Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

ရုရှား-ယူကရိန်းကိစ္စမှာ အိန္ဒိယက ဘာကြောင့် တရုတ်လို ပြစ်တင်ကဲ့ရဲ့မှု မခံရတာလဲ

ယူကရိန်းနိုင်ငံထဲကို ရုရှားက ၀င်ရောက် တိုက်ခိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လာရင် တရုတ်နိုင်ငံကို အနောက်တိုင်းနိုင်ငံတွေက ပြစ်တင်မှုလုပ်ပေမယ့် အိန္ဒိယနိုင်ငံကတော့ အနောက်နိုင်ငံတွေရဲ့ ပြစ်တင်မှုကို ရှောင်းရှားနိုင်ခဲ့ပါတယ်။

In this Oct. 16, 2016, file photo, Indian Prime Minister Narendra Modi, front and Chinese President Xi Jinping shake hands with leaders at the BRICS summit in Goa, India. Tensions along the China-India border high in the Himalayas have flared again in rec

Indian Prime Minister Narendra Modi, front and Chinese President Xi Jinping. Source: AAP Image/AP Photo/Manish Swarup

ရုရှားသမ္မတ Vladimir Putin က ယူကရိန်းနိုင်ငံထဲကို အထူးစစ်ဆင်ရေး special military operation အနေနဲ့ ၀င်ရောက်တိုက်ခိုက်မှုလုပ်ပြီး ၇ ရက်အကြာမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ နယူးယောက်မြို့မှာ အရေးပေါ် ညီလာခံတစ်ရပ် ကျင်းပခဲ့ပြီး အဖွဲ့၀င်နိုင်ငံတွေရဲ့ သဘောထားတွေ ရယူခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ဖြေရှင်းချက်ကို နိုင်ငံပေါင်း ၁၄၁ နိုင်ငံက အတည်ပြုပေးကြပေမယ့် Russia, Belarus, North Korea, Eritrea နဲ့ Syria ငါးနိုင်ငံတို့က ဆန့်ကျင်မှု လုပ်ခဲ့ပါတယ်။ ၃၈ နိုင်ငံကတော့ မဲပေးမှုမလုပ်ခဲ့ကြပါဘူး။ မဲမပေးတဲ့ နိုင်ငံတွေထဲမှာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတို့ ပါ၀င်ပါတယ်။

အိန္ဒိယသံအမတ်က အဲဒီလို ကြားနေရတာကတော့ နိုင်ငံတကာ ဥပဒေနဲ့ နိုင်ငံတွေရဲ့ နယ်မြေပိုင်ဆိုင်မှုကို လေးစားတဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။ 

အဲဒီလို ပြောဆိုမှုကို ရုရှားက ချီးကျူးလိုက်ပြီး အိန္ဒိယရဲ့ ရပ်တည်ချက်က သီးသန့်လွတ်လပ်မှုရှိပြီး မျှတတယ်လို့ ပြောပါတယ်။

ကြားနေတာခြင်းအတူတူ အနောက်တိုင်းနိုင်ငံတွေက တရုတ်နိုင်ငံကို ပြောင်ပြောင်တင်းတင်း ပြစ်တင်ကဲ့ရဲ့ကြပြီး တရုတ်ရဲ့ ရုရှားအပေါ် ထောက်ခံမှုကို အနီးကပ် စောင့်ကြည့်နေတယ်လို့ နေတိုးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ရုရှားကို ပြစ်တင်ဖို့ ပျက်ကွယ်တာကို ကြည့်ခြင်းအားဖြင့် ကမ္ဘာအနေနဲ့ သတိထားရမှာ ဖြစ်တယ်လို့ ဩစတြေးလျနိုင်ငံ ကာကွယ်ရေး၀န်ကြီး Peter Dutton က ပြောပါတယ်။

