SKIP TO MAIN CONTENT

ဩစီမှာ monkeypox ကူးစက်ခံရသူ ၂ ဦးရှိပြီလို့ အတည်ပြု

ကျန်းမာရေးအာဏာပိုင်တွေက ဩစတြေးလျနိုင်ငံမှာ monkeypox ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦးရှိပြီလို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။

Young person affected by Monkeypox
Young person affected by Monkeypox Source: WHO/Nigeria Centre for Disease Control

1 min read

Published


Skip to article content

ပထမဆုံး ကူးစက်ခံရသူကတော့ ဗစ်တိုးရီးယားပြည်နယ်ကဖြစ်ပြီး သူဟာ မကြာခင်ကမှ ယူကေနိုင်ငံကနေ ပြန်ရောက်လာသူဖြစ်ပါတယ်။ သူ့မှာ အဲဒီရောဂါကူးစက်ခံရကြောင်း အရင်ရက်ကမှ သိရတာ ဖြစ်ပါတယ်။ 

New South Wales ပြည်နယ်မှာတော့ အသက် ၄၀ ဝန်းကျင်အရွည် အမျိုးသားတစ်ဦး ဥရောပကနေ ပြန်လာပြီးနောက် အလားတူ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရပါတယ်။ 

နယူးဆောက်သ်ဝေးလ်တက္ကသိုလ်က ရောဂါကူးစက်ပျံ့နှံ့ရေးဆိုင်ရာ ပညာရှင် Raina McIntyre ရဲ့ အဆိုအရ monkeypox ရောဂါကို အာဖရိကတိုက်မှာ တွေ့ရလေ့ရှိပေမယ့် အခုအခါမှာ ဥရောပဖက်ကို ဘယ်လိုကနေ ဘယ်လို ကူးစက်သွားသလဲဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။

တခါတရံ ရောဂါဖြစ်နေတဲ့ ဒေသကို သွားရောက်ခဲ့တဲ့ လူတွေကနေ ရောဂါကူးစက်လာတာ ဖြစ်နိုင်ပြီး အခုဆိုရင် ယူကေနိုင်ငံမှာ ကူးစက်ပျံ့နှံ့မှု ဖြစ်နေပေမယ့် အများအားဖြင့် တခြား အမျိုးသား တစ်ဦးနဲ့ လိင်ဆက်ဆံတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပေမယ့် တခြားလူတွေမှာလည်း ဖြစ်နိုင်ပါတယ်။. ဘယ်လိုကနေ ဘယ်လို ကူးစက်မှန်းမသိရပေမယ့် အခုဆိုရင် မြောက်အမေရိကားနဲ့ ဥရောပ တလွှားမှာ ကူးစက်မှုတွေ ဖြစ်နေကြတယ်လို့ ပြောပါတယ်။ 

အီတလီ၊ ဆွီဒင်၊ ယူကေ၊ စပိန်၊ ပေါ်တူဂီနဲ့ အမေရိကန်နိုင်ငံတို့မှာ monkeypox ကူးစက်မှုတွေ ရှိတာတွေ့ရပြီး အများအားဖြင့် အဲဒီရောဂါဟာ အနောက်အာဖရိက ဒေသမှာသာ အဖြစ်များတဲ့ ရောဂါ ဖြစ်ပါတယ်။  


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now