SKIP TO MAIN CONTENT

တုတ်ကွေးရောဂါ၊ ရိုးရိုးနှာစေးချောင်းဆိုးတာနဲ့ COVID-19 ကို ဘယ်လို ခွဲခြားနိုင်သလဲ။

ဩစတြေးလျနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူ ၆၆၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တုန်းက တုတ်ကွေးကြောင့် သေဆုံးသူက ၁၀၈၀ ဦးနဲ့ ၂၀၂၀ မှာ သေဆုံးသူ ၅၅ ဦးသာ ရှိခဲ့ပါတယ်။

Experts believe testing is the best way of diagnosing the disease given identical signs and symptoms of COVID-19, flu and the common cold.
Experts believe testing is the best way of diagnosing the disease given identical signs and symptoms of COVID-19, flu and the common cold. Source: Getty Images/Westend61

3 min read

Published

By Sahil Makkar



Skip to article content

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ပြည်ပကလူတွေကို သွားလာခွင့် တင်းကြပ်ခဲ့တဲ့အတွက် တုတ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှု အင်မတန် နည်းပါးခဲ့ပေမယ့် ဒီနှစ်မှာတော့ ခရီးသွားလာရေးတွေမှာ လျှော့ပေါ့မှုတွေ လုပ်လာပြီးတဲ့နောက် တုတ်ကွေးရောဂါကူးစက်မှုနှုန်း များလာသလို ဆောင်းရာသီရောက်လာတော့မှာမို့ အခြေအနေ ပိုဆိုးနိုင်တယ်လို့ ပြောဆိုကြပါတယ်။ 

တုတ်ကွေးရောဂါက ဘယ်သူကိုမဆို ကူးစက်နိုင်ပေမယ့် ကလေးငယ်နဲ့ သက်ကြီးတွေမှာ အဆိုးဆုံး ဖြစ်စေနိုင်တယ်လို့ အစိုးရက ပြောပါတယ်။ 

ရောဂါကို သိရှိအောင် လုပ်ဆောင်ခြင်း 

ရိုးရိုးအအေး နှာစေးချောင်းဆိုးခြင်း၊ တုတ်ကွေးရောဂါနဲ့ ကိုဗစ်-၁၈ ရောဂါ လက္ခဏာတွေက တပုံစံတည်းနီးပါး ဖြစ်နေတဲ့အတွက် ဩစတြေးလျအစိုးရနဲ့ ပညာရှင်တွေက ဘယ်ပိုးကူးစက် နေသလဲဆိုတာကို သိရှိအောင် အကောင်းဆုံးလုပ်ဖို့ နည်းလမ်းကတော့ ရောဂါစမ်းသပ်ခံယူခြင်းပဲ ဖြစ်တယ်လို့ ပြောပါတယ်။ 

ဒါကြောင့် နှာရည်ယိုတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ လည်ချောင်းနာတဲ့အခါ၊ အဖျားရှိတဲ့အခါ၊ ခေါင်းကိုက်တဲ့အခါ၊ ကိုယ်ကိုက်ခဲတဲ့အခါ၊ အော့အန်တဲ့အခါနဲ့ ဝမ်းသွားတဲ့အခါတွေမှာ RT-PCR စမ်းသပ်နည်း သို့မဟုတ် rapid antigen test နည်းနဲ့ စမ်းသပ်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။

ကိုဗစ်-၁၉ ရောဂါရှိသူနဲ့ ထိတွေ့ဆက်ဆံမှုရှိသူ close contact တွေဟာလည်း RAT သို့မဟုတ် RT- PCR စမ်းသပ်မှုတွေ လုပ်သင့်ပါတယ်။ အခုလောလောဆယ် ကိုဗစ်-၁၉ ရောဂါရှိသူတွေ ၇ ရက်ကြာ နေအိမ်မှာပဲ သီးသန့်နေထိုင်ခြင်း ပြုလုပ်ရမယ်လို့ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ ရဲ့ အခြားသော ရောဂါလက္ခဏာတွေထဲမှာ 

- အသက်ရှုမဝခြင်းနဲ့ လည်ချောင်း ဆို့ပိတ်ခြင်း

- ပင်ပန်းနွမ်းလျခြင်း

- ကြွက်သားနာခြင်း

- ယာယီအနံ့အသက်ပျောက်ခြင်း သို့မဟုတ် အနံ့ အရသာ အာရုံပြောင်းခြင်း

- မအီမသာ ပျို့အန်ချင်မှုဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း တို့ ပါဝင်ပါတယ်။ 