Lowy Institute က Teesta Prakash  ကတော့ တရုတ်ကို ပြစ်တင်မှုလုပ်ပေမယ့် အိန္ဒိယကို ပြစ်တင်ဖို့ နေနေသာသာ ဩစတြေးလျ အနေနဲ့ ဩစတြေးလျ-အိန္ဒိယ ဆက်ဆံရေးစင်တာ အသစ်တောင် တည်ေထာင်တဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီး Marise Payne က ကြေညာခဲ့တယ်လို့ ထောက်ပြပါတယ်။

အိန္ဒိယရဲ့ နှုတ်ဆိတ်မှုက အံ့သြစရာတော့မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ 

၂၀၂၁ ပြည့်နှစ်တုန်းက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတုန်းကလည်း အိန္ဒိယက နှုတ်ပိတ်နေခဲ့ပါတယ်။ အကြောင်းရင်းကတော့ အိန္ဒိယဟာ ဘက်မလိုက်ရေးမူကို ကျင့်သုံးတဲ့အတွက် ဖြစ်ပါတယ်။ ဒီလို ကိစ္စတွေကို သူက ပြည်တွင်းရေးကိစ္စလို့သာ မြင်တဲ့အတွက် ဖြစ်ပြီး အဲဒီလို လုပ်ရပ်တွေအပေါ် မှတ်ချက်ပြုလေ့မရှိပါဘူး။ အိန္ဒိယဟာ ဒီမိုကရေစီနိုင်ငံ (လူဦးရေအချိုးအစားနဲ့ကြည့်ရင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ) ဖြစ်ပေမယ့် ဒီမိုကရေစီစနစ် ထွန်းကားအောင် လုပ်ဆောင်တဲ့အထဲတော့ မပါဘူးလို့ ထောက်ပြထားပါတယ်။  

 

ဒါပေမဲ့ ယူကရိန်း-ရုရှားအရေးမှာ ဘက်မလိုက်ရေးမူထက် ပိုတဲ့အတွက် ၀န်ကြီးချုပ် Narendra Modi က ရုရှားကို ရှတ်ချတာမျိုး မလုပ်တာလို့ ပါေမောက္ခ Prakash က ပြောပါတယ်။ 

အဲလို ဖြစ်နေရတာကတော့ အိန္ဒိယဟာ ရုရှားနဲ့ အရေးကြီးတဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးရှိနေတဲ့အတွက် ဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံ ကာကွယ်ရေးတပ်က အသုံးပြုတဲ့ hardware တွေဟာ ရုရှားနိုင်ငံက ဖြစ်ပါတယ်။ အိန္ဒိယအနေနဲ့ တရုတ်ကို အာခံမှု လုပ်ချင်ရင် (အနောက်တိုင်းလိုချင်တဲ့အတိုင်း လုပ်ပေးမယ်ဆိုရင်) ရုရှားရဲ့ ပံ့ပိုးမှုကို အိန္ဒိယက လိုအပ်တဲ့အတွက် ရုရှားကို ပြစ်တင်မှုမလုပ်တာလို့ ပြောပါတယ်။ 

အဲဒီလို သုံးသပ်ချက်ကို ဩစတြေးလျံ အမျိုးသားတက္ကသိုလ်  International Security & Intelligence Studies ရဲ့ ပါမောက္ခ 

 John Blaxland က သဘောတူပါတယ်။

တရုတ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ရဲ့ လုံခြုံရေး စိန်ခေါ်မှုနဲ့ ပတ်သက်လာရင် ရုရှားနိုင်ငံက  အိန္ဒိယအတွက် အင်မတန်ကို အသုံး၀င်တဲ့ နိုင်ငံဖြစ်ပါတယ်။ ရုရှားကတော့ အိန္ဒိယက သူတို့ကို ထောက်ခံတယ်လို့ မြင်ချိန်မှာ တချို့က ကြားနေတာလို့ မြင်ပေမယ့် တချို့ကလည်း အိန္ဒိယက ဗျူဟာအရ ထောက်ခံမှု လုပ်တာလို့ မြင်ကြပါတယ်။  

