သင်သိသင့်တဲ့ Vic နဲ့ NSW ပြည်နယ်ရဲ့ ကျောင်းပြန်ဖွင့်ရေးအစီအစဉ်အကြောင်း ဖြစ်ပါတယ်။

နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ အထက်တန်းကျောင်းသားတွေနဲ့ ဆရာတွေအတွက် အခမဲ့ rapid antigen test လုပ်ပေးမှာဖြစ်ပြီး ဗစ်တိုးရီးယားပြည်နယ်မှာတော့ ဆရာ၊ ဆရာမတွေအားလုံး မဖြစ်မနေ booster ကာကွယ်ဆေး ထိုးရမယ်လို့ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

The NSW government has released a new back-to-school plan as students and staff return to the classrooms.

The NSW government has released a new back-to-school plan as students and staff return to the classrooms. Source: AAP

နယူးဆောက်သ်ဝေးလ်ပြည်နယ် အစိုးရက ဒီကနေ့မှာပဲ ကျောင်းပြန်ဖွင့်ရေး အစီအစဉ်ကို ချပြလိုက်ပြီး အစီအစဉ်အရ အထက်တန်းကျောင်းသူ၊ ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေ တစ်ပတ်မှာ ၂ ကြိမ် အခမဲ့ rapid antigen test လုပ်ပေးမယ်လို့ ပါရှိပါတယ်။
အလယ်တန်း၊ အထက်တန်းကျောင်းသားအားလုံး နှာခေါင်းစည်းတပ်ဆင်ရမယ်လို့ သတ်မှတ်ထားပြီး ၃ တန်းကလေးတွေကအစ တပ်ဆင်သင့်တယ်လို့ အကြံပြုထားပါတယ်။

စာသင်ခန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ရင်တောင် ကျောင်းကို ပိတ်ချမှာမဟုတ်ပဲ စာသင်သားတွေ၊ အမှုထမ်းတွေနဲ့ မိဘတွေအတွက် အဟန့်အတားတွေ၊ အခက်အခဲတွေ မရှိအောင် အဲလို လုပ်ဆောင်တာလို့ ဆိုပါတယ်။

စာသင်ကျောင်းတွေကို အလည်အပတ် သွားလာမှုမျိုးကို လုံးဝ တင်းကြပ်ထားမှာဖြစ်ပြီး လေ့လာရေးခရီးစဉ်နဲ့ အားကစား၊ ဂီတ၊ camp စတဲ့ အခြား လှုပ်ရှားမှုတွေအတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းသိမ်းရေးဆိုင်ရာ အစီအစဉ်နဲ့ စည်းကမ်းတွေ ထားရှိရမယ့်လို့ ပြောပါတယ်။

Rapid antigen test တွေကို မူကြိုကျောင်းလုပ်ငန်းအမှုထမ်းတွေအတွက်လည်း အခမဲ့ လုပ်ပေးမှာဖြစ်သလို အမှုထမ်းတွေအားလုံးနှာခေါင်းစည်း တပ်ဆင်ရမှာ ဖြစ်ပါတယ်။

