Rapid Antigen Test ကို ဘယ်လို မှန်ကန်စွာ သုံးမလဲ

သြစတြေးလျနိုင်ငံ တခွင်မှာ ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စမ်းသပ်ရာမှာ အရင်တုန်းက PCR နည်းကို အသုံးပြုခဲ့ကြပေမယ့် အခုဆိုရင် မိမိဖာသာ အမြန်စစ်ဆေးလို့ရတဲ့ rapid antigen test နဲ့ အစားထိုးလာကြပြီ ဖြစ်ပါတယ်။ SBS ကနေ ဘယ်လို လုပ်ဆောင်နိုင်သလဲဆိုတာကို သင့်ဘာသာစကားနဲ့ ရှင်းပြထားပါတယ်။

A man holds a negative rapid antigen coronavirus test.

A man holds a negative rapid antigen coronavirus test. Source: AP

Rapid Antigen Test ဒါမှမဟုတ် RAT တွေကို ကိုဗစ်-၁၉ ကူးစက်ခံရခြင်း ရှိမရှိဆိုတာ မိမိဖာသာ အိမ်မှာ စစ်ဆေးလို့ရတဲ့ စမ်းသပ်ရေးကိရိယာအဖြစ် လူသိများလာကြပါတယ်။

ပြည်နယ်အစိုးရတချို့ကလည်း ကိုဗစ်-၁၉ လက္ခဏာ ပြသူတွေ ဒါမှမဟုတ် ရောဂါရှိသူနဲ့ ထိတွေ့မှု ရှိသူတွေ အိမ်မှာပဲ

မိမိဖာသာ RAT စမ်းသပ်မှုတွေ လုပ်ဖို့ တိုက်တွန်းထားပါတယ်။

ရောဂါရှိကြောင်း ပြသရင်လည်း ပိုသေခြာအောင် PCR စစ်ဆေးရေးစင်တာ သွားစရာမလိုပဲ မိမိကူးစက်ကြောင်းကို အစိုးရတွေ သတ်မှတ်ပေးထားတဲ့ အွန်လိုင်းဖောင်ဖြည့်စွက်ပြီး အသိပေးနိုင်ပါတယ်။

အခုဆိုရင် စာသင်ကျောင်းတွေမှာဆိုရင်လည်း ပြည်နယ်တချို့မှာ တစ်ပတ်မှာ ၂ ကြိမ် ရောဂါရှိမရှိ စစ်ဆေးကြရမှာ ဖြစ်ပြီး ကျောင်းသားမိဘတွေက မိမိရဲ့ သား၊ သမီးတွေကို ကိုယ်တိုင် စမ်းသပ်စစ်ဆေးမှု လုပ်ပေးရမှာဖြစ်လို့ နည်းလမ်းမှန်ကန်စွာ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

အောက်ပါ အဆင့်တွေကတော့ rapid antigen test ကို မှန်ကန်စွာ လုပ်ဆောင်ဖို့အတွက် ပြသထားတဲ့ လမ်းညွန်ချက် ဖြစ်ပါတယ်။

အဆင့် ၁ – နမူနာ ရယူခြင်း

Step 1 - Take a sample
Step 1 - Take a sample Source: SBS

အဆင့် ၂ – နမူနာကို ထုတ်ယူခြင်း

 Step 2 – Extract the sample
Step 2 – Extract the sample Source: SBS

အဆင့် ၃ – နမူနာကို စမ်းသပ်ခြင်း

Step 3 – Test the sample
Step 3 – Test the sample Source: SBS

အဆင့် ၄– အဖြေကို စောင့်ကြည့်ဖတ်ရှုခြင်း

Step 4 – Read your results
Step 4 – Read your results Source: SBS

အကယ်လို့ သင့်မှာ ကိုဗစ်-၁၉ ကူးစက်ကြောင်း ပြသရင် သင့်ရဲ့ ရလာဒ်ကို ဆိုင်ရာ ပြည်နယ်နဲ့ ဒေသရဲ့ ကျန်းမာရေးဌာနကို အသိပေးရမယ်လို့ ပြည်နယ်နဲ့ အထူးဒေသတချို့မှာ ညွန်ကြားထားပါတယ်။

ကိုဗစ်၁၉  ကပ်ရောဂါနဲ့ ပတ်သက်ပြီး ဒေသအလိုက် ဘယ်လို ကိုင်တွယ်လုပ်ဆောင်နေသလဲ ဆိုတာကို သင့်ဘာသာစကားနဲ့ ဒီနေရာမှာ လေ့လာပါ။


ပြည်နယ်တချို့မှာ မိမိဖာသာ ရောဂါရှိမရှိ RAT စစ်ဆေးပြီး ရောဂါရှိကြောင်း မှတ်ပုံတင်နိုင်အောင် အွန်လိုင်းဖောင်တွေကို အောက်ပါလင့်ခ်တွေမှာ လုပ်ဆောင်ပေးထားပါတယ်။

ပြည်နယ်အလိုက် ကွာရန်တင်းနဲ့ အခြား စည်းမျဉ်းများ

သင်နေထိုင်ရာ ပြည်နယ် ဒါမှမဟုတ် ဒေသအပေါ် မူတည်ပြီး ဘာတွေ လုပ်နိုင်တယ်၊ ဘာတွေ လုပ်ခွင့်မရှိဘူးလည်း ဆိုတာနဲ့ပတ်သက်ပြီး လေ့လာပါ။

ခရီးသွားလာခြင်း

နိုင်ငံတကာ ခရီးသွားလာသူများနဲ့ ကိုဗစ်-၁၉ ဆိုင်ရာအချက်အလက်နဲ့ ခရီးသွားခြင်းဆိုင်ရာ အချက်အလက်တွေကို သင့်ဘာသာစကားနဲ့ လေ့လာနိုင်ပါတယ်။

ငွေရေးကြေးရေး အကူအညီ

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးတဲ့နှုန်း ၇၀% နဲ့ ၈၀% ပြည့်တာနဲ့

COVID-19 Disaster Payment မှာ အပြောင်းအလဲတွေ ရှိပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်းငွေရေးကြေးရေးဆိုင်ရာ အကူအညီတွေနဲ့ ဆက်စပ်ပြီး သင့်ဘာသာစကားနဲ့ Services Australia မှာ လေ့လာနိုင်ပါတယ်။

  • ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းနဲ့ အချက်အလက်တွေကို ဘာသာစကား အမျိုးအစားပေါင်း ၆၀ ကျော်နဲ့ https://www.sbs.com.au/language/coronavirus မှာ လေ့လာနိုင်ပါတယ်။
  • သင်နေထိုင်ရာ ပြည်နယ် သို့မဟုတ် ဒေသဆိုင်ရာ လမ်းညွန်ချက်နဲ့ ဆက်စပ်ပြီး လေ့လာရန် -NSW,Victoria,Queensland,Western Australia,South Australia,Northern Territory,ACT,Tasmania.
  • COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးသင့်ဘာသာစကားဖြင့်လေ့လာနိုင်ပါတယ်။

 

NSW Multicultural Health Communication Service ကနေ ဘာသာပြန်ထားတဲ့ အချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

COVID-19 Vaccination Glossary

Appointment Reminder Tool.

ပြည်နယ်နဲ့ ဒေသဆိုင်ရာ ရောဂါစစ်ဆေးရေးဌာနများအတွက် -

NSW

Victoria

Queensland

South Australia

ACT

Western Australia

Tasmania

Northern Territory


Share

2 min read

Published




Share this with family and friends


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now