Soviet Union (နောက်ပိုင်း ရုရှားနိုင်ငံဖြစ်လာ) ဟာ ပါကစ္စတန်နဲ့ ဖြစ်တဲ့ ကက်စ်မီးယား ပဋိပက္ခမှာ အိန္ဒိယဖက်ကနေ အများကြီး ရပ်တည်ကူညီခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ၀င်ရောက်စွက်ဖက်မှုလုပ်ဖို့ ၁၉၅၇ မှာ တစ်ကြိမ် ၁၉၆၂ ခုနှစ်နဲ့ ၁၉၇၁ ခုနှစ်မှာ တစ်ကြိမ် ဆုံးဖြတ်ချက် ချခဲ့ပေမယ့် ရုရှားက ဗစ်တို အာဏာသုံးပြီး ၃ ကြိမ်စလုံး ပယ်ချခဲ့ပါတယ်။ ရုရှားရဲ့ ရပ်တည်ပေးမှုကြောင့် အိန္ဒိယနိုင်ငံမှာဆိုရင် Indians and Russians are brothers အိန္ဒိယနဲ့ ရုရှားဟာ ညီအစ်ကိုတွေဖြစ်တယ်ဆိုပြီးလို့တောင် အိန္ဒိယမှာ ကျွေးကျော်မှု လုပ်ကြပါတယ်။ 

တရုတ်နဲ့ ရုရှားကို နှိုင်းလို့မရဘူးလို့ ပါမောက္ခ Blaxland က ဆိုပါတယ်။ 

ရုရှားသမ္မတ ပူတင်းဟာ ယူကရိန်းအရေးမှာ တရုတ်ရဲ့ ထောက်ခံမှုရဖို့ တရိုတ်နိုင်ငံအထိ သွားရောက်မှု လုပ်ခဲ့ပေမယ့် အိန္ဒိယကိုတော့ မသွားခဲ့ပါဘူး။ 

တရုတ်ကို ပြစ်တင်မှုလုပ်ကြပေမယ့် အိန္ဒိယကို အပြစ်မတင်ကြတဲ့အကြောင်းရင်း တစ်ခုကတော့ အင်ဒို-ပစိဖိတ် ဒေသရဲ့ ဗျူဟာကြောင့် ဖြစ်မယ်လို့ ပါမောက္ခ  Prakash က သုံးသပ်ထားပါတယ်။

အိန္ဒိယအနေနဲ့ တရုတ်ရှေ့မှာ မားမားမတ်မတ် ရပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဩစတြေးလျ၊ အမေရိကန်နဲ့ ဂျပန်အတွက်လည်း အလားတူ ဖြစ်ပါတယ်။ တရုတ်ရှေ့မှာ မားမားမတ်မတ် ရပ်နိုင်ဖို့အတွက် အိန္ဒိယက ရုရှားဆီက လက်နက်တွေ လိုအပ်ပါတယ်။ အဲဒါကို အနောက်တိုင်းနိုင်ငံတွေက နားလည်သဘောပေါက်ကြတဲ့အတွက် အိန္ဒိယကို ရှုတ်ချမှု မလုပ်ကြတာပါ။ ရုရှားနဲ့ တရုတ် ဆက်ဆံရေး ခိုင်မာရင်တော့ အင်ဒို-ပစိဖိတ်မှာ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြတယ်လို့ ပြောပါတယ်။

အမေရိကန်၊ ဩစတြေးလျနဲ့ ဂျပန်နိုင်ငံတို့က အိန္ဒိယကို ဖိအားပေးချင်ကြပေမယ့် တအားပြောင်ပြောင်တင်းတင်း လုပ်လိုက်ရင် အဆိုးတွေဖြစ်လာနိုင်တဲ့အတွက် မလုပ်ပဲ တိုးတိုးတိတ်တိတ်သာ ဖိအားပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။


2 min read

Published

Updated



Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now