SKIP TO MAIN CONTENT

ကာကွယ်ဆေးထိုးထားသူ သြစတြေးလျံတွေ မကြာခင် ပြည်ပနိုင်ငံ သွားခွင့်ရမယ်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အပြည့်အဝ ထိုးထားတဲ့ သြစတြေးလျံတွေအနေနဲ့ ပြည်ပနိုင်ငံ သွားခွင့်ရဖို့အတွက် အကြောင်းပြချက် ခိုင်မာစွာ ပြသစရာမလိုတော့ပဲ မကြာခင် ပြည်ပနိုင်ငံခရီးတွေ သွားခွင့်ရမှာ ဖြစ်ပါတယ်။

A file photo of a couple holding hands whilst wearing protective gloves and masks in the departures area at the Sydney International Airport.
A file photo of a couple holding hands whilst wearing protective gloves and masks in the departures area at the Sydney International Airport. Source: AAP

1 min read

Published

Source: AAP, SBS



Skip to article content

နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ကာကွယ်ဆေး နှစ်ချောင်းစလုံး ထိုးထားတဲ့လူတွေအနေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်ရမယ်လို့ ဝန်ကြီးချုပ် Scott Morrison က ပြောပါတယ်။

လတ်တလောမှာတော့ စင်္ကာပူနိုင်ငံက နိုဝင်ဘာလ ၈ ရက်နောက်ပိုင်း သြစတြေးလျနိုင်ငံသားတွေ စင်္ကာပူထဲ ဝင်လာရင် ကွာရန်တင်းဝင်စရာ မလိုဘူးလို့ ကြေညာထားပါတယ်။

International COVID-19 Vaccination Certificate
You'll need to use an International COVID-19 Vaccination Certificate to travel overseas. Source: Getty Images/ d3sign

ပြည်ပနိုင်ငံတွေကို သွားရောက်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေပြရမှာဖြစ်ပြီး နိုင်ငံတကာဆိုင်ရာ ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေလက်မှတ် international vaccine certificate လိုအပ်မှာဖြစ်လို့ လူပေါင်း ၅ သိန်းက အဲဒီ certificate ကို ဒေါင်းလုဒ် လုပ်ထားကြပြီလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

အစိုးရကနေ အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေကို ထိုးထားဖို့လည်း လိုအပ်သလို ဒုတိယမြောက် ကာကွယ်ဆေးကို ခရီးမသွားခင် အနည်းဆုံး တစ်ပတ်အကြာ ကြိုတင်ထိုးရမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေး မထိုးထားတဲ့လူတွေကတော့ ပြည်ပနိုင်ငံ သွားလာဖို့အတွက် အကြောင်းပြချက် ခိုင်လုံစွာနဲ့ သက်သေပြပြီး ခရီးသွားခွင့်ရယူရမှာဖြစ်ပြီး တစ်ပတ်မှာ ဘယ်နှစ်ဦးသာ သွားရမယ်ဆိုတဲ့ ကန့်သတ်မှုထဲ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ပြည်ပမှာ သောင်တင်နေတဲ့ သြစတြေးလျနိုင်ငံသားတွေ၊ အမြဲတမ်းနေထိုင်ခွင့်ရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အရင်ဆုံး ဦးစားပေးအနေနဲ့ ပြည်ဝင်ခွင့် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

နှစ်ကုန်ချိန်ကစပြီး နိုင်ငံတကာ ကျောင်းသားတွေနဲ့ ကျွမ်းကျင်အလုပ်သမားတွေကို ခေါ်ယူဖို့ ဆန္ဒရှိတယ်လို့ ပြည်ထဲရေးဝန်ကြီး Karen Andrews က ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ကာကွယ်ဆေး အနည်းဆုံး တစ်ချောင်း ထိုးထားတဲ့ ဦးရေဟာ အမေရိကန်နိုင်ငံမှာ ထိုးတဲ့ရာခိုင်နှုန်းထက် များလာတဲ့နောက်ပိုင်း သြစတြေးလျ အစိုးရက နိုင်ငံတကာ ခရီးသွားလာရေးတွေမှာ ဖြေလျှော့မှု လုပ်ပေးလာတာ ဖြစ်ပါတယ်။ 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now