NSW ပြည်နယ်ဝန်ကြီးချုပ် Dominic Perrottet က ကိုဗစ်စည်းမျဉ်းတွေက ၂၀၂၁ ခုနှစ် ပညာသင်နှစ်တုန်းက ချမှတ်သလို ခပ်ဆင်ဆင်ဖြစ်ပြီး ကလေးငယ်တွေ လုံခြုံဘေးကင်းတဲ့ ပတ်ဝန်းကျင်မှာ ပညာသင်ယူနိုင်အောင် လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
တချို့မိဘတွေက ကိုဗစ်ကာလအတွင်း ကျောင်းပြန်ဖွင့်တဲ့အပေါ် စိတ်ပူမှုတွေဖြစ်နေတာ သိပေမယ့် ကလေးတွေအတွက် ကျောင်းပြန်တက်ရင် ပိုကောင်းမှာ ဖြစ်တဲ့အကြောင်း တချို့ဒေသက ကျောင်းသားတွေဆိုရင် ကျောင်းချိန် ၄ ပုံ ၁ ပုံ မတက်လိုက်ရတာမျိုးတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဒီလို ဆုံးဖြတ်ချက်က စိတ်ကျန်းမာရေးနဲ့ လူမှုရေးအတွက် အကောင်းဆုံးပဲလို့လည်း ဆိုပါတယ်။
NSW ပြည်နယ် ကျန်းမာရေးအရာရှချုပ် Kerry Chant က မိမိရဲ့ သားသမီးတွေ ကိုဗစ်-၁၉ ရောဂါလက္ခဏာ ခံစားရရင် ကျောင်းမပို့ဖို့လည်း ပန်ကြားထားပါတယ်။
အဲလိုဖြစ်နေရင် စစ်ဆေးမှု ခံယူပါ။ ပထမ စမ်းသပ်တဲ့ရက်မှာ အဖြေက ရောဂါ မရှိဘူးလို့ ထွက်ရှိရင်တောင် သူတို့ကို အိမ်မှာပဲ ဆက်ထားပြီး နောက်ရက်တွေမှာ စမ်းသပ်မှု ထပ်လုပ်ပြီး ရောဂါမရှိဘူးဆိုတာ သေခြာမှသာ ကျောင်းပို့ဖို့ တိုက်တွန်းထားပါတယ်။
ပြည်နယ်တလွှားက စာသင်ကျောင်းတွေအတွက် rapid antigen tests (RATS) စစ်ဆေးရေးကိရိယာ အခုပေါင်း ၄ သန်းကို ဖြန့်ဝေမှု လုပ်ထားပြီး အင်္ဂါနေ့မတိုင်ခင် အခုပေါင်း ၆ သန်ကျော် ချမှတ်ပေးမယ်လို့ ပညာရေးဝန်ကြီး Sarah Mitchell က ပြောပါတယ်။
မိမိရဲ့ သား၊ သမီးတွေအတွက် RAT တွေကို ဘယ်လို ရယူနိုင်မလဲ ဆိုတာ သိချင်ရင် မိဘတွေအနေနဲ့ စာသင်ကျောင်းကို ဆက်သွယ်ဖို့ အစိုးရက အကြံပြုထားပါတယ်။
ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမအားလုံး ပထမဆုံးရက် ကျောင်းပြန်မတက်ခင်မှာ စစ်ဆေးမှု ခံယူကြဖို့ မေတ္တာရပ်ခံထားပြီး ပထမ ၄ ပတ်အတွင်း တစ်ပတ်ကို ၂ ကြိမ် စစ်ဆေးမှု လုပ်ကြဖို့လည်း ညွန်ကြားထားပါတယ်။

ကိုဗစ်-၁၉ ကြောင့် အမှုထမ်းတွေ အလုပ်မလာနိုင်တာမျိုးဖြစ်ရင် ဆရာဖြစ်ဘာသာရပ်ကို နောက်ဆုံးနှစ်အနေနဲ့ သင်ယူနေတဲ့ ဖိုင်နာနှစ် ကျောင်းသားတွေ၊ ပင်စင်စား ဆရာဟောင်း အယောက် ၁၀၀၀ လောက်က အစားထိုးလုပ်ပေးဖို့ ရှိပါတယ်။

ရောဂါရှိကြောင်း စစ်ဆေးမှုမှာ ပြဿရင် ဆိုင်ရာ ကျောင်းအုပ်ကို အသိပေးရမှာဖြစ်သလို နယူးဆောက်သ်ဝေးလ် ကျန်းမာရေးဌာနကိုလည်း အသိပေးရမှာ ဖြစ်ပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မှာ ကျောင်းအမှုထမ်းတိုင်း
Booster တတိယမြောက် ကိုဗစ် ကာကွယ်ဆေး ထိုးရမယ်လို့ သတ်မှတ်

ဗစ်တိုးရီးယားပြည်နယ်မှာ စာသင်ကျောင်းနဲ့ မူကြိုကျောင်းက အမှုထမ်းတွေအားလုံး တတိယမြောက် ကိုဗစ် ကာကွယ်ဆေး
booster ထိုးရမယ်လို့ သတ်မှတ်လိုက်ပြီး ကျန်းမာရေးပညာရှင်တွေရဲ့ အကြံပြုချက်အရ အဲလို သတ်မှတ်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
တတိယမြောက် ကာကွယ်ဆေး ထိုးလို့ရပြီ၊ ဒုတိယမြောက် ဒုတိယမြောက် ကာကွယ်ဆေး ထိုးထားတာ ၃ လ ကြောင်သွားရင် ဖေဖော်ဝါရီလ ၂၅ ရက် မတိုင်ခင် တတိယမြောက် ကာကွယ်ဆေး booster dose ထိုးရမယ်လို့ ဆိုပါတယ်။
ကျောင်းပြန်ဖွင့်ခါစ ၄ ပတ်အတွင်း ကျောင်းအမှုထမ်းတွေအတွက် RAT တွေ ထားရှိပြီး စစ်ဆေးရမှာ ဖြစ်ပါတယ်။
In addition, a pool of inactive or retired teachers, principals and other education staff are being recruited to plug expected COVID-related gaps in the workforce after term one begins.
Victoria has announced it will be mandatory for all school and early childhood staff to receive a booster COVID-19 vaccine. Source: AAP
မူလတန်းနဲ့ အလယ်တန်း၊ အထက်တန်းကျောင်းသားတွေနဲ့ မူကြိုကျောင်းနဲ့စာသင်ကျောင်းက အမှုထမ်းတွေအားလုံး အနေနဲ့ တပတ်မှာ ၂ ကြိမ် ရောဂါ ရှိမရှိ စစ်ဆေးမှု ခံယူသင့်တယ်လို့ ပြောပါတယ်။

