SKIP TO MAIN CONTENT

ကမာ္ဘမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၄ သန်းကျော်ပြီ ဆစ်ဒနီမှာ ၃၈ ဦးကူးစက်

ကမာ္ဘပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးရသူက ၄ သန်းကျော်ရှိသွားပြီး အခုလောလောဆယ် နိုင်ငံအများအပြားမှာ ဆိုးဝါးတဲ့ Delta မျိုးကွဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ဖြစ်နေပါတယ်။

The global death toll from COVID-19 has hit 4 million.
The global death toll from COVID-19 has hit 4 million. Source: AP

1 min read

Published

Source: AAP, SBS



Skip to article content

ကိုဗစ်-၁၉ ရောဂါကို နှိမ်နင်းဖို့ ကြိုးစားနေကြသလို တဖက်မှာလည်း ကိုဗစ်-၁၉ ကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတွေ လူတိုင်းရရှိဖို့ ကြိုးစားလုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။

Johns Hopkins တက္ကသိုလ်ရဲ့ ဖော်ပြချက်အရ တစ်နှစ်ကျော်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူ ၄ သန်းကျော်ရှိပြီး အဲဒီအရေအတွက်ဟာ ၁၉ ၈၂ ခုနှစ်နောက်ပိုင်း ကမာ္ဘမှာ ဖြစ်ပေါ်တဲ့ စစ်ကြောင့် သေဆုံးရသူ ဦးရေထက်တောင် များပြားတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအရေအတွက်ဟာ ကမာ္ဘပေါ်မှာ နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးရတဲ့ ဦးရေထက် ၃ ဆ ပိုများတယ်လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ကြောင့် လူ စုစုပေါင်း ၄ သန်းကျော် သေဆုံးရတယ်ဆိုပေမယ့် မသိလိုက်တာတွေ ဒါမှမဟုတ် တမင်ဖုံးဖိထားတာမျိုးတွေလည်း ရှိနိုင်တဲ့အတွက် သေဆုံးသူ ဦးရေက ဒီထက် များပြားနိုင်တယ်လို့ ပြောပါတယ်။

အရင်နှစ် ဇန်နဝါရီလတုန်းက တစ်ရက်မှာ လူပေါင်း ၁၈ ၀၀၀ လောက် သေဆုံးရပေမယ့် အခုနောက်ပိုင်း ကာကွယ်ဆေး ပေါ်လာပြီးနောက် တစ်ရက်ကို သေဆုံးမှုနှုန်းက ၇၉ ၀၀ ကျဆင်းသွားပါတယ်။

Gravediggers are seen working on a grave at the Polynkovsky cemetery in Russia, which has the world's second highest mortality rate from COVID-19.
Source: AAP

ဒါပေမဲ့ လွန်ခဲ့တဲ့ သတင်းပတ်တွေအတွင်း Delta အမျိုးအစား မျိုးကွဲကိုဗစ် ရောဂါကြောင့် အိန္ဒိယမှာ လူတွေ အများအပြား သေဆုံးခဲ့ရတဲ့အတွက် ကမာ္ဘက စိုးရိမ်နေကြပြီး ကာကွယ်ဆေးထိုးမှု မြင့်တက်တယ်ဆိုတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ အစ္စရေးလို နိုင်ငံတွေကတောင် မျက်ခုံးလှုပ်နေကြပါတယ်။

ချမ်းသာတဲ့ နိုင်ငံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး လွယ်လွယ်ကူကူထိုးနိုင်ကြပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ မရနိုင်တဲ့အနေအထား ဖြစ်နေပါတယ်။

သြစတြေးလျနိုင်ငံမှာ အခုလောလောဆယ် ဆစ်ဒနီမြို့မှာ Delta အမျိုးအစား ကိုဗစ်-၁၉ မျိုးကွဲကူးစက်ပြန့်နှံ့နေတဲ့အတွက် လော့ခ်ဒေါင်းကို ရက်တိုး ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီကြာသပတေးနေ့မှာ ကိုဗစ်-၁၉ ကူးစက်သူ ၃၈ ဦးရှိလို့ စိုးရိမ်ကြပြီး တချို့ရပ်ကွက်တွေမှာတော့ ရဲတွေ ကင်းလှည့်ပြီး လူတွေ ကိုဗစ်-၁၉ နဲ့ ဆက်စပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာအောင် ဆောင်ရွက်နေကြပါတယ်။

တခြားပြည်နယ်တွေမှာတော့ အခုလောလောဆယ် အခြေအနေ ကောင်းမွန်နေပြီး ဗစ်တိုးရီးယားပြည်နယ်မှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိတာ တစ်ပတ်ကြာဆက်တိုက် ရှိသွားပြီ ဖြစ်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now