SKIP TO MAIN CONTENT

ဟက်ကာတွေက Optus အချက်အလက်ကို ဖျက်လိုက်ပြီး ငွေတောင်းတာကိုလည်း ပြန်ရုပ်သိမ်း

Optus ဒေတာ အချက်အလက်ကို ရရှိထားတယ်ဆိုတဲ့ အဖွဲ့က အခုဆိုရင် သူတို့ရဲ့ ငွေကြေးတောင်းဆိုမှုကို ရုပ်သိမ်းလိုက်သလို ခိုးယူထားတဲ့ ဒေတာ အချက်အလက်တွေအားလုံးကိုလည်း ဖျက်သိမ်းပေးလိုက်ပြီလို့ ပြောပါတယ်။

optus
Source: Flickr

1 min read

Published

Updated

By Gloria Kalache

Source: SBS


Skip to article content

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Optus ရဲ့ customer အယောက် ၁၀ သန်းလောက်ရဲ့ အီးမေးလ်လိပ်စာ၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်၊ ဒရိုင်ဘာလိုင်စင်နံပတ်နဲ့ ပတ်စ်ပို့အချက်အလက်တွေ ခိုးယူခံနိုင်တဲ့အနေအထားရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အချက်အလက်တွေဟာ ID တစ်ခုခုလျှောက်ဖို့အတွက် အမှတ် ၁၀၀ (100 points of identification) ရနိုင်တဲ့ အချက်အလက်တွေဖြစ်လို့ မသာမာသူတွေက မိမိလို ဟန်ဆောင်ပြီး အိုင်ဒီတစ်ခုခု လျှောက်ထားနိုင်တဲ့အနေအထား ဖြစ်တဲ့အတွက် စိုးရိမ်မကင်းမှု ဖြစ်နေကြပါတယ်။

ဖက်ဒရယ် အစိုးရကတော့ ဒီလို ဆိုင်ဘာ တိုက်ခိုက်မှုမျိုး လုံးဝမဖြစ်သင့်ဘူးလို့ ပြောဆိုပြီး

Optus ကို ဝေဖန်လိုက်ပေမယ့် Optus ကတော့ သူတို့အနေနဲ့ သူတို့ရဲ့ customer အချက်အလက်တွေကို အတတ်နိုင်ဆုံး ကာကွယ်မှု လုပ်ထားတယ်လို့ တုန့်ပြန်ထားပါတယ်။

ဟက်ကာတွေက သူတို့ကို ဩစတြေးလျ ဒေါ်လာ ၁.၅ သန်း မပေးရင် လူအယောက် ၁၀၀၀၀ ရဲ့ အချက်အလက်ကို ဖော်ပြမယ်ဆိုပြီး အွန်လိုင်းပေါ်မှာ အင်္ဂလိပ်စာ မတတ်တခေါက်နဲ့ ခြိမ်းခြောက်မှု ပြုခဲ့တာရှိပါတယ်။

ဒါပေမဲ့ အခုဆိုရင် ဟက်ကာအဖွဲ့က သူတို့ရဲ့ ခြိမ်းခြောက်မှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူတို့ ခိုးယူထားတဲ့အချက်အလက်ကိုလည်း ဖျက်လိုက်ပြီလို့ ပြောပါတယ်။

သူတို့လုပ်ရပ်အတွက်လည်း တောင်းပန်လိုက်ပါတယ်။

ဟက်ကာတွေက အဲလို ခြိမ်းခြောက်မှု ဘာကြောင့် လုပ်ရသလဲ ဆိုတဲ့ အကြောင်းပြချက်ကို မိသနိုင်ဘူးလို့ ဆိုင်ဘာလုံခြုံရေး ကျွမ်းကျင်သူ Alastair MacGibbon က ပြောပါတယ်။

ဒီလို ရာဇာဝတ်ကောင်တွေက လူအယောက် ၁၀ သန်းရဲ့ ဒေတာအချက်အလက်ကို ချက်ခြင်းကြီး ဖျက်ပေးလိုက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတာ တွေးမိတဲ့အကြောင်း၊ ဘာကြောင့် ဒီလို ဖြစ်ရသလဲ ဆိုတဲ့ အကြောင်းပြချက်ကို အရင်သိဖို့က အရေးကြီးတဲ့အကြောင်းလည်း ပြောသွားခဲ့ပါတယ်။

ဖက်ဒရယ် အစိုးရရဲ့ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ဝန်ကြီး Clare O'Neil က Optus ဖက်က လုံခြုံစွာ မလုပ်ခဲ့တာလို့ ဝေဖန်ထားပေမယ့်Optus ရဲ့ CEO Kelly Bayer Rosmarin က သူတို့အနေနဲ့ လူတွေရဲ့ အချက်အလက်ကို နည်းပညာ အထပ်ထပ်နဲ့ ကာကွယ်ထားတယ်လို့ ပြောပါတယ်။

ဝန်ကြီး အိုနေးလ်က လူတွေရဲ့ ဘယ်အချက်အလက်တွေ ပေါက်ကြားသွားသလဲ ဆိုတာကို အသိပေးသင့်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ရှေ့နေချုပ်ကတော့ ဒီလို အချက်အလက် ပေါက်ကြားမှု မဖြစ်သင့်တဲ့အကြောင်း၊ ဒီကိစ္စကို ရဲအများအပြားက စုံစမ်းစစ်ဆေးနေပြီး အမေရိကန်ရဲ့ စုံထောက် FBI နဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now