Concession card ကိုင်ဆောင်သူတွေ rapid antigen test (RAT) ဘယ်လို ရနိုင်သလဲ

သြစတြေးလျနိုင်ငံက concession card ကိုင်ဆောင်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ရှိမရှိ မိမိဖာသာ စစ်ဆေးလို့ရတဲ့ rapid antigen test ၁၀ ခုအထိ အခမဲ့ ရနိုင်ပါတယ်။

Concession card holders can collect up to 10 free RATs from pharmacies over a three-month period.

More than six million concession card holders across Australia now have access to free COVID-19 RATs. Source: SBS News

သြစတြေးလျနိုင်ငံမှာ concession card ကိုင်ဆောင်သူ လူ ၆ သန်းရှိပြီး တချို့ ဆေးအရောင်းဆိုင်တွေမှာ rapid antigen tests (RATs) တွေကို အခမဲ့ ရယူနိုင်ပါတယ်။

ဒီတနင်္လာနေ့ကစပြီး ရယူနိုင်မှာဖြစ်ပေမယ့် တစ်ခါတည်း ၁၀ ခု ယူတာမျိုး လုပ်လို့ မရပါဘူး။

အခုလောလောဆယ် ပိုက်ဆံပေးပြီး ဝယ်မယ်ဆိုရင်တောင် ရှာမရ ဖြစ်နေတဲ့ ကာလမှာ ဘယ်လို ရယူနိုင်မလဲ ဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ အခမဲ့ ရနိုင်သလဲ ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး Commonwealth Seniors Health Card, Veteran Gold, White ဒါမှမဟုတ် Orange Card, Health Care Card, Low Income Health Care Card ဒါမှမဟုတ် Pensioner Concession Card ကိုင်ဆောင်သူတွေအနေနဲ့ RAT ၁၀ ခု အခမဲ့ ရနိုင်ပါတယ်။

RAT ဘယ်နှစ်ခု ရနိုင်မလဲ

အထက်ပါ ကဒ်တွေကို ကိုင်ဆောင်ထားသူတွေအနေနဲ့ ၃ လတာ ကာလအတွင်း RAT ၁၀ ခု အခမဲ့ ရယူနိုင်ပြီး တစ်လမှာ အများဆုံး ၅ ခုသာ ရယူနိုင်မှာ ဖြစ်ပါတယ်။

ဘယ်လို ရယူနိုင်မလဲ

ရပ်ကွက်အတွင်းက ဒီလိုအစီအစဉ်မှာ ပါဝင်တဲ့ ဆေးဆိုင်တွေဆီ လူကိုယ်တိုင်သွားရောက်ပြီး မိမိကိုင်ဆောင်တဲ့ concession card အမျိုးအစားကို ပြရမှာ ဖြစ်ပါတယ်။

မိမိရဲ့ ကဒ်အချက်အလက်ကို ဆေးဆိုင်က သိမ်းထားမှာကို လက်ခံရမှာဖြစ်ပြီး အဲဒီလို အချက်အလက်ကို ကြည့်ပြီး ဆေးဆိုင်တွေကလည်း ဒီလူအနေနဲ့ တခြားနေရာမှာ RAT ဘယ်နှစ်ခု ရယူပြီးပြီလဲ၊ ဘယ်နှစ်ခု ကျန်သေးသလဲ ဆိုတာကို စိစစ်နိုင်မှာ ဖြစ်ပါတယ်။

တစ်ခါသွားလို့ အဲဒီစစ်ဆေးရေးကိရိယာတွေရှိရင် အနည်းဆုံး ၂ ခု ပေးမှာဖြစ်ပေမယ့် တစ်လစာ (၅) ခုအထိ တောင်းနိုင်ပါတယ်။

ဆေးဆိုင်တွေကို အစိုးရက တစ်ခုကို ၁၀ ဒေါ်လာ (နှင့် GSTအခွန်) ပြန်ပေးမှာဖြစ်ပြီး တစ်ခါစာအတွက် ၄.၃၀ ဒေါ်လာ ပေးမှာ ဖြစ်ပါတယ်။

Signage notifying customers that Rapid Antigen Test (RAT) kits are sold out is seen on the entrance to a chemist in Sydney, Tuesday, 11 vJanuary, 2022.
Signage notifying customers that rapid antigen tests (RATs) are sold out is seen on the entrance to a chemist in Sydney, Tuesday, 11 January, 2022. Source: AAP

အဲဒီစမ်းသပ်ရေးကိရိယာတွေ အလုံအလောက် ရှိပြီလား။

အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး Pharmacy Guild of Australia အဖွဲ့ရဲ့ ဥက္ကဌ Trent Twomey က အခုလောလောဆယ် အလုံအလောက် မရှိသေးဘူးလို့ Nine Network နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

သြစတြေးလျနိုင်ငံတခွင်မှာ အစိုးရရဲ့ အစီအစဉ်မှာ ပါဝင်တဲ့ ဆေးဆိုင်ပေါင်း ၆၀၀၀ ရှိပေမယ့် ဒီကနေ့မှာ ဆိုင်ပေါင်း ၈၀၄ ခုသာ ရောင်းချနိုင်ပြီး တခြားဆိုင်တွေကတော့ မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ လာမယ့် တစ်ပတ်ကြရင် ဆေးဆိုင်တွေအတွက် သီးသန့် RAT အခုပေါင်း ၁၃ သန်း ရောက်လာဖို့ ရှိပြီး ဖေဖော်ဝါရီလကြရင် ၂၂ သန်း ရောက်လာမယ်လို့ ဆိုပါတယ်။

အစိုးရရဲ့အဆိုအရ RAT တွေ တဖြေးဖြေး များလာမှာဖြစ်ပြီး မိမိအနေနဲ့ ဆေးဆိုင်မှာ အခမဲ့ သွားမယူခင် အရင်ဆုံး ဆေးဆိုင်ကို ဖုန်းဆက်ပြီး စမ်းသပ်ရေးကိရိယာ ရှိမရှိ မေးကြည့်ဖို့ အကြံပြုထားပါတယ်။

ကိုဗစ်-၁၉ ရောဂါ လက္ခာဏာရှိသူတွေ၊ ဒါမှမဟုတ် ရောဂါရှိသူနဲ့ ထိတွေ့ခဲ့သူတွေအနေနဲ့ ဆေးဆိုင်ကို လူကိုယ်တိုင်သွားရောက်တာမျိုး မလုပ်သင့်ပဲ စစ်ဆေးရေးစင်တာကိုသာ တိုက်ရိုက်သွားသင့်တယ်လို့ အကြံပြုထားပါတယ်။

With AAP.


Share

2 min read

Published

Source: SBS News




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now