SKIP TO MAIN CONTENT

သြစတြေးလျနိုင်ငံတကာနယ်စပ်ပြန်လည်ဖွင့်လှစ်မယ့်ရက်စွဲကြေညာ

သြစတြေးလျနိုင်ငံတကာနယ်စပ်ပြန်လည်ဖွင့်လှစ်မယ့်ရက်စွဲအတိအကျထွက်ပေါ်လာတဲ့အတွက် နှစ်နှစ်နီးပါးပိတ်ပင်ခံခဲ့ရြ့ပီးတဲ့နောက် ကာကွယ်ဆေးထိုးပြီးသား ကမာ္ဘလှည့်ခရီးသွားတွေအနေနဲ့ သြစတြေးလျနိုင်ငံထဲကို ပြန်လည်ဝင်ရောက်ခွင့်ရကြတော့မှာဖြစ်ပါတယ်။

Fully vaccinated international tourists will be able to return to Australia later this month.
Fully vaccinated international tourists will be able to return to Australia later this month. Source: AAP

1 min read

Published

Updated

By Tom Stayner

Presented by Shah Paung

Source: SBS News



Skip to article content

လာမယ့်ဖေဖော်ဝါရီလ ၂၁နေ့ကျရင် ကာကွယ်ဆေးအပြည့်အဝထိုးထားတဲ့ဗီဇာရ ခရီးသည်တွေအတွက် သြစတြေးလျနိုင်ငံအနေနဲ့ နိုင်ငံတကာနယ်စပ်ပြန်လည်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

ရှေ့လာမယ့် သီတင်းပါတ် ၂ပတ်အတွင်း ကမာ္ဘလှည့်ခရီးသွားအပါအဝင် နိုင်ငံတကာခရီးသွားဧည့်သည်အားလုံး နိုင်ငံထဲကိုပြန်ဝင်ခွင့်ပြုတော့မှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Scott Morrison က ဒီကနေ့ တနင်္လာနေ့မှာကြေညာခဲ့ပါတယ်။

"တကမာ္ဘလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ အခုလိုလုပ်ဆောင်နိုင်တာဟာ သြစတြေးလျားနိုင်ငံရဲ့ အရေးကြီးတဲ့နောက်ထပ်အောင်မြင်မှုခြေလှမ်းတခုဖြစ်တယ်လို့ ကျနော်ထင်ပါတယ်" ဆိုပြီး Mr Morrison က သတင်းထောက်တွေကိုပြောပါတယ်။

အခုဆုံးဖြတ်ချက်ဟာ ၂၀၂၀ မတ်လ ၂၀ ရက်နေ့က စတင်ချမှတ်တဲ့ နှစ်နှစ်နီးပါးကြာ ကိုဗစ်-၁၉ ခရီးသွားစည်းမျဉ်းကန့်သတ်ချက်တွေကို နောက်တခုထပ်မံ ဖြေလျော့ပေးလိုက်တာဖြစ်ပါတယ်။

နိုင်ငံတကာကျောင်းသားတွေ၊ အားလပ်ရက်အတွင်း အလုပ်လုပ်ခွင့်ရတဲ့ဗီဇာကိုင်ဆောင်သူတွေနဲ့ ကျွမ်းကျင်လုပ်သားတွေအတွက် ခရီးသွားကန့်သတ်ချက်တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ပယ်ဖျက်ပေးလိုက်ပြီဖြစ်ပါတယ်။

နိုင်ငံတကာခရီးသွားတွေအနေနဲ့ ကာကွယ်ဆေး ၂ချောင်းထိုးပြီးသား သက်သေအထောက်အထား ဒါမှမဟုတ် ကျန်းမာရေးအခြေအနေကြောင့် ကာကွယ်ဆေးထိုးလို့မရတဲ့ စာရွက်စာတမ်းအထောက်အထေားတွေကိုပြသရမှာဖြစ်ပါတယ်။

နယ်စပ်ပိတ်ချမှုကြောင့် ခရီးသွားလုပ်ငန်းနယ်ပယ် ထိခိုက်နှစ်နာရတဲ့အတွက် နီုင်ငံတကာနယ်စပ်ပြန်လည်ဖွင့်လှစ်ပေးဖို့ ခရီးသွားလုပ်ငန်းတွေက တိုက်တွန်းနေကြတာဖြစ်ပါတယ်။ 

အခုလိုနယ်စပ်ပြန်လည်ဖွင့်လှစ်မယ့်ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနဲ့ အသေးစိတ်လုပ်ငန်းတွေကို ဆောင်ရွက်ဖို့လိုအပ်သေးတယ်လို့ Tourism & Transport Forum CEO Margy Osmand ကပြောပါတယ်။

ရောဂါခြေချုပ်ဖြစ်တဲ့ ကွာရန်တင်းစည်းမျဉ်းစည်းကမ်းတွေကတော့ သက်ဆိုင်ရာ ပြည်နယ်အပေါ် မူတည်ပြီး ဆက်လက်ရှိနေမှာဖြစ်ပါတယ်။

အခုလောလောဆယ်ဆယ်မှာတော့ Western Australia ပြည်နယ်က ၂ပတ်ကြာ ကွာရန်တင်းနေရမှာကလွဲရင် ပြည်နယ်တော်တော်များများက နိုင်ငံတကာခရီးသွားတွေကို ကွာရန်တင်းကင်းလွတ်ခွင့်ပေးထားပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now