UK နဲ့ သဘောတူညီမှုအရ ရက်ပိုင်းအတွင်း Pfizer ၄ သန်း သြစတြေးလျကို ရောက်ရှိမယ်

သြစတြေးလျနိုင်ငံက ယူကေနိုင်ငံကနေ Pfizer ကာကွယ်ဆေး အခုပေါင်း ၄ သန်း ရယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

A patient receives the Pfizer COVID-19 vaccination by a nurse at the Belmore Medical GP in the suburb of Belmore, Sydney, Saturday, August 28, 2021.

A patient receives the Pfizer COVID-19 vaccination by a nurse at the Belmore Medical GP in the suburb of Belmore, Sydney, Saturday, August 28, 2021. Source: AAP

ကာကွယ်ဆေး လဲလှယ်တဲ့ သဘောတူညီမှု swap deal အရ ရက်ပိုင်းအတွင်း Pfizer ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အခုပေါင်း ၄ သန်း ရောက်ရှိလာမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် စကော့တ်မော်ရီဆန်က ပြောပါတယ်။

စက်တင်ဘာလအတွင်း Pfizer ကာကွယ်ဆေးတွေ နှစ်ဆ ပိုထိုးပေးနိုင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီကာကွယ်ဆေးတွေကို လူဦးရေ အချိုးအစားအလိုက် ပြည်နယ်နဲ့ ဒေသဆိုင်ရာ အားလုံးကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေ ထပ်ရောက်လာလို့ လူဦးရေ ၇၀% သို့မဟုတ် ၈၀% လောက် ကာကွယ်ဆေး ထိုးနိုင်ဖို့ ရည်မှန်းချက်တွေ ပိုဖြစ်လာနိုင်မယ့်အနေအထား ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး Greg Hunt က ပြောပါတယ်။

အောက်တိုဘာ၊ နိုဝင်ဘာလောက်မှ ရနိုင်မယ့် ရလာဒ်ကို သြဂုတ်လနဲ့စက်တင်ဘာလကတည်းက ရနိုင်မယ့် အနေအထားမျိုး ဖြစ်တယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ အခုလောလောဆယ် ထိုးပြီးသား ကာကွယ်ဆေး သန်း ၂၀ ထဲက တဝက်ကျော်ဟာ AstraZeneca ကာကွယ်ဆေးတွေ ဖြစ်တယ်လို့ ပြောပါတယ်။

အကယ်လို့ AstraZeneca ကာကွယ်ဆေးထိုးဖို့ ရက်ချိန်းယူထားရင် အဲဒါကိုပဲ ဆက်ပြီး ထိုးလိုက်ပါလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

သင်အခု ရနိုင်တဲ့ ကာကွယ်ဆေးက အကောင်းဆုံး ကာကွယ်ဆေး ဖြစ်တယ်လို့လညး် ပြောပါတယ်။

ဒီတစ်ပတ်ထဲမှာပဲ သြစတြေးလျဟာ စင်္ကာပူနိုင်ငံကနေ Pfizer ကာကွယ်ဆေး အခုပေါင်း ၅၀၀ ၀၀၀ ရယူခဲ့ပြီး ဒီဇင်ဘာလ ကြရင် ပြန်ပေးရမှာ ဖြစ်ပါတယ်။

အရင်လတုန်းကလည်း ပိုလန်နိုင်ငံက သြစတြေးလျကို Pfizer ကာကွယ်ဆေး အခုပေါင်း တစ်သန်း ပို့ပေးဖို့ သဘောတူခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာ အခုလောလောဆယ် အသက် ၁၆ နှစ်ကျော်သူ လူဦးရေ ၃၆% သာ ကာကွယ်ဆေး ၂ ချောင်းစလုံး ထိုးပြီးတာ ဖြစ်ပါတယ်။

တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ယှဉ်ရင် သြစတြေးလျနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှုန်းဟာ နှိမ့်ကျနေပေမယ့် သတင်းပတ်အနည်းငယ်အတွင်း ကာကွယ်ဆေးထိုးသူတွေ သိသိသာသာ ပိုများလာပါတယ်။


Share

1 min read

Published

Source: AAP, SBS




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now