Harvey Norman က ဖိအားပေးခံရပြီးနောက် ရရှိတဲ့ JobKeeper ထောက်ပံ့ကြေးထဲက ဒေါ်လာ ၆ သန်းကို ပြန်ပေး

Harvey Norman ကုမ္ပဏီဟာ ယူထားတဲ့ Jobkeeper ထောက်ပံ့ငွေ ဒေါ်လာ ၂၂ သန်းထဲက သုံးပုံ တစ်ပုံနီးပါး ဒါမှမဟုတ် ဒေါ်လာ ၆ သန်းကို ပြန်ပေးလိုက်ပြီလို့ သိရပါတယ်။

Harvey Norman相信獲得達接近$ 2200 萬元「保職位」資助款項

Harvey Norman相信獲得達接近$ 2200 萬元「保職位」資助款項 Source: AAP

Harvey Norman ကုမ္ပဏီဟာ ကိုဗစ်-၁၉ ကာလအတွင်း အလုပ်ချိန် လျှော့လုပ်ရတဲ့ အလုပ်သမားတွေအတွက် အစိုးရက JobKeeper ထောက်ပံ့ကြေးတွေနဲ့ အစားထိုးပြီး ပံ့ပိုးမှုလုပ်တာကို ဒေါ်လာ ၂၂ သန်းလောက် ရယူခဲ့ပါတယ်။

ဒါပေမဲ့ ကုမ္ပဏီမှာ အရှုံးတွေမပေါ်တဲ့အပြင် ရောင်းအားက ၁၅.၃% ဒါမှမဟုတ် တန်ဖိုး ၉ .၇၂ ဘီလီယံ ဒေါ်လာအထိ ရရှိခဲ့ပါတယ်။ အခွန်အခအပြီးအစီးမှာ အမြတ်က ၇၅.၁% ဒါမှမဟုတ် ဒေါ်လာ ၈၄၁.၄၁ သန်းတောင် အမြတ်ရှိခဲ့တယ်လို့ သိရပါတယ်။

အင်္ဂါနေ့မှာပဲ ကုမ္ပဏီက ယူထားတဲ့ ထောက်ပံ့ကြေးတွေထဲက ၆.၀၂ သန်းကို ပြန်ပေးလိုက်ပြီလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကြောင့် အလုပ်ချိန် လျှော့ချခံရသူတွေအတွက် နှစ်ပတ်မှာ ဒေါ်လာ ၁၅၀၀ အထိ အစိုးရက အလုပ်ရှင်တွေ ကိုယ်စား လုပ်အားခရှင်းပေးတာမျိုးတွေကို မတ်လအထိ လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို လုပ်ပေးခဲ့တဲ့ ကာလအတွင်း အဲဒီကုမ္ပဏီက ဒေါ်လာ ၂၂ သန်းလောက် ထောက်ပံ့ကြေး ရယူခဲ့တယ်လို့ ပြောဆိုကြပါတယ်။

အရှုံးမပေါ်တဲ့ ကုမ္ပဏီတွေကို ပေးခဲ့တဲ့ ထောက်ပံ့ကြေးတွေက ဒေါ်လာ ၁၂.၅ ဘီလီယံအထိ ရှိခဲ့တယ်လို့ သီးသန့်လွတ်လပ်တဲ့ Parliamentary Budget Office ရဲ့ လေ့လာမှုအရ တွေ့ရှိထားတယ်လို့ အရင်တစ်လတုန်းက ဖော်ပြထားပါတယ်။

ဒေါ်လာ ၄.၆ ဘီလီယံဟာ ကိုဗစ်-၁၉ အခက်အခဲဖြစ်နေတဲ့ ကာလအတွင်း အမြတ်တွေတောင် ထွက်ခဲ့ကြသေးတယ်လို့ ဖော်ပြထားပါတယ်။

တသီးပုဂ္ဂလ လွှတ်တော်အမတ် Rex Patrick အပြင် Labor ပါတီနဲ့ Greens ပါတီတို့က အမြတ်အစွန်း ဒေါ်လာ ၁၀ သန်းထက်ပိုရတဲ့ ကုမ္ပဏီတွေရဲ့ JobKeeper လက်ခံရရှိမှု အသေးစိတ်ကို ချပြဖို့ တောင်းဆိုထားတာ ရှိပါတယ်။

ဘဏဏာရေးဝန်ကြီး Josh Frydenberg က JobKeeper ဟာ စီးပွားရေးလုပ်ငန်း ပျက်ပြားမှုတွေ၊ အလုပ်ပြုတ်တာမျိုး မဖြစ်အောင် အများကြီး အထောက်အကူပြုခဲ့တယ်လို့ အရင်တုန်းက SBS News ကို ပြောခဲ့ဖူးပါတယ်။

ရရှိထားတဲ့ ထောက်ပံ့ကြေးတွေကို တတ်နိုင်လို့ ပြန်ပေးမယ်ဆိုရင်လည်း ကြိုဆိုမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။


Share

1 min read

Published

By Tom Stayner




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now