SKIP TO MAIN CONTENT

ဖျားနာခွင့် ရရှိမယ့် Casual အလုပ်သမားတွေကို ထပ်မံတိုးချဲ့ သတ်မှတ်ပေး

ဗစ်တိုးရီးယားပြည်နယ်အစိုးရက casual သမားတွေဖြစ်ပေမယ့် ဖျားနာတဲ့အခါ ခွင့်ရက်ရနိုင်မယ့် အလုပ်အကိုင် အမျိုးအစားတွေကို ထပ်မံတိုးချဲ့ သတ်မှတ်ပေးလိုက်ပါတယ်။

Representational image of the workers seen working in a farm.
Representational image of farm workers. Source: Supplied

1 min read

Published

Source: SBS


Skip to article content

အခုဆိုရင်Casual ကလေးထိန်းသမားတွေ၊ သစ်သီးခူးသူတွေ၊ စက်ရုံလုပ်သားတွေ၊ ဆံသသမားတွေ၊ Uber လို rideshare မောင်းသူတွေနဲ့ fitness instructor တွေလို လူတွေလည်း ဖျားနာရင် ပြည်နယ်အစိုးရက ခွင့်ရက်ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

အရင်တုန်းက casual အလုပ်သမားတွေမှာ ဖျားနာခွင့် သို့မဟုတ် ဖျားနာသူကို စောင့်ရှောက်ဖို့အတွက် ခွင့်ရက် ခံစားချက်တွေ မရှိခဲ့ပါဘူး။

ဒါပေမဲ့ ကိုဗစ်ကာလအတွင်း permanent အလုပ်သမားတွေသာ ခွင့်ရက်ခံစားခွင့်ရပြီး casual အလုပ်သမားတွေ ကိုဗစ်ဖြစ်လို့ ဒါမှမဟုတ် ဖျားနာလို့ အလုပ်ကနားရရင် ခွင့်ရက်ခံစားခွင့်မရလို့ အလုပ်မသွားရင် ပိုက်ဆံမရတဲ့ အခြေအနေမျိုး ရောက်ခဲ့ရတဲ့အတွက် အဲလိုမတူညီမှုတွေ ရှောင်ရှားနိုင်အောင် ၂၀၂၂ ခုနှစ်ကစပြီး အစိုးရက casual တွေလည်း ခွင့်ရက်ရအောင် စီစဥ်လိုက်တာ ဖြစ်ပါတယ်။

ကနဦးတုန်းက စားသောက်ဆိုင်လုပ်ငန်း လုပ်သူတွေ၊ အစားအသောက်ပြင်ဆင်သူ၊ ဆူပါမတ်ကက်မှာ လုပ်သူ၊ လုံခြုံရေးသမား၊ သက်ကြီးနဲ့ မသန်စွမ်း စောင့်ရှာက်သူ စသည်ဖြင့် လုပ်ငန်းတချို့မှာ casual လုပ်သူတွေကိုသာ ခွင့်ရက်ပေးတာဖြစ်ပေမယ့် အခုအခါမှာ တခြားအလုပ်အကိုင်တွေကိုပါ ထပ်မံ တိုးချဲ့ပေးလိုက်တာ ဖြစ်ပါတယ်။

အခုဆိုရင် အလုပ်အကိုင်အမျိုးအစား ၄၀၀ ကျော်မှာ casual အလုပ် လုပ်တဲ့လူတွေ ဖျားနာခွင့် ခံစားခွင့်ရရှိလာကြပါတယ်။

အစိုးရက ဒီအစီအစဥ်ကို နှစ်နှစ် (၂၀၂၄ အထိ) စမ်းသပ်ကြည့်ဖို့အတွက်စီစဥ်ထားပြီး ဒေါ်လာ ၂၄၅.၇ သန်း ချမှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

လူတွေအနေနဲ့ နေမကောင်းတဲ့ကြားကနေ အလုပ်သွားရတာမျိုး ဒါမှမဟုတ် အလုပ်မသွားရင် ပိုက်ဆံမရမယ့် အခြေအနေမျိုး မဖြစ်သင့်ဘူးလို့ ပြည်နယ်ရဲ့ အလုပ်အကိုင်ရေးရာ ဝန်ကြီး Ben Carroll က ပြောပါတယ်။

Casual သမားတွေအနေနဲ့ မိမိဖျားနာရင် ခွင့်ရက် ခံစားခွင့်ရှိမရှိ သိချင်ရင် Service Victoria app ကို အသုံးပြုပြီး ရှာကြည့်နိုင်ပါတယ်။

ခံစားခွင့်ရတဲ့ casual သမားတွေအနေနဲ့ တစ်နှစ်မှာ ၃၈ နာရီအထိ ခွင့်ရက် ခံစားခွင့်ရှိပြီး ခွင့်ယူတုန်း အနည်းဆုံး လစာဖြစ်တဲ့ တစ်နာရီ ၂၃.၃၃ ဒေါ်လာ ခံစားခွင့်ရရမှာ ဖြစ်ပါတယ်။

ဒီလို အစီအစဥ်ကို စတင်လိုက်ပြီးနောက် casual အလုပ်လုပ်သူတွေက နာရီပေါင်း ၁.၈ သန်းကို ခွင့်ယူခဲ့ကြပေမယ့် ထင်မှတ်ထားသလောက် မများတဲ့အတွက် အစိုးရက အဲဒီအစီအစဥ်ကို နောက်ထပ် တစ်နှစ် (၂၀၂၅ အထိ) တိုးပေးလိုက်သလို အလုပ်အကိုင် တချို့ကိုလည်း ထပ်မံ တိုးချဲ့သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now