SKIP TO MAIN CONTENT

NSW မှာပိတ်ချကန့်သတ်မှုတွေ ပိုမိုတင်းကျပ်ဖို့ ကာကွယ်ရေးဌာနကိုအကူအညီတောင်း

နယူးဆော့သ်ဝေးမှာ ကိုဗစ်-၁၉ ကူးစက်သူ ၂၃၉ဦးတိုးလာပြီး လူ၂ဦးထပ်မံသေဆုံးရတဲ့နောက် ပိတ်ချကန့်သတ်မှု စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်လုပ်ဆောင်တဲ့အနေနဲ့ ရဲတပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်သားတွေ ပိုမိုပေးပို့ချထားဖို့ ပြည်နယ်ရဲမှူးကြီးက ဗဟိုအစိုးရကို တောင်းဆိုလိုက်ပါတယ်။

NSW Police patrol George Street in Sydney's CBD on Tuesday, 20 July, 2021.
NSW Police patrol George Street in Sydney's CBD on Tuesday, 20 July, 2021. Source: AAP

1 min read

Published

Updated

By Rashida Yosufzai

Presented by Shah Paung



Skip to article content

Greater Sydney ဒေသအတွင်းမှာနေထိုင်သူတွေ ပိတ်ချကန့်သတ်မှု စည်းမျဉ်းစည်းကမ်းနဲ့ အညီ လိုက်နာနေထိုင်ကြောင်း သေချာစေဖို့အတွက် ကာကွယ်ရေးတပ်သား အယောက် ၃၀၀ ချထားပေးဖို့ နယူးဆော့သ်ဝေးပြည်နယ်ရဲမှူးကြီးက ဗဟိုအစိုးရကိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး Peter Dutton က အခုတောင်းဆိုမှုကို လက်ခံကြောင်း အတည်ပြုခဲ့ပါတယ်။

"ကိုဗစ်-၁၉ တင်းကျပ်မှုတွေလိုက်နာဆောင်ဖို့အတွက် NSW အာဏာပိုင်တွေကူညီတဲ့အနေနဲ့ လာမယ့်ရက်တွေအတွင်းမှာ စစ်သားအယောက် ၃၀၀ အထိ ချထားမယ်လို့" ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

Cumberland City Council mayor Steve Christou
Cumberland City Council mayor Steve Christou Source: SBS News

သြဂုတ်လ ၂ရက် တနင်္လာနေ့မှာ နယူးဆော့သ်ဝေးရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့အညီ လုပ်ဆောင်နိုင်ဖို့ ဇူလိုင်လ ၃၀ရက် သောကြာနေ့မှာ ကာကွယ်ရေးတပ်သားတွေကို သင်တန်းပေးသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုလုပ်ဆောင်မယ်ဆိုရင် ဆစ်ဒနီမြို့ အနောက်တောင်ဘက်ခြမ်း လူမှုအသိုင်းအဝိုင်းတွေက လမ်းပေါ်မှာ စစ်သားတွေချထားတဲ့မြင်ကွင်းကြောင့် စိတ်ဓာတ်ကျအားငယ်မှုတွေဖြစ်မှာကို စိုးရိမ်တယ်လို့ Cumberland ကောင်စီမြို့တော်ဝန်က ပြောပါတယ်။


Follow SBS Burmese

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now