SKIP TO MAIN CONTENT

၂၀၃၀ နောက်ဆုံးထားပြီး NSW နဲ့ Victoria မှာ KG မတိုင်ခင်တစ်နှစ် အခမဲ့လုပ်ပေးမယ်

New South Wales ပြည်နယ် နဲ့ Victoria ပြည်နယ်မှာ kindergarten ကေဂျီမတိုင်ခင် တစ်နှစ်အလိုမှာ ကလေးတွေ အခမဲ့ ကျောင်းတက်နိုင်ဖို့ စီစဥ်သွားမှာ ဖြစ်ပါတယ်။

Kindergarten students work
Kindergarten students work Source: AAP

1 min read

Published

By Abbie O'Brien


Skip to article content

အခုလောလောဆယ် သူငယ်တန်း မတတ်ခင် ကေဂျီအတန်း ဒါမှမဟုတ် ၄ နှစ်အရွယ်ရောက်မှသာ အခမဲ့ ကျောင်းတက်ခွင့်ရတာဖြစ်ပေမယ့် အခုအခါမှာ တစ်နှစ် စောစီးတက်နိုင်မှာ ဖြစ်လို့ ကလေးငယ်တိုင်း တူညီတဲ့ ပညာရေးအခွင့်အရေးရရှိမှာဖြစ်သလို အလုပ်လုပ်တဲ့ မိခင်တွေ ကောင်းမွန်စွာ အလုပ်ပြန်သွားနိုင်မှာဖြစ်လို့ အလုပ်လုပ်ဖို့လိုတဲ့ မိသားစုတွေအတွက် အကျိုးရှိမယ် ပြောဆိုကြပါတယ်။

3-year-old kinder တက်ရင် မိဘတွေက တချို့တဝက် အိတ်စိုက်ရတာ ဖြစ်ပါတယ်။ 

မကြာခင်မှာ အဲဒါတွေက အခမဲ့ ဖြစ်လာမှာဖြစ်ပြီး ဗစ်တိုးရီးယားပြည်နယ်မှာ အဲဒီအစီအစဥ်ကို ၂၀၂၅ ခုနှစ်မှာ စတင်မှာဖြစ်ပါတယ်။

အခုလောလောဆယ် 4-year-old kinder ဆိုတာကို 'pre-prep လို့ ပြောင်းလဲခေါ်မှာ ဖြစ်ပါတယ်။

ကလေးငယ်တွေ တစ်ပတ်မှာ ၅ ရက် ကျောင်းတက်နိုင်မှာဖြစ်ပြီး အခမဲ့ စီစဥ်ပေးတာဖြစ်ပြီး အဲဒီလို ခပ်ဆင်ဆင်အစီအစဥ်မျိုးကို New South Wales က ၂၀၃၀ မှာ စတင်မှာ ဖြစ်ပါတယ်။

နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာတော့ အဲဒီအစီအစဥ်ကို pre-kindergarten လို့ ခေါ်မှာ ဖြစ်ပြီး pilot program စမ်းသပ်ရေး အစီအစဥ်ကို ၂၀၂၃ မှာ စတင် စမ်းကြည့်မှာ ဖြစ်ပါတယ်။

အဲဒီလို အစီအစဥ်ကို ၁၀ နှစ်ကြာ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပြီး အဲဒီအတွက် New South Wales က ၅.၈ ဘီလီယံဒေါ်လာ ရာထားပြီး လာမယ့်လကစပြီး စီစဥ်နိုင်ဖို့ ဒေါ်လာ သန်း ၅၀ ရာထားထားပါတယ်။

ကလေးငယ်တွေအတွက် ကျောင်းအသစ် တည်ဆောက်မှုတွေ၊ နဂိုရှိပြီးသား မူလတန်းကျောင်းကို တိုးချဲ့ပြီး အဲဒီကလေးတွေကို ထားရှိနိုင်ဖို့အတွက်လည်း လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

ဒီအစီအစဥ်အသစ်ကို မဖြစ်မနေ တက်ရမယ်လို့ သတ်မှတ်ထားတာမဟုတ်ပါဘူး။ ကနေဒါနိုင်ငံမှာ အလားတူ စနစ်မျိုး ကျင့်သုံးတဲ့အခါမှာ ဒီအစီအစဥ်သစ်မှာ ပါဝင်တဲ့ ကလေးငယ်ဦးရေက ၉၅% တောင် ရှိလို့ အောင်မြင်နေကြောင်း သိရပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now