RAT/PCR စမ်းသပ်မှုလုပ်တဲ့အခါ ကိုဗစ် မရှိဘူးလို့ ပြသပေမယ့် ရောဂါလက္ခဏာ ဆက်ရှိရင် ဘာလုပ်ရမလဲ 

National Centre for Immunisation Research and Surveillance ရဲ့ ပြောခွင့်ပုဂ္ဂိုလ်ရဲ့ အဆိုအရ ကိုဗစ်မဟုတ်ရင် အဲဒီလူမှာ တုတ်ကွေး သို့မဟုတ် ရိုးရိုးအအေးမိ နှာစေးချောင်းဆိုးခြင်း စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတခုခု ခံစားရတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အဲလိဖြစ်ရင် တခြားလူတွေကိုပါ မကူးအောင် ရောဂါလက္ခဏာတွေ သက်သာတဲ့အထိ အိမ်မှာပဲနေထိုင် သင့်ပါတယ်။ အပျော့စား တုတ်ကွေးရောဂါနဲ့ သာမာန်အအေးမိရောဂါတွေဟာ ဘာကုသမှုမှ မလိုပဲ အလိုအလျောက် သက်သာသွားနိုင်တယ်လို့ ပြောခွင့်ရသူက SBS ကို ရေးသားပေးပို့တဲ့အထဲမှာ ဖော်ပြထားပါတယ်။

ရောဂါသက်သာအောင် သက်တောင့်သက်သာစွာ အနားယူခြင်း၊ ရေများများသောက်ခြင်း၊  အကိုက်အခဲတွေ၊ အဖျားတွေသက်သာအောင် ပါရာစီတမောဆေးသောက်ခြင်းနဲ့ ရင်ချောင်ဆေးတွေ သုံးနိုင်တယ်လို့လည်း ထပ်လောင်း ရေးသားထားပါတယ်။

အစိုးရကတော့ မိမိရဲ့ ဂျီပီ ဆရာဝန်နဲ့ တွေ့ဆုံရင် ဆရာဝန်က ရောဂါလက္ခဏာကို အနီးကပ်စစ်ဆေးနိုင်သလို နှာခေါင်းကို ဂွမ်းတံနဲ့တို့ပြီး ရောဂါစစ်ဆေးတာမျိုးလည်း လုပ်နိုင်တယ်လို့ ပြောပါတယ်။ 

သွေးစစ်ဆေးမှုကနေလည်း တုတ်ကွေးရောဂါ ဟုတ်မဟုတ် ဆိုတာကို စမ်းသပ်သိရှိနိုင်ပါတယ်။

တုတ်ကွေးရောဂါနဲ့ ပြင်းထန်မှု 

တုတ်ကွေးရောဂါ ခံစားရသူအနေနဲ့ အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေအပြင် ချမ်းတုန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။   ကလေးငယ်တွေမှာတော့ အော့အန်ခြင်းနဲ့ ဝမ်းသွားခြင်းတွေ အဖြစ်များပါတယ်။ and 

ဆေးရုံတက်ရတဲ့အဆင့် ရောက်ရှိဖို့ အလားအလာများသူတွေက

  • ကလေးငယ်များ
  • အသက် ၆၅ နှစ်နဲ့ အထက် ရှိသူများ 
  • Aboriginal နဲ့ Torres Strait Islanders ဌာနေတိုင်းရင်းသားများ 
  • ကိုယ်ဝန်သည် အမျိုးသမီးများ 
  • နာတာရှည် ရောဂါသည်များ 
  • အဝလွန်ကဲ့သူများ 
  • ဆေးလိပ်သောက်သူများ
  • ကာကွယ်ဆေး မထိုးထားသူများတို့ ဖြစ်ကြပါတယ်။

တုတ်ကွေးရောဂါဟာ တစ်ဦးကို တစ်ဦး ကူးစက်နိုင်ပါတယ်။  ရောဂါကူးစက်ခံရပြီး ၁ ရက်ကနေ ၃ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပြလာနိုင်ပြီး ဆိုးဝါးမှုအခြေအနေကတော့ တစ်ဦးနဲ့တစ်ဦး တူညီမှု မရှိပါဘူး။ 

တုတ်ကွေးရောဂါကြောင့် 

  • Bronchitis ချောင်းဆိုးရင်ကြပ်နာခြင်း
  • Croup သူငယ်နာချောင်းဆိုးခြင်း
  • နြူမိုးနီးယား အဆုတ်ရောင်ရောဂါ
  • နားနာခြင်း
  • နှလုံးနှင့် တခြားအရာများ ပျက်စီးခြင်း 
  • ဦးနှောက်ရောင်ခြင်းနှင့် ဦးနှောက်ပျက်စီးခြင်းနဲ့ 
  • သေဆုံးမှုအထိ ဖြစ်စေနိုင်ပါတယ်။