မသန်စွမ်း ကျောင်းသူ၊ ကျောင်းသားတွေနဲ့ သူတို့ကို ကြည့်ရှုနဲ့ အမှုထမ်းတွေအားလုံး တစ်ပတ်မှာ ၅ ကြိမ် RAT စမ်းသပ်မှု ခံယူဖို့ အကြံပြုထားပါတယ်။
RAT အခုပေါင်း ၁၄ သန်းကို ပြည်နယ်အတွင်းက စာသင်ကျောင်းနဲ့ မူကြိုကျောင်းတွေကို ပို့ဆောင်ထားပြီး ပထမနေ့ ကျောင်းအတွက် အခုပေါင်း ၆.၆ သန်း ချမှတ်ပေးထားပါတယ်။
အစိုးရပိုင်ကျောင်းနဲ့ အဖိုးခ ပိုသက်သာတဲ့ သီးသန့်လွတ်လပ်တဲ့ကျောင်းတွေကို အစိုးရက လေသန့်စက် ၅၁၀၀၀ ခု ပေးမယ်လို့ ကတိပြုထားပါတယ်။

ဂီတသင်ကြားရေးအခန်း၊ အမှုထမ်းတွေ စုဝေးရာအခန်း၊ ကန်တင်း၊ ကျောင်းဆေးခန်းနဲ့ လေဝင်လေထွက်နည်းတဲ့ အခန်းတွေအတွက် လေသန့်စင်စက်တွေ ရရှိမှာ ဖြစ်ပါတယ်။
အခန်းတိုင်းအတွက် ပေးမှာမဟုတ်ပေမယ့် အခုပေါင်း ၅၁၀၀၀ ကို ပေးမယ့်အကြောင်း၊ ဘယ်ပြည်နယ်မှာမှ ဒီလို လေသန့်စင်စက်တွေကို ချမှတ်ပေးတာ မရှိဘူးလို့ ဒုပြည်နယ် ဝန်ကြီးချုပ်
James Merlino က ပြောပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မှာ ဖေဖော်ဝါရီလလယ်လောက်ကြရင် အသက် ၅ နှစ်ကနေ ၁၁ နှစ်အကြား ကလေးငယ် ၈၀% ကာကွယ်ဆေး ထိုးပြီးကြမယ့် အနေအထား ရှိနေတယ်လို့ ပြောပါတယ်။
ကာကွယ်ဆေးထိုးတဲ့နှုန်း ပိုများအောင်၊ ပိုမြန်အောင် နောက်တစ်လကစပြီး ကာကွယ်ဆေးထိုးပေးတဲ့ စင်တာတွေကို အစိုးရပိုင် စာသင်ကျောင်း တချို့မှာထားရှိတော့မှာ ဖြစ်ပါတယ်။

Victoria ပြည်နယ်ရဲ့ အစီအစဉ်ဟာ နယူးဆောက်သ်ဝေးလ်ရဲ့ အစီအစဉ်နဲ့ ဆင်တူနီးပါးဖြစ်နေပြီး ပြည်နယ်နှစ်ခုအကြား ပူးပေါင်းမှု ရှိခဲ့ကြပါတယ်။
ကိုဗစ်-၁၉ ကြောင့် ဆရာ၊ ဆရာမ တချို့ အလုပ်မလာနိုင်တာမျိုးဖြစ်ရင် အစားထိုးဖို့ ဆရာ၊ဆရာမဖြစ် သင်တန်းကျောင်းက နောက်ဆုံးနှစ် သင်တန်းသားတွေ၊ ပင်စင်စား ဆရာတွေ၊ ကျောင်းအုပ်တွေနဲ့ တခြား ပညာရေးအမှုထမ်းတွေကို ယာထားမှာ ဖြစ်ပါတယ်။

With AAP.

 


Share

Published

By Rayane Tamer
Source: SBS News

Share this with family and friends


Follow SBS Burmese

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Burmese-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service