SKIP TO MAIN CONTENT

ငွေကြေးဖောင်းပွမှု သက်သာတဲ့အခါ စျေးနှုန်းတွေ ဘယ်လို ဖြစ်လာနိုင်ုင်သ

စီးပွားရေး ပညာရှင်တွေရဲ့ အဆိုအရ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာတာဟာ ဝယ်ယူစားသုံးသူတွေအတွက် ကောင်းပေမယ့် ဆူပါမတ်ကက်ပေါ်် က ပစ္စည်းတွေရဲ့ စျေးနှုန်းတွေ ကျဆင်းလာမမယ့်အနအေထား မရှိဘူးလို့ ပြောပါတယ်။

groceries_drupal.jpg

2 min read

Published

Presented by Mu Laing Thein

Source: SBS


Skip to article content

ဩစတြေးလျနိုင်ငံ စာရင်းအင်းဌာန Australian Bureau of Statistics (ABS) က ဗုဒ္စဟူးနေ့တုန်းက Consumer Price Index (CPI) ကို ထုတ်ပြန်ခဲ့ပြီး အညွန်းအရ စက်တင်ဘာလတုန်းက ၅.၆ ရာခိုင်နှုန်းရှိာက်တိုဘာလ အထိ ၄.၉ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

အိမ်ရောင်းဝယ်ရေးဖက်မှာ အများဆုံး မြင့်တက်ခဲ့ပြ ၆.၁ ရာခိုင်နှုန်း၊ အစားအသောက်က ၅.၃ ရာခိုင်နှုန်းနဲ့ သွားလာရေးဖက်မှာ ၅.၉ ရာခိုင်နှုန်း ရှိခဲ့တာ ဖြစ်ပါတယ်။

အတက်အကျမြန်တဲ့ အသီးအရွက်စျေး၊ လောင်စာဆီနဲ့ ဟောလီးဒေးခရီးသွားမှုတွေကို ထည့်မတွက်ထားပါဘူး။

ကင်ဘာရာ တက္ကသိုလ်က အကြီးတမ်း စီးပွားရေးဘာသာရပ်ဆိုင်ရာ စာပြပုဂ္ဂိုလ် Dr John Hawkins ရဲ့ အဆိုအရ ဒီနောက်ပိုင်းမှာ ငွေကြေးဖောင်းပွမှုနှုန်း သက်သာလာမယ့် အနေအထားရှိတယ်လို့ ပြောပါတယ်။

ရာခိုင်နှုန်း နည်းလာတာက ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာတာကို ပြသပေမယ့် ကုန်စျေးနှုန်းတွေ ကျလာမယ့်အနေအထားမျိုးတော့ မဟုတ်ပေမယ့် စျေးက တဟုန်ထိုး မခုန်တက်တာမျိုးတော့ ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

အခုလို ငွေကြေးဖောင်းပွမှုနှုန်း ကျလာတာဟာ ဗဟိုဘဏ်ကနေ အတိုးနှုန်းတွေကို မြင့်လိုက်တာတွေ၊ စီးပွားရေးကို နှေးအောင် လုပ်ဆောင်နိုင်တာတွေနဲ့ ကိုဗစ် ကာလနောက်ပိုင်း ကုန်ပစ္စည်းတွေ တဖြေးဖြေး ပုံမှန် ပြန်ရအောင် လုပ်ဆောင်နိုင်ခြင်းတို့ကြောင့် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဩစတြေးလျ စာရင်းအင်းဌာနရဲ့ ညွန်းကင်းအရ ၂၀၂၂ အောက်တိုဘာလကစပြီး ပေါင်မှုန့်နဲ့ cereal စျေးနှုန်းက ၈.၅ ရာခိုင်နှုန်း မြင့်တက်ပြီး နို့ထွက်ပစ္စည်းက ၇.၈ ရာခိုင်နှုန်းမြင့်တက်လို့ ဝယ်ယူစားသုံးသူတွေ စျေးများများနဲ့ ဝယ်ယူကြရတာ ဖြစ်ပါတယ်။

အထွေထွေ ကုန်တွေရဲ့ စျေးနှုန်းတွေ များများစားစား ကျလာမယ့် အနေအထားမရှိပေမဲ့ အရင်ကလို တရစ်ရစ် ကုန်စျေးနှုန်းတက်တာမျိုးလည်း မဖြစ်လောက်ဘူးလို့ ဒေါက်တာ Hawkins က ပြောပါတယ်။

ဆစ်ဒနီတက္ကသိုလ်က အကြီးစားစီးပွားရေးဆိုင်ရာ ပညာရှင် ပါမောက္ခ Dr Mariano Kulish ဗဟိုဘဏ်ကနေ ပစ်မှတ်ထားတဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၂-၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားရင်တောင် ကုန်စျေးနှုန်းတွေက မြင့်နေဦးမှာလို့ ပြောပါတယ်။

ဥပမာ ဆူရှီ လိုအစားတွေက ငွေကြေးဖောင်းပွမှုနှုန်း တက်လာတုန်းက စျေးတက်သွားပေမယ့် ငွေကြေးဖောင်းပွမှုနန်း ကျဆင်းသွားတဲ့အခါ လိုက်ဆင်းမှာမဟုတ်ပဲ စျေးဆက်တက်မှာဖြစ်ပေမယ့် စျေးခုန်တက်တာမျိုး မဖြစ်တော့ဘူးလို့ ရှင်းပြပါတယ်။

လူတွေရဲ့ ဝယ်လိုအားက ကုန်စျေးနှုန်း မြင့်မားမှုထက် အားကောင်းနေတဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

အခုလောလောဆယ် အတိုးနှုန်း မြင့်တက်လိုက်တာတွေကြောင့် ငွေကြေးဖောင်းပွမှု အနည်းငယ် ကျဆင်းလာပေမယ့် လိုချင်တဲ့ အတိုင်းအတာ ရနိုင်မလားဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။

အမေရိကန်နဲ့ ဥရောပတိုက်က နိုင်ငံတချို့နဲ့ ယှဥ်ရင် ဩစတြေးလျက ငွေကြေးဖောင်းပွမှု သက်သာအောင် လုပ်နိုင်စွမ်းက နှေးကွေးပေမယ့် တဖြေးဖြေးချင်း ကျလာအောင် လုပ်နိုင်တာက အကောင်းဖက် ဆောင်နေတယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

With additional reporting by the Australian Associated Press.


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now