ရောဂါအခြေအနေဆိုးဝါးရင် ရေရှည်မှာ 

  • နှလုံးရောဂါ
  • Down syndrome
  • အဆုတ်ရောဂါ
  • အာရုံကြောဆိုင်ရာ ရောဂါ (ဥပမာ multiple sclerosis)
  • အသဲရောဂါ
  • ကြောက်ကပ်ရောဂါ
  • ဆီးချိုရောဂါ
  • သွေးရောဂါ
  • ဇီဝတွင်းမူမမှန်မှုတွေ ဖြစ်နိုင်ပါတယ်။

ကူးစက်ပျံ့နှံ့ခြင်း 

တုတ်ကွေးရောဂါက မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း၊ ကလေးထိန်းစင်တာနဲ့ စာသင်ကျောင်းတွေကတဆင့် ကူးစက်နိုင်ပါတယ်။

Centers for Disease Control and Prevention ရဲ့ အဆိုအရ ရောဂါရှိနေသူဟာ သူနဲ့ ၆ ပေအကွာမှာ နေတဲ့လူကိုပါ ကူးစက်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ကူးစက်မှု ဖြစ်နိုင်တဲ့ အနေအထားများက  

  • ရောဂါရှိသူ ချောင်းဆိုး နှာချေတဲ့အခါ ထွက်လာတဲ့ အမှုန်တွေကို ရှူရှိက်မိခြင်း 
  • ရောဂါရှိနေတဲ့ မျက်နှာပြင်နေရာကို ထိမိကိုင်မိရာက လက်မဆေးပဲ မိမိရဲ့ ပါးစပ်၊ မျက်လုံးနဲ့ နှာခေါင်းတွေကို ကိုင်မိရာက ကူးစက်သွားနိုင်ပါတယ်။

ကာကွယ်ခြင်း 

ရောဂါကနေ မကူးစက်အောင်၊ ကူးစက်ခံရရင်လည်း အခြေအနေ မဆိုးအောင် အကောင်းဆုံး လုပ်ဆောင်နိုင်တဲ့ နည်းလမ်းကတော့ ကာကွယ်ဆေးထိုးခြင်း ဖြစ်ပါတယ်။

တုတ်ကွေးရောဂါ အမျိုးအစားတွေက တစ်နှစ်နဲ့ တစ်နှစ် မတူညီကြတဲ့အတွက်  နှစ်စဥ်အလိုက် ကိုက်ညီတဲ့ တုတ်ကွေးရောဂါ ကာကွယ်ဆေးကို နှစ်စဥ် ထိုးသင့်တယ်လို့ ပြောပါတယ်။

တုတ်ကွေးရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့ တခြားနည်းလမ်းတွေကတော့ 

  • နေထိုင်မကောင်းဖြစ်တဲ့အခါ ကလေးထိန်းစင်တာ၊ စာသင်ကျောင်း၊ အလုပ်၊ စျေးဆိုင် စတဲ့ နေရာတွေကို သွားလာမှု ရှောင်ရှားခြင်း ဖြစ်ပါတယ်။ 
  • ချောင်းဆိုး နှာချေတဲ့အခါ ဖုန်းအုတ်ထားခြင်းနဲ့ 
  • လက်ကို မကြာခဏ ဆေးကြောခြင်းတို့ ဖြစ်ပါတယ်။

အခု ဖော်ပြချက်တွေဟာ အထွေထွေ ဖော်ပြချက်တွေဖြစ်ပြီး လက်ရှိ ဩစတြေးလျနိုင်ငံရဲ့ ကျန်းမာရေးဌာနနဲ့ တခြား ကျန်းမာရေးဌာနတို့ရဲ့ အကြံပြုချက်အပေါ် အခြေခံထားတာဖြစ်ပါတယ်။ 

အသေးစိတ်အချက်အလက်တွေကို မိမိရဲ့ ဂျီပီဆရာဝန်နဲ့ တိုက်ပင်ပါ။

COVID-19 ဆိုင်ရာ အချက်အလက်တွေကို သင့်ဘာသာစကားနဲ့ SBS ရဲ့ Coronavirus portal မှာ ဖတ်ရှု နားဆင် လေ့လာနိုင်ပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now