘယ်လို ရရှိခဲ့သလဲ၊ ရံပုံငွေတွေ ရရှိဖို့ ကိုယ်လုံးတီးပုံတွေ ရိုက်ခဲ့ကြရတဲ့အကြောင်းတွေကို သင်သိပါသလား။

The Matildas have talent and tenacity but can they reach the level needed to do well in the World Cup?

What does Robbie Gaspar believe is the top priority for Matildas players in their preparation for the World Cup? Source: Getty / Source: Getty Images/Matt King

၂၀၂၃ ခုနှစ် ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲကို ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့က အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနေကြပါတယ်။

ဩစတြေးလျနိုင်ငံကို ကိုယ်စားပြုတဲ့ အမျိုးသမီးအသင်းကို Matildas မာထေးလ်ဒါစ် လို့ခေါ်ပါတယ်။

ဩစတြေးလျ အမျိုးသမီး အသင်းဟာ ကမ္ဘာမှာ အဆင့် ၁၀ ရှိတဲ့ အသင်းဖြစ်ပြီး ဒီကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ကွာတားဖိုင်နယ်အဆင့် ကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

သူတို့ဟာ နိုင်ငံအတွင်းမှာ လူချစ်ခင်မှု အများဆုံး အားကစားအသင်းတစ်ခုလည်း ဖြစ်ပါတယ်။

Matildas အသင်းကို ဘယ်တုန်းက စတင်ဖွဲ့စည်းသလဲ။

ဩစတြေးလျနိုင်ငံကို ကိုယ်စားပြုတဲ့ အမျိုးသမီး ဘောလုံးအသင်းဟာ ၁၉၂၀ ပြည့်နှစ်တွေကတည်းက စတင်တည်ရှိလာပါတယ်။ အရင်တုန်းက ဆစ်ဒနီမြို့ အခြေစိုက် အမျိုးသမီးတွေနဲ့သာ ဖွဲ့ထားတာဖြစ်ပြီး ၁၉၇၈ ခုနှစ်မှာ ဩစတြေးလျနိုင်ငံရဲ့ အမျိုးသမီး ဘောလုံးအသင်းအဖြစ် ပထမဆုံးအကြိမ် တရားဝင် ကိုယ်စားပြုပြီး ထိုင်ဝမ်မှာကျင်းပတဲ့ World Women's Invitational Tournament မှာ ပါဝင်ခဲ့ပါတယ်။

နောက်တစ်နှစ်မှာ နယူးဇီလန်အသင်းနဲ့ 'A' international အဆင့် ပြိုင်ခဲ့ပြီး ၂ ဂိုးနဲ့ သရေကျသွားပါတယ်။

ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ၁၉၉၁ ခုနှစ်မှာ စတင်ပြိုင်ခွင့်ရခဲ့ပါတယ်။ ခြေစစ်ပွဲ မအောင်တဲ့ကြားက ဝင်ခွင့်ရခဲ့တာပါ။

တရုတ်နိုင်ငံပွဲမှာ ဝင်ခွင့်ရတဲ့နောက်ပိုင်း အခုဆိုရင် ၇ ကြိမ်ဆက်တိုက် ဝင်ခွင့်ရရှိနေပါတယ်။

၂၀၁၀ ပြည့်နှစ်တုန်းက တရုတ်နိုင်ငံမှာ ကျင်းပတဲ့ အာရှဖလားမှာ မြောက်ကိုရီးယားအသင်းကို အနိုင်ရလို့ ငွေတံဆိပ်ကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ ဂရိတ်ဗြိတိန်အသင်းကို အနိုင်ရပြီး စတုတ္တအဆင့်အထိ တက်နိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ပွဲမှာ ဆွီဒင်ကို ရှုံးနိမ့်သွားပြီး စတုတ္တနေရာအတွက် ပြိုင်တဲ့ပွဲမှာ အမေရိကန်ကို ရှုံးနိမ့်သွားပါတယ်။

Matildas ဆိုတဲ့ နာမည် ဘယ်လို ရသွားသလဲ။

Matildas ဆိုတဲ့ နာမည်ကို အသုံးမပြုခင်မှာ သူတို့ကို 'female Socceroos' လို့ပဲ ခေါ်ဝေါ်ကြပါတယ်။

၁၉၉၅ ခုနှစ် သူတို့ရဲ့ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်နိုင်တဲ့အခါ သူတို့ကို ကိုယ်စားပြုမယ့် နာမည်၊ အားပေးတဲ့ပရိသတ်တွေနဲ့ ဆက်ဆံမှု တိုးတက်ဖို့နဲ့ စပွန်ဆာတွေ ရဖို့ အသင်းနာမည်ကို ရွေးခဲ့ကြပါတယ်။

အဲဒီတုန်းက SBS ကနေBall footballအစီအစဥ်မှာ စစ်တမ်း ကောက်ယူခဲ့ပြီး နာမည်ကို အကြံပြုချင်သူတွေအနေနဲ့ ဖုန်းဆက်လာရင် ၂၅ စင့် ပေးရတဲ့ အစီအစဥ် ဖြစ်ပါတယ်။

