SKIP TO MAIN CONTENT

မြန်မာစစ်တပ်အရာရှိ ဆွေမျိုးသားခြင်းတွေကို သြစီပြည်ထဲရေးက စုံစမ်းစစ်ဆေးနေ

သြစတြေးလျနိုင်ငံ ပြည်ထဲရေးရာ ဝန်ကြီးဌာနက သြစတြေးလျနိုင်ငံမှာ နေထိုင်တဲ့ မြန်မာ စစ်တပ်အရာရှိတွေရဲ့ ဆွေမျိုးသားခြင်းတွေအပေါ် စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်။

Protesters mark Global Myanmar Spring Revolution Day
Protesters mark Global Myanmar Spring Revolution Day Source: Mu Laing Thein (SBS)

1 min read

Published

Updated

By Mu Laing Thein


Skip to article content

ပိုင်ဆိုင်မှုတွေ၊ ငွေရေးကြေးရေး ထောက်ပံ့မှုတွေ ရှိမရှိ စစ်ဆေးသွားမှာဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ မြန်မာစစ်တပ်အရာရှိတွေရဲ့ ဆွေမျိုးသားခြင်း အနည်းဆုံး ၂၂ ဦး ရှိတယ်လို့ The Age သတင်းနဲ့ The Sydney Morning Herald သတင်းမှာ ဖော်ပြထားပါတယ်။

ဒီဗုဒ္ဒဟူးနေ့မှာပဲ သြစတြေးလျ အစိုးရက သြစတြေးလျနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဗီဇာသက်တမ်း တိုးပေးရေးကိစ္စ ကြေညာမှာ ဖြစ်ပြီး အဲဒီလို တိုးပေးမှသာလျှင် မြန်မာနိုင်ငံသားတွေ အတင်းအဓမ္မ ပြန်ပို့ခံရတာမျိုး မဖြစ်စေမှာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ထိပ်သီး အရာရှိ တစ်ဦးကို သြစတြေးလျက စုံစမ်းနေတဲ့အပြင် မြန်မာနိုင်ငံသားဗီဇာနဲ့ ပတ်သက်ပြီး ဘယ်သူတွေရဲ့ ဗီဇာကို ဖျက်သိမ်းပစ်မယ်၊ သက်တမ်းတိုးပေးမယ် ဆိုတာကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်အရာရှိရဲ့ ဆွေမျိုးသားခြင်း စာရင်းတွေကို သြစတြေးလျမှာ ရှိတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ပြုစုပြီး သြစတြေးလျ အစိုးရကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျမှာ နေထိုင်တဲ့ စစ်ဗိုလ်ချုပ် မိသားစုဝင် ဆွေမျိုးတွေဟာ မြန်မာနိုင်ငံကနေ ငွေကြေးတွေ ရရှိနိုင်တဲ့အတွက် စုံစမ်းမှုတွေလည်း လုပ်ဆောင်နေပါတယ်။

ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့က ပြည်နယ် ပါလီမာန်မှာလည်း ဒီကနေ့ မြန်မာတချို့နဲ့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ လွှတ်တော်အမတ် တချို့တို့ တွေ့ဆုံပြီး ကြားနာမှုတစ်ခု ပြုလုပ်နေကြပါတယ်။

 


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now