ရွေးချယ်ခွင့်ပေးထားတဲ့ နာမယ်တွေကတော့ Soccertoos, Waratahs, Matildas, Lorrikeets နဲ့ Blue Flyers တို့ ဖြစ်ကြပါတယ်။

တကယ်တော့ Matildas ဆိုတာ ၁၉၈၂ ခုနှစ် ဘရစ္စဘိန်းမြို့မှာ ကျင်းပတဲ့ ဓနသဟာရ နိုင်ငံများ အားကစားပွဲမှာ ပွဲရဲ့ တရားဝင် အရုပ်အဖြစ် အသိအမှတ်ပြုခံရတဲ့ သားပိုက်ကောင်ဖြစ်ပြီး အဲဒီကတည်းက လူသိများတာ ဖြစ်ပါတယ်။

မျက်လုံး တဖက်မိတ်ပြီး ပြုံးပြနေတဲ့ သားပိုက်ကောင် Matildas ကို လူအများက အသင်းရဲ့ နာမည်အဖြစ် ‌ရွေးချယ်ဖို့ မဲပေးကြလို့ အဲဒီနာမည် တွင်သွားတာ ဖြစ်ပါတယ်။

ရံပုံငွေ ရဖို့အတွက် Matildas အသင်းသားတွေ ကိုယ်လုံးတီးဓာတ်ပုံနဲ့ ပြက္ခဒိန်ထုတ်ခဲ့ဖူးပါတယ်။

၁၉၉၉ ခုနှစ်တုန်းက Matildas ရဲ့ ရံပုံငွေဟာ အခုလို တောင့်တင်းမှုမရှိခဲ့လို့ ရံပုံငွေ ပိုရအောင် အသင်းသားတွေက အဖြူအမဲ ကိုယ်လုံးတီး ဓာတ်ပုံနဲ့ ပြက္ခဒိန်ထုတ်ဖို့ စဥ်းစားရာက ကစားသမား ၁၂ ဦးက သဘောတူပြီး လုပ်ဆောင်ခဲ့ဖူးပါတယ်။

ပြက္ခဒိန်ပေါင်း ထောင်နဲ့ချီ ရောင်းချနိုင်ခဲ့ပေမယ့် လူတွေရဲ့ တုန့်ပြန်မှု တချို့က သိပ်မကောင်းခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ အသင်းရဲ့ နာမည်ကိုတော့ လူတွေ သတိပြုမိသွားကြပါတယ်။

Matildas တစ်ကြိမ် ဆန္ဒပြခဲ့

၂၀၁၅ ခုနှစ်တုန်းက Matildas ဟာ တစ်နှစ်စာ ကစားဖို့နဲ့ လေ့ကျင့်ရေးအတွက် ဒေါ်လာ ၂၀၀၀၀ သာ ရရှိတဲ့အပေါ် ဆန္ဒပြခဲ့ကြပါတယ်။

သူတို့ရရှိတဲ့ ထောက်ပံ့ကြေးဟာ အမျိုးသား ဆော်ကရူး Socceroo ဘောလုံးအသင်းရဲ့ လစာနဲ့ ယှဥ်ရင် မိုးနဲ့မြေလို ကွာခြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော် အားကစားအသင်းအနေနဲ့ ပထမဆုံးအကြိမ် ဆန္ဒပြခြင်းလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီဆန္ဒပြမှုကြောင့် သူတို့ဟာ အနည်းဆုံး လစာ ခံစားခွင့် ရရှိကြပြီး အခုဆိုရင် အမျိုးသားအသင်းလိုပဲ လစာရရှိကြပါတယ်။

အခုထိ မာထေးလ်ဒါစ် အသင်းဟာ ကျား မ တန်းတူညီမျှရေးနဲ့ ပတ်သက်လာရင် အရေးဆိုပေးလေ့ရှိပါတယ်။

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်မှုတွေအတွက် စုံစမ်းမှုတွေလည်း ရှိခဲ့

၂၀၂၁ ခုနှစ်တုန်းက Matildas ရဲ့ ရှေ့တန်း ကစားသမားဟောင်း Lisa De Vanna ရဲ့ အဆိုအရ သူ့ရဲ့ နိုင်ငံတကာအဆင့် ကစားမှုအတွင်း လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်မှုတွေ ခံခဲ့ရတယ်လို့ ဆစ်ဒနီရဲ့ Daily Telegraph ကို ပြောပြခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုခံရတာတွေ၊ ဘေးဖယ်ခံထားရတာတွေ၊ စိတ်မသက်မသာ ဖြစ်စရာတွေလည်း မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

သူမရဲ့ ပြောဆိုမှုကို Elissia Carnavas နဲ့ သူမရဲ့ မန်နေဂျာဟောင်း Rose Garofano ကလည်း ထောက်ခံထားပါတယ်။

ကစားသမားဟောင်း Rhali Dobson ကလည်း သူ စတင်ကစားတဲ့အချိန်တုန်းက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့အတွက် အယုံသွင်းခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

အဲလို ပြောဆိုချက်တွေနဲ့ ဆက်စပ်ပြီး စုံစမ်းမှုတွေ လုပ်ခဲ့တာ ရှိပါတယ်။


2 min read

Published

Updated

By Madeleine Wedesweiler

Source: SBS


Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now